ထူးဆန်းတဲ့ Iwashita New Ginger Museum !!!

“ ပေါတောတောနဲ့ချစ်စရာကောင်းတဲ့ပြတိုက်” အဖြစ်နာမည်ကြီးနေတဲ့နေရာတစ်ခုရှိတာကို သိထားကြပါသလား?
နာမည်ကတော့ Iwashita New Ginger Museum တဲ့
ဒီပြတိုက်ဟာ Iwashita စားသောက်ကုန်ကုမ္ပဏီပိုင်ဖြစ်ပြီး၊ Iwashita စားသောက်ကုန်တွေကိုရောင်းချနေတဲ့ Iwashita New Ginger ပြတိုက်ဖြစ်ပါတယ်။
ဝင်ခွင့်ကလည်းအခမဲ့ဖြစ်ပြီး၊ လာရောက်လည်ပတ်ကြည့်ရှုသူတွေလည်း အများကြီးရှိပါတယ်။

http://repomin.net/articles/8037?

ဝင်ပေါက်မှာပဲ ဧရာမnew ginger (ဂျင်းအတက်နု)ကကြိုဆိုနေပါတယ်။


ဒီမှာရောင်းချနေတဲ့ Iwashita new gingerက လက်တွေ့ထောက်ခံချက်ရထားပြီးသားစားသောက်ကုန်ဖြစ်ပါတယ်။


ဂျင်းရှာလကာရည်ကိုတောင် vending-machine နဲ့ရောင်းချတယ်။

မြင်ရတဲ့အတိုင်းပါပဲ တစ်ဆိုင်လုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာအပန်းရောင်တွေချည်းပါပဲ။
ဘယ်နေရာကိုကြည့်ကြည့်အပန်းရောင်တွေသာတွေ့ရမှာပါ။

ဝါး ဒီမှာလည်းအပန်းရောင်
ဒီပြတိုက်မှာ အပန်းရောင်ပါတဲ့အရုပ်လေးတွေလည်းထားပေးထားတယ်။
အပန်းရောင် ပင်ကွင်းလေးတွေ …

အထူးအလေးအနက်ပြသထားတာလည်းရှိပါတယ်။


ဂျင်းအတက်နုလေး၊ ဂျပန်ရဲ့အိမ်တွေမှာ ဂျင်းကိုကိုယ်တိုင်အချဥ◌်ဖောက်တာမျိုးလုပ်ကြပေမဲ့၊ Iwashita ရဲ့ ဂျင်းအတက်နုကတော့ပိုပြီးသန့်စင်တယ်ဆိုပြီး ပြသထားပါတယ်။


မြေကြီးထဲမှာတောက်ပနေတဲ့ဂျင်းအတက်နုလေးတွေအဖြစ် ပုံဖော်ထားတယ်။
အထဲကိုဝင်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကြည့်ရုံလေးပါပဲနော်

မျက်နှာဖော်ပြီး ဓါတ်ပုံတွဲရိုက်နိုင်တဲ့အရုပ်ကြီးလည်းထားပေးထားပါတယ်။

ဂျင်းအတက်နုရဲ့အခန်းတဲ့


အင် နည်းနည်းတော့သံသယဖြစ်စရာကောင်းသွားပြီ။

တကယ်ကိုကြည့်ရတာ တစ်ခုခုနဲ့ဆင်သလိုလိုပဲ ??

ကလေးတွေအတွက် ဆော့ကစားနိုင်တဲ့အခန်းလည်းထားပေးထားတယ်။

ဟော် Ginger Shrine လည်းရှိတယ်တဲ့..


ရောက်လက်စနဲ့ ဂျင်းနတ်ကွန်းဆီလည်းသွားလည်နိုင်ပါတယ်။

ပြတိုက်အရောင်းဆိုင်နှင့် ကဖေး

ပြတိုက်အရောင်းဆိုင်နှင့် ကဖေးကဝင်ပေါက်မှာရှိပါတယ်။
အရောင်းဆိုင်ကအနည်းငယ်သေးသော်လည်းကုန်ပစ္စည်းများကတော့အလုံအလောက်ရှိပါတယ်။
ကဖေးကလည်းအပန်းရောင်ပဲ။ မီနူးကတော့စုံနေတာပါပဲ။

Iwashita New Ginger Museum သို့လမ်းညွှန်

ဒီ Iwashita New Ginger ပြတိုက်ဟာ Tochigi ခရိုင်၊ Tochigi မြို့မှာရှိပါတယ်။
ဘူတာကနေလမ်းလျှောက်ပြီးသွားနိုင်သလို၊ ကားနဲ့သွားမယ်ဆိုရင်လည်း ကားပါကင်အတွက်နေရာတွေလုပ်ထားပေးပါတယ်။ သေချာပေါက်ကားပါကင်အတွက်လည်း အခမဲ့ပါပဲ။
လိပ်စာ: 1-25 Honcho, Tochigi, 328-0034, Japan
ဖုန်းနံပါတ်- 0282-20-5533
လမ်းညွှန်- Tohoku Expressway / Kita Kanto Expressway Tochigi IC မှရိုးရိုးလမ်းပေါ် ၁၅ မိနစ်
Tobu-Nikko / JR Ryomo လိုင်း” Tochigi ဘူတာ” မှလမ်းလျှောက်လျှင် ၁၂ မိနစ်ခန့်
ဆိုင်ဖွင့်ချိန်- ပြတိုက် 10:00~18:00 Cafe 11: 00-18: 00
ပိတ်ရက်- အင်္ဂါနေ့ (ရုံးပိတ်ရက်များမပါ)၊ နှစ်ကုန်နှင့်နှစ်သစ်ကူးရုံးပိတ်ရက်များ
ဝင်ကြေး- အခမဲ့

တကယ်တော့ Iwashita New Ginger Museum ကိုလည်ပတ်ကြည့်မယ်ဆိုရင် ၁ နာရီခန့်သာကြာမှာပါ။
ဒါပေမဲ့ ဆိတ်ငြိမ်နေတဲ့တူးမြောင်းကိုမျှော်ကြည့်ရင်းလမ်းလျှောက်ခြင်း၊ ဈေးဝယ်ခြင်းဖြင့် အားလပ်ရက်တစ်ရက်ကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ပါတယ်။
ကဲ, Tochigi စီရင်စုမှာဘယ်သူတွေရှိနေလဲ? ဒီ Iwashita New Ginger Museum ကိုရောသွားကြည့်ပြီးပြီလား?
အားလပ်ရက်မှာလည်ပတ်နိုင်တဲ့နေရာတစ်ခုဖြစ်တာကြောင့် မိတ်ဆက်ပေးလိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: