ကြွေလွှင့်ခဲ့ရသောသူရဲကောင်းများနှင့် ကျန်ရစ်သူမိသားစုများထံ

မဖြစ်သင့်တဲ့အရာ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြရင်း အသတ်ခံလိုက်ရတာတွေ၊ နောက်ပြီး ဆန္ဒပြမှုမှာပါဝင်ပတ်သက်မှုမရှိတဲ့ အပြစ်မဲ့ကလေးသူငယ်တွေပါ ဓါးစာခံယဇ်ကောင်ဖြစ်နေရတယ်။
ဒီကိစ္စကနေအစပြုပြီး တစ်ကမ္ဘာလုံးရဲ့သတင်းတွေမှာ မြန်မာရဲ့သတင်းခေါင်းစဥ်မြင့်တက်လာခဲ့ပါတယ်။
သည်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ တပ်မတော်ကတစ်သီးပုဂ္ဂလဖြစ်လာခဲ့တယ်။
ရုရှားနှင့်တရုတ်တို့ကိုလည်း ထောက်ပံ့ပေးနေတယ်ဆိုပြီးစွပ်စွဲထားပါတယ်။
ဒီ ၁ ပတ်ကြာမှာပဲ ကမ္ဘာကမြန်မာကိုကြည့်နေတဲ့အမြင်ကလည်း တစ်ပြိုင်တည်းပြောင်းလဲလာပါတယ်။

သို့သော် သေဆုံးပြီးသွားသောတန်ဖိုးရှိသူတို့ရဲ့အသက်ကတော့ ပြန်မလာတော့ပါဘူး။
ဒါအလွန်မှာ မြန်မာဟာငြိမ်းချမ်းသွားမယ်ဆိုရင်တောင်မှ သူတို့တွေဟာထိုငြိမ်းချမ်းရေးကိုအတူ ဂုဏ်ပြုမခံစားနိုင်တော့ပါဘူး….

ဂျပန်နိုင်ငံ, တိုကျိုမှာတော့ 靖国神社(やすくにじんじゃ)လို့ခေါ်တဲ့ နတ်ဘုရားကျောင်းရှိတယ်။

https://premium.toyokeizai.net/articles/-/20282

 

ဂျပန်ကတော့ ရှည်လျားတဲ့စစ်ပွဲကြီးပြီးသွားပြီး လက်ရှိတည်ငြိမ်အေးချမ်းတဲ့ခေတ်ကိုဖြတ်သန်းလျှက်ရှိပါတယ်။
ဒါပေမဲ့ အသက်ပေးခဲ့ရသူတွေအများကြီးရှိခဲ့ပါတယ်။
ဒီလိုလူတွေကို ဒီ 靖国神社 နတ်ဘုရားကျောင်းမှာ နတ်အဖြစ်ကိုးကွယ်ပါတယ်။

ဂျပန်ကိုစောင့်ရှောက်ဖို့အတွက် မိမိကိုယ်ကိုစွန့်လွှတ်ပြီး တိုက်ခိုက်ခဲ့ကြတဲ့ဘိုးဘေးတွေပဲဖြစ်ပါတယ်။
ပုံမှန်ဒီနတ်ကွန်ကိုရောက်ဖြစ်ပေမဲ့၊ ကျွန်တော်အကြိမ်တိုင်းမျက်ရည်ကျမိတယ်။
သူတို့တွေရှိခဲ့တာကြောင့်လည်း လက်ရှိဂျပန်ဟာစောင့်ရှောက်ကာကွယ်ခြင်းခံခဲ့ရတယ်လို့ ထင်ပါတယ်။

သို့သော် မြန်မာပြည်နဲ့ကတော့ အခြေအနေအတော်လေးကွဲပြားပါတယ်။
ဂျပန်ကတော့ စစ်သားအများကြီးအသက်ပေးခဲ့တယ်။
ဒါပေမဲ့ မြန်မာကတော့ပြည်သူတွေဖြစ်နေတယ်။
နောက်ပြီးတိုက်ခိုက်ရတဲ့တစ်ဖက်ရန်သူကလည်း တစ်နိုင်ငံသားတည်းကလူတွေဖြစ်နေတယ်…

အစကတည်းက သေဖို့ဘာအကြောင်းရင်းမှမရှိတဲ့လူတွေပါ…
သူတို့တွေရဲ့နောင်တ, ကျန်ရစ်သူမိသားစုရဲ့ပူဆွေးမှုနဲ့မုန်းတီးမှုတွေဟာ ဂျပန်ရဲ့စစ်ပွဲကာလများနဲ့နှိုင်းယှဥ်လို့ရမှာတောင်မဟုတ်ဘူးလို့ ထင်ပါတယ်။

ဒါကိုတောင်မှဆက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသေးတဲ့ မြန်မာလူမျိုးတွေအားလုံးဟာ ကျွန်တော်ကိုတကယ်အံ့အားသင့်စေပါတယ်။
ဘာကြောင့်ဒီလူတွေ ဒီလောက်တည်ငြိမ်နိုင်ရတာလဲ..
ဒီလူတွေအသတ်ခံရလို့မဖြစ်ဘူး.. ဆိုပြီး….

ယခု ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာနိုင်ငံကိုစိတ်ဝင်စားနေကြပါတယ်။
ဖြေရှင်းဖို့လမ်းစမြင်လာရတဲ့အခြေအနေလို့လည်းခံစားရပါတယ်။

ဒီထက်ပိုပြီး အသက်ပေးရမယ့်လူတွေပေါ်လာအုံးမယ့်အရေးမှ ရှောင်စေချင်ပါတယ်။
အသက်ပေးရသူတွေများတယ် နည်းတယ်ကိုမဆိုလိုဘဲ, သင်ဟာသင်တစ်ယောက်တည်းပါပဲ။
မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ဘယ်လောက်တောင်ဝမ်းနည်းနေကြမလဲ စဥ်းစားကြည့်ပါ။

တိုင်းပြည်အတွက်အသက်စွန့်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး၊ မိသားစုရဲ့ငြိမ်းချမ်းရေးကိုစောင့်ရှောက်ဖို့အတွက် အသေခံတယ်…
ဂျပန်မှာလည်း စစ်ပွဲကာလအတွင်းအားလုံးပြောခဲ့ကြတဲ့ စကားလေးတစ်ခွန်းရှိပါတယ်…..

“ အသက်ထက်အရေးကြီးတဲ့အရာရှိတယ်”

ဒီလိုပြောပြီး တိုက်ပွဲဝင်တယ်။
နောက်ပြီး

“ အသက်ထက်အရေးကြီးတဲ့အရာမရှိဘူး”

လို့ပြောပြီး တိုက်ပွဲကိုအဆုံးသတ်လိုက်ပြန်တယ်။

အရှုံးပေးလိုက်နာလိုက်ဖို့ပြောခြင်းမဟုတ်ပါဘူး။
သေသွားရင်အားလုံးအဆုံးသတ်သွားရပါမယ်…။
အခွင့်အရေးနောက်ကိုလိုက်ဖို့အတွက် ဘယ်လိုပဲဖြစ်ဖြစ်အသက်ရှင်ရမယ်….

တန်ဖိုးရှိတဲ့သင်ဟာကျဆုံးသွားတဲ့အခါ အော်ဟစ်ငိုကြွေးနေကြမယ့်မိသားစုရဲ့မျက်နှာကို မြင်ယောင်ကြည့်လိုက်ပါ။

ယဇ်ကောင်ဖြစ်ခဲ့ရတဲ့သူရဲ့စိတ်ဝိညာဥ်နဲ့ သူ့ရဲ့မိသားစု၊ နောက်ပြီးမြန်မာနိုင်ငံမှာရှိနေသူအားလုံးရဲ့ ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးနေပါတယ်။

နောက်ပြီးအကြမ်းဖက်ဖြိုခွင်းနေသူတွေကိုလည်းမေးချင်ပါတယ်…
သင်လုပ်ဆောင်နေသည့်အရာအတွက်အနာဂတ်ရှိပါသလား။
သင့်ရဲ့လက်ရှိအလုပ်ကိုသင့်ကလေးအား ဂုဏ်ယူစွာရှင်းပြပေးနိုင်မလား။
သင့်အဖေနှင့်အမေကသင့်အလုပ်ကိုဝါကြွားနေကြပါသလား။

ရင်ဘက်ပေါ်မှာလက်တင်ပြီး နောက်တစ်ကြိမ်စဥ်းစားပါ…

စစ်တပ်နဲ့ရဲ နှစ်ခုလုံးဟာ ပြည်သူကိုကာကွယ်ရမယ့်အဖွဲ့အစည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ပေးအပ်ထားတဲ့လက်နက်ကို ကိုင်ထားကြတယ်။

သို့သော်ထိုပြောင်းဝကိုပြည်သူတွေဆီပြန်လှည့်ပြီး ပြန်လည်ခုခံနိုင်စွမ်းမရှိသူတွေကိုပစ်ခတ်ခြင်းကဲ့သို့သော မသင့်တော်တဲ့လုပ်ရပ်တွေကိုကျူးလွန်နေတယ်။
ဒါကို လူတိုင်းသိနေပါတယ်။

တည်ငြိမ်အေးချမ်းသာယာခဲ့သော လွန်ခဲ့သည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း သင့်နဲ့သင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို စဥ်းစားကြည့်လိုက်ပါ။
ဒီအတိုင်းသတ်ဖြတ်ခြင်း၊ ဖြိုခွဲခြင်းဆက်လက်လုပ်ဆောင်နေလည်း ရှေ့မှာမှောင်မိုက်ပဲရှိပါတော့တယ်။

မှောင်မိုက်ကိုဖန်တီးနေတဲ့သင်ဟာ စိတ်ကျေနပ်မှုမရှိမှာအသေအချာပါပဲ..
အခုမှဆိုလည်းရတယ် လူတစ်ယောက်အနေနဲ့လမ်းကြောင်းမှန်ဟာ ဘာလဲ..
ဒီစကားလေးကို ပြန်လည်စဥ်းစားဖို့အခွင့်အရေးပေးခဲ့မယ်ဆို ဝမ်းသာမိမှာအမှန်ပါပဲ…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: