ဂျပန်နိုင်ငံကဖေဖေတွေ လူပိုတစ်ယောက်လိုဖြစ်နေပြီလား ?

ဂျပန်နိုင်ငံရဲ့ ခေတ်နောက်တစ်ခေတ်အဖြစ်အမည်ပြောင်းလဲတဲ့အချိန်မှာ ပိတ်ရက်ရှည်အနားယူရက်တွေ ရှိပါတယ်။

အဲ့ဒီပိတ်ရက်ရှည်အနားယူရက် ၁၀ ရက်ဟာ ပုံမှန်သတ်မှတ်ရက်ဖြစ်ပြီး ဒီပိတ်ရက်တွေဟာ ပိတ်ရက်တွေထဲမှာ ထူးခြားတဲ့ပိတ်ရက်ဖြစ်ပါတယ်။

ရှေးတုန်းကတည်းက ဂျပန်လူမျိုးတွေဟာ ပိတ်ရက်ရှည်ကြီးတွေကို အသုံးမချတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဘာလုပ်ရမယ်မှန်းကိုမသိ ဖြစ်နေကြတတ်ကြပါတယ်။

ခရီးသွားရင်လည်း လူတွေများပြီး ဒီလိုအချိန်မျိုးမှာဆိုရင် ဘာမဆိုဈေးကြီးပါတယ်။

ဒါဆိုရင်တော့ ဒုက္ခပဲနော် ? လို့ ခံစားရတဲ့သူတွေက ဒီလိုပိတ်ရက်ကြားထဲမှာ ငြိမ်ငြိမ်လေး အနားယူတတ်ကြပါတယ်။

အမြဲတမ်းရုံးမှာပဲ အလုပ်လုပ်နေတဲ့ ဖေဖေတွေက အိမ်မှာထူးထူးခြားခြား ဘာကိုမှစိတ်မဝင်စားဘဲ ပျင်းရိပြီး ဟိုလုပ်ဒီလုပ်လုပ်နေပါတော့တယ်။

https://news.yahoo.co.jp/byline/kandatoshiaki/20190427-00123986/

 

အမြဲတမ်းအိမ်ထဲမှာနေပြီး မိန်းမနဲ့ကလေးတွေနဲ့ပဲအချိန်ကုန်နေရင် ကြာလာတဲ့အခါ ငြီးငွေ့စရာ ဖြစ်လာမှာပါ။ တစ်ချက်တစ်ချက် အခန့်မသင့်ရင် ရန်ဖြစ်ရတာမျိုးတွေလည်းရှိတတ်ပါတယ်။

 

ဒါကြောင့် ဒီလိုလူတွေအတွက် ဒီလိုဝန်ဆောင်မှုတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။

 

ဖေဖေတွေတို့အတွက် နားခိုစရာနေရာဝန်ဆောင်မှု

 

ဒီဝန်ဆောင်မှုကို ၂၀၁၉ Golden week အတွင်းဝန်ဆောင်မှုပေးဖို့အတွက် သတ်မှတ်ထားတာဖြစ်ပါတယ်။

အိုဆာကာမြို့ရဲ့ Nanba ဘူတာနဲ့ တိုက်ရိုက်ဆက်သွယ်ထားခဲ့ပြီး  難波御堂筋(なんば みどうすじ)နန်းဘမိဒိုးစုဂျိဟောကနေ အစည်းအဝေးခန်းတွေကို ငှားရမ်းပေးတဲ့ ဒီဝန်ဆောင်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။

200㎡ လောက်ရှိတဲ့ အစည်းအဝေးခန်းမှာ WiFi ၊ ဖုန်းအားသွင်းစရာနေရာ၊ အလုပ်လုပ်တဲ့နေရာ၊ ကာတွန်း corner ၊ ခြေထောက်နှိပ်နယ်တဲ့စက်၊ အားကစားလေဘောလုံး၊ လှဲလျောင်းလို့ရမယ့်ဖျာ၊ drink bar ၊ ဘီယာဘူး စတာတွေရှိပါတယ်။

နောင်တစ်ခန်းမှာတော့ ဂေါက်ကွင်းတုလေ့ကျင့်တဲ့နေရာရှိပြီး ဖေဖေတွေကအပြည့်အဝပျော်ရွှင်ပြီး စိတ်တိုင်းကျဖို့အတွက် ပြင်ဆင်ပေးထားပါတယ်။

ဒီနေရာမှာနားခိုဖို့အတွက် ၁ နာရီကို ယန်း ၅၀၀ ကျသင့်မှာဖြစ်ပါတယ်။

အဆင်ပြေလောက်မယ်လို့ထင်ပေမယ့် အမြဲတမ်းမိသားစုအတွက်ကြိုးစားပြီး အလုပ်လုပ်နေရင်း ပိတ်ရက်ရှည်ရောက်လာတဲ့အခါမှာ အဖေဖြစ်သူတွေက လူပိုကြီးတစ်ယောက်လိုကိုဖြစ်နေပါတယ်။

ဒီလိုဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ ဒီလိုပိတ်ရက်ရှည်ပိတ်တဲ့အချိန်မျိုးမှာ တစ်ယောက်ထဲသွားပြီး အနားယူတာမကောင်းဘူးလား ?

မင်မင်ကတော့ ဒီလိုပိတ်ရက်မျိုးမှာ မိသားစုစုံစုံလင်လင်ရှိရတာကိုပိုကြိုက်တယ်။

စာဖတ်သူတို့လည်း ဒီလိုဝန်ဆောင်မှုရှိတာ ကောင်း၊ မကောင်းကို မန့်ခဲ့လိုက်နော်……

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: