ဒီဖိုးဖိုးသာ မြန်မာနိုင်ငံရောက်လာခဲ့ရင် …

ဂျပန်အမဲသားတွေ တော်တော်များများရှိတဲ့ထဲမှာ ထိပ်တန်းတံဆိပ်အနေနဲ့松阪牛(まつざかぎゅう)မစုဆကဂရူးနာမည်ကြီးတဲ့  မိအဲခရိုင်

အဲ့ဒီမှာနေထိုင်တဲ့ ၈၉ နှစ်အရွယ်အမျိုးသားက ဟိုးအရင်ကတည်းက ဦးဆောင်ခဲ့တာဟာ ပြောစရာအကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

လူသွားလမ်း ရှင်းလင်းရေး

 

ဒီလိုသူနာမည်ပေးခဲ့တဲ့အဲ့ဒီလှုပ်ရှားမှာ ဈေးဝယ်သူတွေလမ်းသွားလမ်းလာ အဆင်ပြေအောင် နည်းဥပဒေတွေနဲ့ သွားကြတာဖြစ်ပါတယ်။

https://headlines.yahoo.co.jp/hl?a=20190612-00022748-tokaiv-soci

 

ဂျပန်နိုင်ငံရဲ့လမ်းဘေး တော်တော်လေးကို ရှင်းလင်းပြီးသွားလာရလွယ်ပေမယ့် ဆိုင်ဘုတ်တွေထုတ်ထားတာရယ် ကားတွေရပ်ထားတာတွေရှိပါတယ်။

https://www.tripadvisor.jp/LocationPhotoDirectLink-g14127623-d7733781-i124539785-Doutor_Coffee_Shop_Koraibashi-Chuo_Osaka_Osaka_Prefecture_Kinki.html

 

တိတိကျကျပြောရမယ်ဆိုရင် ဒါက ဥပဒေချိုးဖောက်နေတာပါပဲ။

လမ်းဘေးမှာ ဘာမှထားထားလို့မရပါဘူး။

ဟုတ်ပါတယ်။ အဲ့ဒီအဖိုးပြောတာလည်းမှန်ပေမယ့်…

အဲ့ဒီအဖိုးကြီး လုပ်နေတာတွေက လွန်လွန်းမနေဘူးလား။

ချိုးဖောက်နေတာတွေကိုတွေ့တာနဲ့ ချက်ချင်းဝင်ပြောပါတယ်။

 

・လမ်းမှာတွေတဲ့ဆိုင်းဘုတ်တွေကိုဖျက်ဆီးခြင်း

・ထွက်နေတဲ့ အလံတွေဆိုရင်ဖြဲပစ်မယ်

・အပြင်မှာရပ်ထားတဲ့ ကားတွေကို ဆိုင်ထဲတစ်ယောက်တည်းတွန်းထည့်ပါတယ်။

https://snjpn.net/archives/136697

လူတွေဖြတ်သွားလို့မရဘူးဆိုရင် ဘယ်လိုဖြစ်မလဲမသိပေမယ့် အဲ့ဒီအဖိုးကတော့ ၁ စင်တီမီတာပဲဖြစ်ဖြစ် ၁ မီလီမီတာ လောက်လေးထွက်နေရင်တောင် မရဘူး ဆိုပြီးသတိပေးထားပါတယ်။

၄ လကျော်လောက် နေ့တိုင်းလမ်းပေါ်မှာ ဆိုင်တိုင်းကိုစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရလဒ်က အခုချိန်မှာတော့ ….

https://snjpn.net/archives/136697

 

နေရာတိုင်းမှာ အပြင်ထွက်နေတာမျိုးတွေမရှိတော့ပါဘူး။

မှန်တာပေါ့ လူသွားလမ်းကို ရှင်းလင်းပေးထားသင့်တာပေါ့။

ကျန်းမာတဲ့သူတွေက သတိမထားမိတဲ့ ကိစ္စဖြစ်နေပေမယ့် wheelchair နဲ့သွားလာနေတဲ့သူတွေ မျက်မမြင်တွေလည်းရှိပါတယ်။

လွန်လွန်းပါတယ်ကွာ လို့ပြောကြတဲ့သူတွေရှိသလို အင်တာနက်စာမျက်နှာပေါ်မှာ အကောင်းအဆိုးဝေဖန်နေကြတဲ့ သူတွေလည်းရှိပါတယ်။

 

ကဲ…

အခုလက်ရှိ မြန်မာနိုင်ငံမှာရော ဘယ်လိုဖြစ်နေလဲ ? ?

ကားတွေပိတ်ရပ်ထားတာ၊ ဆိုင်ရဲ့စားပွဲတွေရှေ့ရောက်နေတာ စတဲ့ အခြေအနေတွေဖြစ်နေပါတယ်။

Wheelchair မပြောပါနဲ့ ပုံမှန်လမ်းလျှောက်နိုင်တဲ့သူတွေတောင် လျှောက်ရခက်နေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

အဲ့ဒီအဖိုးသာ မြန်မာနိုင်ငံကိုရောက်လာခဲ့ရင် လန့်ပြီးမေ့တောင်လဲသွားမလားမသိဘူးနော်…

ဒီလိုအလွန်အကျွံလုပ်တာက အားလုံးအတွက် လွယ်ကူချောမွေ့တဲ့ မြို့တစ်မြို့ဖြစ်လာစေချင်လို့ဖြစ်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: