သေဆုံးပြီးနောက်တမလွန်လောကကိုယုံကြည်တဲ့ဆရာဝန်… သက်ကြီးရွယ်အိုပြဿနာကိုဖြေရှင်းခြင်းတစ်မျိုးလား?

သက်ကြီးရွယ်အိုတွေများလာပြီး ကမ္ဘာ့အသက်ရှည်ဆုံးနိုင်ငံအဖြစ် ဂျပန်နိုင်ငံဟာအသိအမှတ်ပြုခြင်းခံရပါတယ်။
သို့သော် ဒီလိုအသိအမှတ်ပြုခြင်းခံရတာဟာ လက်တွေ့ဘဝမှာဝမ်းသာစရာကောင်းရဲ့လား?

အခုဖော်ပြပေးမယ့် 尾崎容子(おざき ようこ)Yoko Ozaki လို့ခေါ်တဲ့အမျိုးသမီးဟာ ကျိုတိုမြို့မှာဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။
အထူးသဖြင့် နေဝင်ချိန်နီးနေပြီဖြစ်တဲ့လူနာတွေကိုအဓိကထားပြီး ဆေးကုသမှုပေးလျှက်ရှိပါတယ်။

 

https://gunosy.com/articles/ei2QW?s=s

 

“ မြန်မြန်သေချင်တယ်…”

ဒီစကားကို Ozaki ဟာအကြိမ်ပေါင်းမနည်းကြားရပါတယ်။ …
အသက်ရှင်ရတာ ဝဠ်တစ်ခုလိုပင်ပန်းလွန်းလို့ထွက်လာတဲ့ဒီစကားဟာ …
တကယ်တော့ ကျန်းမာရေးကောင်းပြီး အလုပ်နဲ့မိသားစုအခြေအနေကကောင်းမယ်ဆိုရင် ပြောဖြစ်မှာမဟုတ်တဲ့စကားပဲဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေအနည်းငယ်ပဲဖြစ်ဖြစ်ပြန်ကောင်းလာအောင်လုပ်ရမှာက ဆရာဝန်တို့ရဲ့အလုပ်ဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာလည်း အားပေးဖို့လိုအပ်တယ်ဆိုတာ သူမကောင်းကောင်းသိနေပါတယ်။
ဒါကတော့တစ်ယောက်သော ကင်ဆာဝေဒနာခံစားနေရတဲ့လူနာအမျိုးသမီးနဲ့ ပြောထားတဲ့စကားလေးဖြစ်ပါတယ်။

လူနာ – ဒီနေ့မဟုတ်ရင်တောင် မြန်မြန်သေချင်ပါပြီ…
ဆရာဝန် – “ တမလွန်” ကိုရောက်သွားရင် ဘယ်သူလာကြိုပေးမှာလဲ?
လူနာ – မရှိဘူး။ ဘယ်သူမှလာမှာမဟုတ်ဘူး…
ဆရာဝန် – အမေ‌ရော? မသေချာဘူးလား?
လူနာ – အမေကတော့လာလောက်မှာမဟုတ်ဘူး။ အ.. ဒါပေမဲ့ကွဲသွားတဲ့ယောကျ်ားရဲ့အမေ။ သူကတော့သဘောကောင်းလို့ လာပေးနိုင်လောက်မယ်…

ဒီလိုတမလွန်အကြောင်းတွေကိုပြောရင်း… သေပြီး‌နောက်တမလွန်ဟာ စိတ်ပျက်စရာတစ်ခုအဖြစ်မဟုတ်ဘဲ၊
စကားထဲမှာ မျှော်လင့်ချက်အနည်းငယ်ကိုပါထည့်ပြောရင်း… သေခြင်းရဲ့ကြောက်ရွံ့စိတ်တွေကို ပြေလျော့သက်သာပေးပါတယ်။

ယနေ့ခေတ်သိပ္ပံပညာမှာတော့ သေဆုံးပြီးနောက်တမလွန်လောကဟာ ရုပ်ခန္ဓာမရှိအနိစ္စဖြစ်တယ်လို့ သတ်မှတ်ပါတယ်။
သို့သော် မည်သည့်နိုင်ငံမှာမဆို မည်သည့်ဘာသာတွင်မဆို သေဆုံးပြီးတဲ့အခါနောင်တမလွန်ရှိကြောင်း လက်ခံကြပါတယ်။
Ozaki ဟာ အစွန်းအစွန်ဆုံးသောသိပ္ပံပညာဖြစ်တဲ့ ဆေးပညာကိုလေ့လာရင်း၊ တမလွန်လောကကိုယုံကြည်နေသူတစ်ဦးဖြစ်ပါတယ်။

ဆရာတော်တစ်ပါးကဲ့သို့…

ဒီလိုမကြာခဏအပြောခံရပါတယ်။

တကယ်ကတော့ Ozaki ဟာ ဆရာတော်တစ်ပါးလည်းဟုတ်ပါတယ်။

 

သူမဟာ အမျိုးမျိုးသောထူးဆန်းတဲ့အရာများကို တွေ့ကြုံရပါတယ်။
ကျိုတိုမှာ Gozan no Okuribi ဆိုတဲ့ပွဲတော်ကြီးကို နှစ်တိုင်းကျင်းပလျှက်ရှိပါတယ်။
ကျိုတိုရဲ့တောင်ပေါ်မှာ မီးနဲ့ 大  ဆိုတဲ့စာလုံးကိုဖော်ပြီး၊ တမလွန်ဘဝကိုရောက်နေတဲ့ ဘိုးဘွားတွေကိုကြိုဆိုကြတဲ့ပွဲဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုနေ့မျိုးမှာ ဆေးရုံမှာထူးဆန်းတဲ့အရာတွေ အများကြီးဖြစ်လေ့ရှိပါတယ်။

ICU (အထူးကြပ်မတ်ကုသခန်း)ရဲ့ အလိုအလျောက်တံခါးမှာ ဘယ်သူမှဖြတ်သွားခြင်းမရှိဘဲ ပွင့်သွားတာဟာ နှစ်တိုင်းလိုလိုဖြစ်တယ်တဲ့…
အံ့သြသွားတဲ့ဆေးရုံဝန်ထမ်းတွေဟာ လူနာအခြေအနေတွေလည်းပြန်စစ်ဆေးရင်း အားလုံးကောင်းတယ်လို့အတည်ပြုတဲ့အတွက် ဒီ Okuribi ရဲ့နေ့မှာ ICU မှာပဲကျန်ခဲ့ပြီး အလိုအလျောက်တံခါးကိုစောင့်ကြည့်နေခဲ့ကြပါတယ်။

ဗိုက်ဆာလာတာကြောင့် delivery နဲ့ထမင်းမှာပြီး၊ ဖုန်းဝင်လာလို့ တစ်ယောက်ကသွားကိုင်တဲ့အချိန် ICU ဝင်ပေါက်မှာ အခြားသူနာပြုတစ်ယောက်ရဲ့အော်သံကိုကြားလိုက်ရပါတယ်။
တကယ်တော့ ဖုန်းသံမြည်ပေမဲ့ ဘယ်သူမှရှိမနေခဲ့ပါဘူး။

 

 

နေ့တိုင်း အရေးပေါ်ကုသမှုအတွက် လူနာတွေရောက်လာတယ်။ လူနာအများစုနောက်ဆုံးဆိုက်ရောက်ပြီးသေဆုံးကြတဲ့ ဒီ ICU ထဲမှာ ထူးဆန်းတာတွေ အများကြီးဖြစ်ပါတယ်။

 

 

သေဆုံးခြင်းရဲ့ကြောက်ရွံ့မှုကနေ လူတွေလွတ်မြောက်ဖို့လိုအပ်တယ်လို့ Ozaki ဟာပြောပါတယ်။
“ သေဆုံးတဲ့အခါ အရာအားလုံးပျောက်ကွယ်သွားမယ်လို့တွေးကြတာကြောင့် အနာဂတ်လမ်းစကိုမမြင်တော့ဘဲ ကြောက်ရွံ့ကြပါတော့တယ်။ ဒါပေမဲ့ သေဆုံးပြီးနောက် တမလွန်ရှိတယ်လို့တွေးလိုက်ရင်ရော?
ဒါဆို နောက်ထပ်အနာဂတ်ရှိလာပြီး၊ နောက်ပြီး ICU ကိုလာကြတဲ့ဝိညာဥ်တွေလိုပဲ မိမိရောက်နေတဲ့လောကကိုစောင့်ရှောက်နိုင်မယ်လို့စဥ်းစားလိုက်ရင် သေခြင်းဆိုတာအဲ့ဒီလောက်ကြောက်စရာမကောင်းတော့ဘူး” လို့ သူမရဲ့အတွေးကိုပြောပြခဲ့ပါတယ်။

 

မမြင်ရတဲ့အရာကိုမယုံဘူး၊ သိပ္ပံနည်းကျသက်သေမပြနိုင်ရင်မယုံကြည်ဘူး လို့တွေးမိပါသလား?
ဟိုးအရင်လူတွေအားလုံးဟာ ကမ္ဘာကြီးကပြားတယ်လို့ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ကမ္ဘာဟာလုံးဝန်းတယ်ဆိုတာ လက်မခံနိုင်သူမရှိတော့ပါဘူး။
အားလုံးဟာ သိပ္ပံနည်းကျနဲ့ပဲစဥ်းစားတာကြောင့် ခေါင်းမာတယ်လို့ပြောရပါမယ်။

အကယ်၍များ ဒီလိုမတွေးခဲ့ရင် ကမ္ဘာတစ်ဝှမ်းဘယ်နေရာဖြစ်ဖြစ် ပရလောကအကြောင်းတွေပြောနေကြမှာဖြစ်ပြီး၊ သေဆုံးပြီးနောက် တမလွန်လောကရှိနေတယ်ဆိုတာ ထူးဆန်းတဲ့အရာပဲလို့ထင်ကြမှာပါ။
ပြဿနာက တမလွန်လောက ရှိ/မရှိဆိုတာထက်၊ အရေးကြီးဆုံးက ရှိတယ်လို့တွေးပြီးကောင်းမှုကုသိုလ်နဲ့အတူ ငြိမ်းချမ်းစွာနဲ့နေသွားဖို့ပဲ လိုတယ်လို့ထင်ပါတယ်။

သင်ရော တမလွန်လောကကို ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: