ဂျပန်ရဲ့ နာနာဘာဝဟာ နှစ်ပေါင်း ၄၀၀ အထိရှိ !!!!

သင်ဟာ သရဲတွေကိုမြင်နိုင်သူတစ်ယောက်လား?
ကျွန်တော်တော့မမြင်ဖူးပေမဲ့ ယုံကြည်တဲ့အတွက် အရမ်းကိုကြောက်ပါတယ်။ လုံးဝမြင်လည်းမမြင်ချင်တာကြောင့် သရဲခြောက်တဲ့နေရာတွေရော၊ သရဲကားတွေရောလုံးဝမကြည့်ပါဘူး..

လက်ရှိသိပ္ပံပညာအရ သရဲဆိုတာကိုသက်သေပြခြင်းမရှိသေးပေမယ့်၊ အမှန်တကယ်က သက်သေမပြသေးတာပဲဖြစ်ပြီးတော့ သရဲဆိုတာတကယ်မရှိဘူးဆိုတဲ့ သက်သေဟာလည်းမရှိပါဘူး။
အခု ကျွန်တော်ဒီအကြောင်းအရာတွေကိုရေးနေတာ ည ၁၁း၀၀ နာရီကျော်လောက်ရှိလာပြီးဆို‌တော့ နည်းနည်းတောင်ကျောချမ်းလာတယ်…

ဒါပေမယ့် ပြန်စဥ်းစားကြည့်မယ်ဆိုရင် သရဲတွေမှာလည်း သက်တမ်းရှိတယ်ဆိုတာ အမှန်တကယ်လာ?
အရင်ကတည်းက သရဲတွေရဲ့သက်တမ်းဟာ နှစ်ပေါင်း ၄၀၀ ကနေ ၅၀၀ လို့ပြောကြပါတယ်။
အဲ့ဒီလိုပြောမယ်ဆို ကျောက်ခေတ်ကတည်းက သရဲဆိုတာကိုမကြားဖူးပါဘူး။
သေဆုံးပြီးသွားတဲ့လူတစ်ယောက်ဟာ သရဲဘဝကိုရောက်သွားမယ်ဆို အဲ့ဒီအချိန်ကတည်းက သရဲတွေရှိနေလောက်ပါပြီ..

 

https://note.com/sales_entre/n/n9e13adb9d74f

သရဲဖြစ်ရကြေးဆို အဲ့ဒီအချိန်ကာလရဲ့ လူတွေဟာ အားလုံးအေးအေးဆေးဆေးပဲသေဆုံးသွားပြီး သရဲမဖြစ်သွားပါဘူးဆိုရင်တော့ နည်နည်းမကျေနပ်စရာကောင်းတယ်နော်..
သရဲတွေမှာ သက်တမ်းရှိတယ်လို့တွေးတာကရော သင့်တော်ပါ့မလား…

ဒါဆိုဘယ်နှစ်နှစ်လောက်က သက်တမ်းရှိလဲ
ဒါကိုဆုံးဖြတ်နိုင်မယ့် စိတ်ဝင်စားစရာအချက်အလက်ရှိပါတယ်။

関ヶ原(せきがはら)Sekigahara ဆိုတဲ့နေရာဟာ ကြီးမားတဲ့စစ်ပွဲဖြစ်သွားတဲ့နေရာပေါ့..
ဒီနေရာဟာ ဆာမူရိုင်းတော်တော်များများသေဆုံးသွားတဲ့နေရာဖြစ်ပါတယ်။
ရန်သူဆီက သုတ်သင်သတ်ပစ်ခြင်းခံရတာကြောင့် နာနာဘာဝရောက်သွားကြပါတယ်။

အမှန်တကယ်က ဒီနေရာဟာသရဲတွေအမြောက်အများရှိနေတဲ့နေရာအဖြစ် ပြောစမတ်ပြုလာခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၀၀ ခုနှစ်ကနေစပြီး သရဲခြောက်မှုတွေနည်းပါးလာတယ်လို့ ဆိုပါတယ်။

Sekigahara အရပ်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ ၁၆၀၀ ခုနှစ်ကဖြစ်ပါတယ်။
အဲ့ဒီလို နှစ် ၄၀၀ လောက်ကြာသွားတဲ့အချိန်မှာ သရဲတွေနည်းပါးသွားတယ်။
ဒါနဲ့ပဲ သရဲရဲ့သက်တမ်းဟာ နှစ် ၄၀၀ ဆိုပြီးထွက်လာပါတော့တယ်။
မှန်နေမလားတော့မသိပါဘူး…

ဒါပေမဲ့ နည်းနည်းထပ်ကြည့်ရအောင်
ဂျပန်ရဲ့ နတ်ကွန်းတွေမှာ သေဆုံးသူတွေကိုကိုးကွယ်ကြတဲ့နေရာတွေ အများအပြားရှိကြပါတယ်။

ဥပမာပေးရရင် 湯島天神。(ゆしま てんじん)Yushima Tenjin

https://www.wakon-style.jp/tokyo/list/yusimatenmangu.html

 

ဒီနေရာဟာ 菅原道真(すがわらの みちざね)Sugawarano Michizane ဆိုတဲ့ပုဂ္ဂိုလ်က ပညာရေးနတ်ဘုရားအဖြစ် ကိုးကွယ်ခြင်းခံရတဲ့နေရာဖြစ်ပါတယ်။
အထက်တန်းကျောင်းနဲ့တက္ကသိုလ်ရဲ့ ဝင်ခွင့်စာမေးပွဲမတိုင်ခင်၊ တိုကျိုမှာနေထိုင်သူအများအပြား လာရောက်ကြပါတယ်။
နောက်ပြီး ဒီ 湯島天神で Yushima Tenjin မှာ ဝယ်တဲ့ခဲတံနဲ့ စာမေးပွဲဖြေမယ်ဆို အောင်မြင်မယ်လို့ အယူရှိကြပါတယ်။

ဒါပေမဲ့ ဒီပုဂ္ဂိုလ်ဟာ ၉၀၃ ခုနှစ်ကတည်းကသေဆုံးသွားခဲ့တာပါ..
နှစ်ပေါင်း ၁၁၀၀ မတိုင်ခင်ကဖြစ်ပါတယ်။
ပထမပြောသလိုပဲ သရဲတွေဟာ သက်တမ်း ၄၀၀ ကနေ ၅၀၀ အထိဆိုတဲ့သီအိုရီအရ၊ ဒါဟာထိရောက်မှုမရှိနိုင်ချေများပါတယ်။
ဒါမှမဟုတ် ဒီအဆင့်အထိ ထိရောက်မှုရှိမယ်ဆိုရင်တော့ ပုံမှန်ဝိညာဥ်တွေနဲ့မတူပဲ သက်တမ်းပိုပြီးရှည်နေတာများလားလို့ တွေးနိုင်ပါတယ်။

ဒီထူးဆန်းအံ့သြမှုကို သိပ္ပံပညာအရသုတေသနလုပ်မှုတွေ နောက်ပိုင်းရှိလာမလား?

အဲ့ဒီလောက်အထိတော့ နတ်ဘုရားနဲ့ခဲတံအပေါ်မှာမမှီခိုဘဲ စာမေးပွဲအတွက်ကိုယ့်အားကိုကိုးပြီးလုံ့လထုတ်သွားဖို့ လိုအပ်မယ်နော် ….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: