5km/h (၁နာရီ/၃ မိုင်) ပဲ ပြေးနိုင်တဲ့ယာဥ်အသစ် ထွက်ပေါ်လာပါပြီ။ စီးလို့ရမယ်ဆိုရင် ဘယ်လိုသုံးကြမလဲ?

ယာဥ်လို့ပြောလိုက်တာနဲ့ ဘယ်သူ့ထက်မဆိုမြန်တဲ့၊ ဘယ်သူ့ထက်မဆို များတဲ့ ပစ္စည်းတွေသယ်လို့ရတဲ့ ယာဥ်ကို လိုချင်ကြတာ ထုံးစံပါပဲ

စီးလို့ကောင်းတာလည်း ကြိုက်ကြပေမယ့်၊ speed ရော ပစ္စည်းပမာဏအများကြီးပါ တင်လို့ရင်ကတော့ မရှိမဖြစ်အရာပဲပေါ့

ဒါပေမယ့် ဒီလိုအရာတွေကို လျစ်လျူရှုထားတဲ့ ယာဥ်တစ်ခု တီထွင်လိုက်ပါပြီ

 

5km/h ရှိတဲ့ယာဥ်ကိုသာ ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ဘယ်မှာသုံးမလဲ?

 

ဒီယာဥ်ပဲဖြစ်ပါတယ်

https://www.itmedia.co.jp/business/articles/2202/26/news060.html

 

အမြန်ဆုံးနှုန်းက 5km/h (၁နာရီ/၃ မိုင်) ပဲရှိတာပါ

ကားမောင်းသလို မောင်းရပေမယ့်၊ ဒီနှုန်းနဲ့ကတော့ လမ်းလျှောက်ရင်းတောင် ရှောင်လိုက်လို့ရပါတယ်

ဒီနှုန်းကတော့ ပြောရရင် လမ်းလျှောက်နေသလောက်ပါပဲ

 

Iino လို့ခေါ်တဲ့ ယာဥ်လေးပါ

လက်တွေ့စမ်းသပ်လိုက်တဲ့အခါ ဖြည်းဖြည်းလေးသွားရင်း ကားပေါ်မှာ အမျိုးမျိုးလုပ်လို့ရပုံပါပဲ

 

ရွေ့နေတဲ့ လက်ဖက်ရည်ဆိုင်၊ ရွေ့လျားနေတဲ့ဘား လိုမျိုးတွေ ဖွင့်လို့ရလောက်ပါတယ်

ပျော်ဖို့ကောင်းမယ့်ပုံပဲ

 

Iino ပေါ်မှာ လက်ဖက်ရည်ဖျော်တဲ့သူ၊ ယမကာအဖျော်ဆရာတွေက သွားနေရင်းဖျော်ပေးကြမယ်

ဖောက်သည်တွေက ဘေးကနေလမ်းလျှောက်ရင်း သောက်မယ်

အရက်သောက်နေတောင် လမ်းလျှောက်နေရတော့ မူးမှာမဟုတ်လောက်ဘူး (haha)

 

ဒီလို လူပဲစီးလို့ရတာတွေလည်း ရှိပါတယ်

ချစ်စရာလေးတွေ

 

တက္ကစီတွေ ကားတွေနဲ့လည်း မတူဘဲ၊ လေယာဥ်ကွင်းတွေမှာရှိတဲ့ ‌ရွေ့နေတဲ့ လျှောက်လမ်းလိုမျိုးပေါ့

1m လောက်စာ ရွေ့လျားလျှောက်လမ်း တပ်မယ်ဆိုရင် ယန်း သိန်း၂၀လောက်ကုန်မှာပါ

ဂျပန်မှာဆိုရင်ပေါ့

Iino လေးကတော့ ရွေ့လျားလျှောက်လမ်း နဲ့မတူဘဲ၊ ချစ်စရာလည်းကောင်းပြီး အဆင်လည်းပြေလောက်တယ်လို့ တွေးပြီးတီထွင်လိုက်တာပါ

ဒါပေမယ့် ထင်ထားတာနဲ့ တလွဲဖြစ်နေခဲ့ပါတယ်

အလုပ်တွေရှုပ်လို့ အလောတကြီးသွားလာနေတဲ့ သူတွေများရတဲ့ကြားမှာ၊ ဖြေးဖြေးလေးရွေ့နေတဲ့ iino က အနှောက်အယှက်ဖြစ်လွန်းလို့ လမ်းတွေပိတ်ကုန်မှာတောင် ကြောက်ရပါတယ်

အဲ့ဒါနဲ့ပဲ ပန်းခြံတွေလာတွေမှာပဲ သုံးမယ်လို့ တွေးနေကြပုံပါပဲ

 

ရွေ့လျားအရက်ဘား ဆိုပြီးရှိလာရင်တော့ ကောင်းတာပေါ့

ဘယ်လိုထင်ပါသလဲ?

နိုင်ငံခြားတင်ပို့ဖို့လည်း စဥ်းစားနေပြီး၊ နိုင်ငံတကာက အမြင်ကို လက်ခံနေပုံပါပဲ

သင်ဆိုရင်ရော ဒီလိုယာဥ်မျိုးကို စီးချင်လား?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: