Japan Expo Media Press

၈ ကြိမ်မြောက် Japan Expo ပွဲကြီးရဲ့သတင်းစာရှင်းလင်းပွဲကိုတော့ Summit Parkview Hotel  မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အထူးဧည့်သည်တော်များနဲ့ မီဒီယာများက တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားအစီအစဥ်အရ တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ကျွေးမွေးခြင်းအစီအစဥ်နဲ့ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။

အခမ်းအနားအစီအစဥ်အဖွင့်အနေနဲ့ ပြပွဲ Organizer Myanmar Promotional Services Co.,ltd မှ Managing Director Dr. ဇာနည်မောင်မောင် မှ ပွဲပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်နဲ့ ပက်သပ်ပြီးမိန့်ခွန်းပြောကြားခဲ့ပါတယ်။

” ဒီကုန်စည်ပြပွဲကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်စည်ပြပွဲတွေပြုလုပ်တဲ့ Trade Fair တွေက အထူးပဲအရေးကြီးပါတယ်။ ဒါကြောင့် ကမ္ဘာနိုင်ငံအသီးသီးမှာ အထူးအနေနဲ့ ဒီလိုကုန်စည်ပြပွဲတွေကို အထူးပံ့ပိုးပေးပါတယ်။ ဥပမာ ဒီနိုင်ငံကနေ တခြားနိုင်ငံတစ်ခုမှာ ကုန်စည်ပြပွဲသွားပြမယ့်သူတွေကို Visa၊ လိုအပ်မယ့်အချက်အလက်တွေကိုစုံစမ်းပေးခြင်း၊ ငွေကြေးဆိုင်ရာပံ့ပိုးပေးခြင်း တွေကိုပြုလုပ်ပေးမှ ကိုယ့်နိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်က သူများနိုင်ငံမှာသွားချိတ်ဆက်အခြေစိုက်ပြီး လုပ်ငန်းခွဲတွေ အလားတူ ပြည်တွင်းမှာလည်း တိုင်းနဲ့ပြည်နယ်တစ်ခုနဲ့တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ကုန်စည်တွေဖလှယ်ဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမ်းကတော့ Trade Fair ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ Trade Fair တွေပြုလုပ်ခြင်းအားဖြင့် သက်ဆိုင်တဲ့လုပ်ငန်းရှင်တွေအသီးသီးကလည်း တိုက်ရိုက်လာရောက်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ဒီလိုတိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရတာကြောင့်တိုင်းနဲ့ပြည်နယ်၊ ဒီနိုင်ငံမှာအခြေချဖို့သင့်မသင့်ကို ပထမဆုံးအသက်သာဆုံးနည်းလမ်းနဲ့စမ်းသပ်ခွင့် ရရှိမှာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြပွဲတွေသာမရှိဘူးဆိုရင် သင့်မသင့်ဆိုတာကိုမသိရဘဲ အလားအလာရှိခြင်းမရှိခြင်းကိုလည်း သိရမှာမဟုတ်ပါဘူး။ ဒါအပြင်လိုအပ်တာတွေကို ရှာဖွေပြီး လုပ်ငန်းရှင်တွေကို လိုက်လံတွေ့ဆုံးပြီး ဆွေးနွေးရတာကြောင့် ကုန်ကျစရိတ်တွေဟာလည်း ပြပွဲလောက်ထိရောက်မှုမရှိဘူးဆိုတာကိုတွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာနိုင်ငံအသီးသီးမှာဒီလိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကုန်စည်ပြပွဲတွေကို အထူးအားပေးတာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားမှာ ကုန်စည်ပြပွဲတွေက အထူးပဲအောင်မြင်နေတာကိုတွေ့ရပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Trade Fair တွေမှာ ဆိုင်ခန်းပေါင်း ထောင်ဂဏန်းကနေ သောင်းဂဏန်းထိရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလို Trade Fair တွေပေါ်ပေါက်လာခြင်းအားဖြင့် နိုင်ငံအတွက်စီးပွားရေးအခွင့်အလမ်းတွေ တိုးတက်လာဖို့ရည်ရွယ်ပြီး ဒီလိုပြပွဲတွေကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။ Japo Expo ပွဲကို တစ်နှစ်အတွင်း ရန်ကုန်မှာတစ်ကြိမ်၊ မန္တလေးမှာတစ်ကြိမ် ၊ ( ၂ )ကြိမ်အကြမ်းဖျဥ်းကျင်းပပြုလုပ်ပါတယ်။ ပြပွဲတွေအသီးသီးမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးဖွံ့ဖြို့တိုးတက်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ တစိုက်မတ်မတ်ကြိုးစားပြီး ရပ်တည်လာခဲ့ပါတယ်။ ယခုကျင်းပမယ့် Japan Expo ပွဲကြီးကိုတော့ ၂၀၁၂ ခုနှစ်ကနေစတင်ပြီး JETRO ရဲ့ အဓိကပံ့ပိုးမှုနဲ့ကျင်းပလာခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ နှစ်စဥ်နှစ်တိုင်း JETRO နဲ့အတူ ဂျပန်သံရုံးကလည်း ပံ့ပိုးပေးပါတယ်။ ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဂျပန်ကထိပ်ဆုံးဖြစ်နေတာကိုတွေ့ရှိခဲ့ရပြီး ဂျပန်လုပ်ငန်းတွေအများအပြားက Japo Expo ကနေ ဝင်ရောက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလိုပြပွဲတွေကျင်းပတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ဒီအခက်အခဲတွေကိုလည်း သက်ဆိုင်ရာတွေကို သိရှိစေချင်ပါတယ်။ အဓိက အခက်အခဲကတော့ ခန်းမ အခက်အခဲဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာ ကြည့်လိုက်ရင်တပ်မတော်ခန်းမတစ်ခုတည်း အစိုးရပိုင်တာဖြစ်ပြီး တခြားပြရမယ့်နေရာဘယ်မှာမှမရှိပါဘူး။ နယ်တွေမှာဆိုရင်လည်း နေပြည်တော်မှာဆိုရင် ပြပွဲပြရမယ့်နေရာမရှိပါဘူး။ ဒါ့ကြောင့် ခန်းမကြီးတွေကို လိုအပ်နေကြောင်း ” ကိုလည်း ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲရဲ့ထူးခြားချက်ကတော့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်နေတဲ့ DICA ကနေ နေ့စဥ်လာရောက်ဆွေးနွေးပေးမှာဖြစ်ပါတယ်။ ဂျပန်လုပ်ငန်းရှင်တွေက ရုံးခန်းကိုတိုက်ရိုက်လာရောက်ပြီး လိုအပ်တဲ့အချက်အလက်စာရွက်စာတန်းတွေကို ဆွေနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ နှစ်စဥ်နှစ်တိုင်း ထည့်သွင်းကျင်းပလျက်ရှိတဲ့ ဂျပန်သီချင်းပြိုင်ပွဲကြီးကိုကျင်းပပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဂျပန်သီချင်းကို ရွေးချယ်ရခြင်းအကြောင်းအရင်းကတော့ ဂျပန်ယဥ်ကျေးမှုကိုဖလှယ်ခြင်းနဲ့ ဂျပန်စာကိုသင်ယူလေ့လာနေတဲ့သူတွေအတွက် အထောက်အကူပြုလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။ ဒီသီချင်းပြိုင်ပွဲကို ဒိုင်လူကြီးမင်းများအနေနဲ့ Japan Foundation မှသက်ဆိုင်သူတွေနဲ့ စန္ဒယားဦးလှထွဋ်ရဲ့သားဖြစ်သူကနေ လာရောက်အကဲဖြတ်ပေးသွားမှာဖြစ်ပါတယ်။

Cosplay ပြိုင်ပွဲကြီးကိုလည်း အခမဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ Siam Dream အဖွဲ့ကိုလည်း ဖိတ်ခေါ်ထားတာကြောင့် အတူပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

နောက်အစီအစဥ်အနေနဲ့ ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်း (JETRO) မှ Deputy Managing Director U Kun Thu Rein မှလည်း အမှာစကားပြောကြားသွားခဲ့ပါတယ်။

Myanmar Promotional Services (MPS) Co.,Ltd မှ စီစဥ်ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် Japan Expo Yangon 2019 ပွဲတော်ကြီးကို နိုဝင်ဘာလ (၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ) မနက် ၉ နာရီ မှ  ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အမျိုးစားစုံလင်တဲ့ ဂျပန်ထုတ်ကုန်တွေ၊ လုပ်ငန်းနဲ့ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေကို တနေရာထဲမှာ စုံစုံလင်လင်တွေ့ရဖို့ မလွတ်တမ်းလာရောက်ခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

https://www.facebook.com/events/2388773671344870/

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: