တရုတ်ရာသီခွင် “ နွား” နှစ်အတွင်း ဂျပန်တွင်မွေးဖွားခဲ့သူပေါင်း ၁၀.၆၆ သန်းခန့်ရှိ

ဂျပန်မှာ တရုတ်ရာသီရဲ့နွားနှစ်အတွင်းမွေးဖွားခဲ့သူတို့ဟာ စုစုပေါင်း ၁၀.၆၆ သန်းခန့်မျှရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကျန်ခဲ့တဲ့သောကြာနေ့ကပြောလာခဲ့ပါတယ်။
တကယ်ပဲ ၁၀.၆၆ သန်းခန့်တောင်လား?

 

https://www.japantimes.co.jp/news/2020/12/31/national/ox-year-population/

 

ဒီလိုပါ…
ဝန်ကြီးဌာနဟာကျန်ခဲ့တဲ့သောကြာနေ့က ဂျပန်တစ်နိုင်ငံလုံးရဲ့ ၁၂၅.၅၆ သန်းရှိလူဦးရေထဲကမှ ၈.၅ ရာခိုင်နှုန်းကိုရေတွက်ကြည့်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ရာသီခွင်ကို ဂျပန်မှာလည်းအသုံးပြုပါတယ်။
ဒီရာသီခွင်မှာတော့ ၁၂ ခုရှိပါတယ်။ ထိုအထဲကတစ်ခုဖြစ်တဲ့ နွားနှစ်မှာမွေးဖွားခဲ့သူတွေဟာ အမျိုးသားအားဖြင့် ၅.၁၇ သန်းရှိပြီး၊ အမျိုးသမီးအားဖြင့် ၅.၄၉ သန်းရှိပါတယ်။

ပထမဆုံးနွားနှစ်ရာသီခွင် (၁၉၄၉ ခုနှစ်)မှာမွေးဖွားတဲ့ “first baby boom” ၂.၁၁ သန်းသောလူတွေဟာ ယခုနွားရာသီခွင်ကိုပြန်လည်ရောက်လာတဲ့ ၂၀၂၁ ခုနှစ်မှာ လက်ရှိအသက် ၇၂ နှစ်ရှိနေကြပါပြီ။
ဒုတိယတစ်ဖန်ပြန်လည်ကျရောက်ခဲ့တဲ့ (၁၉၇၃ ခုနှစ်) မှာမွေးဖွားခဲ့သော“second baby boom” ၂.၀၃ သန်းသောလူတွေကတော့ လက်ရှိ ၂၀၂၁ ခုနှစ်မှာ အသက် ၄၈ နှစ်ရှိနေကြပြီး…
တတိယအဖွဲ့ဖြစ်တဲ့ (၁၉၆၁ ခုနှစ်) မှာမွေးဖွားခဲ့တဲ့ ၁.၄၉ သန်းသောသူ‌တွေကတော့ အသက် ၆၀ ပြည့်ပါပြီ။

၂၀၀၉ ခုနှစ်မှာကျရောက်တဲ့ နွားရာသီခွင်အတွင်းမွေးဖွားခဲ့သူတို့ကတော့ လက်ရှိအသက် ၁၂ နှစ်ပြည့်မှာဖြစ်သလို၊ လူဦးရေအားဖြင့် ၁.၀၆ သန်းရှိပါတယ်။
ဂျပန်အနုပညာရှင်အများစုနဲ့အားကစားသမားများအပါအဝင် tennis star ဖြစ်တဲ့ Naomi Osaka ဟာလည်း နွားရာသီခွင်မှာမွေးဖွားခဲ့ပါတယ်။
၂၀၀၀ ခုနှစ်အတွင်း မွေးဖွားခဲ့သူတွေကတော့ ၁.၂၄ သန်းရှိပြီး၊ ၎င်းတို့ထဲက ၆၄၀,၀၀၀ ဦးဟာအမျိုးသားများဖြစ်ပြီး၊ ၆၀၀,၀၀၀ ဦးတို့ဟာအမျိုးသမီးများဖြစ်ကြပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: