ရင်သားကင်ဆာကြောင့် ရင်သားနှစ်ဖက်လုံးကို ဖြတ်ထုတ်လိုက်ရသော်လည်း လုပ်ငန်းခွင်ပြန်ဝင်ခဲ့တဲ့ porn star တစ်ဦး

အားလုံးပဲ Marica ဆိုတဲ့အမျိုးသမီးကိုသိကြလား?
အရင်က ဂျပန်ရဲ့ Gravure idol ဘဝကနေ ပွဲထွက်ခဲ့တဲ့မိန်းကလေးဖြစ်ပါတယ်။
Gravure idol ဆိုတာက မဂ္ဂဇင်းနဲ့ ဓါတ်ပုံအယ်လ်ဘမ်မှာ ရေကူးဝတ်စုံတွေနဲ့ sexy ကျကျဓါတ်ပုံရိုက်တဲ့ idol ကိုဆိုလိုခြင်းဖြစ်ပါတယ်။

https://bunshun.jp/articles/-/10965

ဒီအပြင် သူမဟာ Adult video ရိုက်တဲ့ Porn မင်းသမီးအဖြစ်နဲ့ ဂျပန်မှာနာမည်ကြီးလာခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ အသိမိတ်ဆွေလည်းမရှိ၊ စကားလည်းမပြောနိုင်ဘဲနဲ့ တစ်ကိုယ်တည်း အမေရိကန်နိုင်ငံသို့ထွက်သွားပြီး၊ အမေရိကန် Porn လောကထဲသို့ဝင်ရောက်သွားခဲ့တဲ့ စွန့်စားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

အမေရိကန်မှာလည်း နာမည်ကြီးလာပြီး၊ ကမ္ဘာတစ်ဝှမ်းသိကြတဲ့ Porn မင်းသမီးအဖြစ်တက်လှမ်းသွားခဲ့ပေမဲ့ ကံမကောင်းစွာပဲ ခက်ခဲတဲ့အခြေအနေတစ်ခုက သူမကိုစောင့်ကြိုနေခဲ့တယ်။
အမေရိကန်သို့ထွက်သွားပြီး ၆ နှစ်ကြာမှာ၊ ရင်ဘက်မှာအဖုပေါက်နေတာကို သတိထားမိတဲ့သူမဟာ ထိုအဖုကိုခွဲစိတ်ပြီး ဖြတ်ထုတ်လိုက်တယ်။
နောက်ပိုင်းမှ ကင်ဆာဖြစ်မှန်းသိသွားပါတယ်။

ဟုတ်ပါတယ်။ ရင်သားကင်ဆာပါ။
အမြစ်တွယ်ပြန့်ပွားနိုင်ချေကိုပါစဉ်းစားပြီး၊ ရင်သားနှစ်ဖက်လုံးကို ဖြတ်ထုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကင်မရာရှေ့မှာ နောက်တစ်ကြိမ်ပြန်ရပ်ဖို့ ဘယ်လိုလုပ်ရပါ့မလဲ?

ဒီလိုစဉ်းစားပြီး၊ အကုန်လုံးကိုဖြတ်ထုတ်လိုက်တဲ့အချိန်မှာပဲ ပြန်လည်တည်ဆောက်ရေးခွဲစိတ်မှုကိုလုပ်ပြီး အရင်ပုံစံအတိုင်းပြန်ရဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကင်ဆာဆိုတဲ့အခြေအနေကိုလက်ခံလိုက်ပေမဲ့၊ လိုချင်တဲ့အရာ ၂ ခု ၃ ခုရှိသေးတယ်ဆိုပြီး လောဘကြီးကာ၊ အကယ်၍အသက်ရှင်ခဲ့မယ်ဆိုရင် အလုပ်ချင်ဆုံး ၁ ခုကဘာဖြစ်မလဲ? လို့စဉ်းစားလိုက်တဲ့အခါ ရိုက်ကူးရေးက ကင်မရာရှေ့ကိုပြန်သွားဖို့က အလိုချင်ဆုံးဆန္ဒဖြစ်နေခဲ့တယ်။

အဲ့ဒီယုံကြည်ချက်နောက်ကိုလိုက်ပြီး ၂၀၁၉ ခုနှစ် ၃ လပိုင်းမှာ ခွဲစိတ်မှုကြီးကိုပြုလုပ်ခဲ့ပါတယ်။
ခန္ဓာကိုယ်ကလက်ခံရတဲ့ ဒဏ်ရာကတော်တော်လေးကြီးသလို၊ ချက်ချင်းလုပ်ငန်းခွင်ပြန်ဝင်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။

ပထမဆုံးအကြိမ်ခွဲစိတ်မှုမှာ ရင်သားပုံစံကိုပြန်ရရှိပေမဲ့၊ ရင်သားဟာသဘာဝကျမနေမှန်း မြင်တာနဲ့လူတိုင်းသိနိုင်ပါတယ်။
အဲ့ဒီကနေ အကြိမ်ပေါင်းများစွာ ပြန်လည်ပြုပြင်တဲ့ခွဲစိတ်မှုပေါင်းများစွာကို လုပ်ဆောင်ပြီး၊ တတ်နိုင်သလောက် နဂိုပုံစံကိုပြန်ရောက်ရှိဖို့လိုအပ်တယ်။

ခွဲစိတ်ပြီးနောက် လအနည်းငယ်ကတော့ ရင်သားကနေ Lymph အရည်ကိုထုတ်လွှတ်တဲ့ Drain tube ကိုခန္ဓာကိုယ်ထဲထည့်ထားပေမဲ့၊ ဒီဟာကြောင့် အတွင်းခံအဝတ်အစားနဲ့ ညအိပ်ဝတ်အင်္ကျီဟာ sexy မကျသလို၊ လုံးဝလည်းချစ်ဖို့ကောင်းမနေပါဘူး။
ခွဲစိတ်မှုနောက်ပိုင်း နာကျင်မှုကိုသည်းခံနေတာတောင် အတွင်းခံနဲ့ ညအိပ်ဝတ်အင်္ကျီကြောင့် ပိုပြီးစိတ်ဓါတ်ကျတဲ့အတွေးတွေ ဝင်လာခဲ့တယ်။

အဲ့ဒီထဲမှာ သူမလိုပဲခါးသီးမှုတွေ ခံစားနေရတဲ့ ကမ္ဘာတစ်ဝှမ်းရှိအမျိုးသမီးတွေကို အားတက်စေမယ့်လှုံ့ဆော်မှု လုပ်ချင်တဲ့အတွေး စပြီးဝင်လာခဲ့ပါတော့တယ်။

ရင်သားနှစ်ဖက်လုံးမရှိတော့တဲ့ porn star ဟာ ဓါတ်ပုံအယ်လ်ဘမ်ကိုထုတ်လိုက်ရင်
မနှစ်မြို့စရာ ခံစားချက်ကြီးပဲမဟုတ်၊
သတ္တိနဲ့ ခွန်အားကို ဖော်ပြဖို့ရောမဖြစ်နိုင်ဘူးလား?

ဆိုတဲ့ဒီလိုအတွေးမျိုးဖြစ်ပါတယ်။
နောက်ပြီး တစ်ဖြည်းဖြည်းကင်မရာရှေ့ကိုပြန်ရောက်ရှိဖို့ မျှော်လင့်ချက်ကလည်း အစပြုလာခဲ့တယ်။

အဲ့ဒီတစ်ဖက်မှာလည်း သူမကိုဆဲဆိုကြတဲ့ စာနာစိတ်မရှိတဲ့အသံတွေလည်း အင်တာနက်မှာ ပြန့်နှံ့ခဲ့ပါတယ်။
“ မကောင်းတာလုပ်စားလို့ ပြစ်ဒဏ်ကျလာတာပဲပေါ့”

ဒီလိုမကြာခဏအပြောခံရတယ်။
ဒါပေမဲ့သူမဟာ လုံးဝအရှုံးမပေးခဲ့ပါဘူး။

လူတွေရှေ့မှာ ပုံမှန်အားဖြင့်မပြသင့်တဲ့အရာကို ပြပြီးလုပ်စားတာကြောင့်လည်း မလိုအမုန်းစကားပြောခံရတာကတော့ မဆန်းပါဘူး။

ကျွန်မဟာ အရမ်းကောင်းတဲ့စွမ်းဆောင်မှု ရှိနေလို့လည်းမဟုတ်သလို၊ အရမ်းလှနေတာကြောင့်လည်းမဟုတ်ပါဘူး။
ဒါပေမဲ့ မိမိရဲ့အားသာချက်ကဘာလဲ? ဆိုပြီးမေးခံရတဲ့အခါ၊ ထိပ်တိုက်တွေ့တဲ့သတ္တိနဲ့၊ စေ့စပ်စွာလုံ့လထုတ်တဲ့စွမ်းအားဟာ ကျွန်မရဲ့ထူးခြားချက်ပါပဲ….

သူမရဲ့ခွန်အားဟာ Porn လောကကိုဖြတ်ကျော်ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေကိုပါ သတ္တိတွေပေးပါတယ်။
လက်ရှိ၊ သူမရဲ့ဘဝဇာတ်ကြောင်းကို Documentary အဖြစ်ရုပ်ရှင်ပြန်ရိုက်နေကြတယ်။

Marica ဟာ Porn မင်းသမီးနဲ့ပတ်သက်တဲ့ မလိုမုန်းတီးမှုနဲ့ပုံသေသဘောတရားကို ကျော်လွှားရင်း မိမိရဲ့ကိုယ်ပိုင်လမ်းကို တစ်စိုက်မတ်မတ် လျှောက်လှမ်းနေသူဖြစ်ပါတယ်။
အဲ့ဒီခွန်အားဟာ ရင်သားကင်ဆာကြောင့် ရင်သားဖြတ်ထုတ်လိုက်ရတဲ့အမျိုးသမီးတွေရော၊ သာမန်အမျိုးသမီးတွေ၊ ဒီအပြင် အမျိုးသားတွေကိုပါ လှုံ့ဆော်မှုကြီးတစ်ခုပေးနိုင်တယ်လို့ ထင်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: