နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်ရင် ဒီ うどん ( Udon ) နဲ့အိပ်ပါ !

ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့အတွက် သေသေချာချာစဥ်စားပေးထားတဲ့ ကုမ္ပဏီကနေ အိပ်ဆောင်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

အဲ့ဒီကုမ္ပဏီကနေ “悟空(ごくう)のきもち” Gokuu no kimochi လို့ခေါ်တဲ့ Head Spa ကို လုပ်ဆောင်လျက်ရှိပါတယ်။

အဲ့ဒီလိုနှိပ်နှယ်တဲ့အခါ နေလို့ကောင်းပြီး စနှိပ်ပြီဆိုတာနဲ့ သတိမထားမိဘဲအိပ်ပျော်သွားတာ များပါတယ်။

ကဲ အဲ့ဒီ “安眠の天才” Anmin no tensai လို့ခေါ်တဲ့ ကုမ္ပဏီက ပြုလုပ်ထားပေးတဲ့ အိပ်ဆောင်ပစ္စည်းက ဘာဖြစ်မလဲ ?

https://nlab.itmedia.co.jp/nl/articles/1908/11/news007.html

တစ်ခုခုထူးခြားနေသလိုပဲနော် …

သူရဲ့နာမည်ကတော့ အိပ်ဖို့အတွက် うどん ( Udon )

うどん ( Udon ) ?

ဟုတ်ပါတယ်၊ ကြည့်လိုက်ရင်တော့ うどん ( Udon ) ပုံစံဖြစ်ပါတယ်။ တကယ်うどん ( Udon ) နဲ့ လုပ်ထားတာတော့ မဟုတ်ပါဘူး။

နောက်ပြီး ဒီလိုသပ်သပ်ရပ်ရပ် စီစီရီရီလေးရှိနေတဲ့ ( Udon ) ကိုတော့ မတွေ့ဖူးဘူးနော် …

အဲ့ဒီ うどん ( Udon ) ကို ဒီလိုသုံးရပါတယ်။

https://nlab.itmedia.co.jp/nl/articles/1908/11/news007.html

 

ဟုတ်ပါတယ်၊ စောင်လိုခြုံရတာဖြစ်ပါတယ်။

အဲ့ဒီ Udon အားသာချက်ကတော့ “ လွပ်လွပ်လပ်လပ် အိပ်လို့ရခြင်း ” ဖြစ်ပါတယ်။ ခြေထောက်လေးပဲအပေါက်ကနေထွက်နေပြီး စောင်ပေါ်မှာတင်ထားပြီး Udon ကိုဖက်ထားတဲ့ပုံစံနဲ့ ဖက်ခေါင်းအုံးလိုလည်း သုံးလို့ရပါတယ်။

ပူတယ်ဆိုရင်လည်း Udon ကိုခွာပြီး အပေါက်တွေကို အကျယ်ကြီးဖြစ်အောင်လည်း လုပ်လို့ရပါတယ်။

အေးတဲ့အချိန်မှာဆိုရင်တော့ အပေါက်လေးက်နေ လက်လေးကိုထုတ်ပြီး ဖုန်းသုံးလို့လည်း ရတယ်နော်။

https://nlab.itmedia.co.jp/nl/articles/1908/11/news007.html

 

တစ်ခုချင်းစီဖြုတ်ပြီး လျှော်ချင်တယ်ဆိုရင်လည်းရပါတယ်။

https://nlab.itmedia.co.jp/nl/articles/1908/11/news007.html

 

တစ်ခုစီဖြုတ်ပြီးတော့ အဝတ်လျှော်စက်ထဲမှာ လှည့်လိုက်ရင် တကယ် Udon ဖြစ်လာမှာဖြစ်ပါတယ်။

ပထမဦးဆုံးထုတ်လုပ်တဲ့အချိန်မှာ အလျင်အမြန် ရောင်းရနေပါတယ်။

ခုလက်တလော ကုန်ပစ္စည်းထုတ်လုပ်မှုကို တိုးချဲ့ထုတ်လုပ်နေရပါတယ်။

သင့်ရဲ့နှစ်ခြိုက်စွာအိပ်စက်မှုကို Udon ကတာဝန်ယူပေးပါလိမ့်မယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: