Positive thinking ဖြင့် ပျော်ရွှင်မှုဆီသို့အရောက်သွားပါ !!!!

iPhone ကြီးလက်ထဲကနေလွတ်ကျပြီး ကွဲသွားပြီ…
ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံလိုက်ရပြီ….
ကောင်မလေး ထားသွားပြီ…

အဆိုးတွေပဲဆက်တိုက်ကြုံလာရတဲ့အခါ စိတ်တွေအမှောင်ဖုံးသွားရတယ်နော်…
စိတ်တွေအမှောင်ကျသွားတဲ့အချိန် အဲ့ဒါကိုသာတွေးနေမယ်ဆို ပိုပြီးစိတ်ညစ်စရာတွေ ဝင်လာပါလိမ့်မယ်။ ဒါနဲ့ပဲ အနုတ်လက္ခဏာ မကောင်းတဲ့အကြောင်းအရာဘက်ဆီ ရောက်သွားရပါတော့တယ်။

အဲ့ဒီအချိန် မိမိတွေးနေတာတွေကို Positive thinking ဘက်ပြောင်းကြည့်ဖူးလာ?
ဥပမာ ….

 

iPhone ကြီးကျကွဲသွားပြီ..
“ ကဲ..အသစ်လဲဖို့အချိန်တန်ပြီကိုး” ….အသစ်ဝယ်လဲလို့သာပြောပေမဲ့ ဘုရားတွေကလာဆင်းဝယ်ပေးရင်တော့ ကိစ္စမရှိဘူးပေါ့နော်….
ဝယ်ပြီးတာနဲ့ချက်ချင်း..
“ ဟုတ်ပြီ..သေသေချာချာလေးမကိုင်လို့တော့ မရဘူး..သင်ခန်းစာရသွားပြီ..
ထွက်ငွေကြောင့် သွေးတိုးရပေမဲ့၊ သင်ခန်းစာရသွားလို့ နောက်ထပ်ဒါမျိုးမဖြစ်စေရတော့ဘူး !!! ”

 

ပိုက်ဆံအိတ် ကျပျောက်သွားပြီလား?
“ တော်ပါသေးတယ်။ ပိုက်ဆံအများကြီးထည့်ထားတဲ့အချိန် မပျောက်သွားလို့။
ဒါကနိုင်ငံခြားမှာသာ ပျောက်သွားရင်ဘယ်လိုဖြစ်မလဲ။ ကိုယ်နိုင်ငံတွင်းမှာပဲဖြစ်လို့ ရပါတယ်လေ..”

 

ကောင်မလေးနဲ့ကွဲသွားပြီလား?
“ ဒီမိန်းကလေးနဲ့ သဘောထားမတိုက်ဆိုင်ခဲ့ပါဘူး..မြန်မြန်ပြတ်သွားလို့ တော်ပါသေးရဲ့
အေလေ.. နောက်တစ်ယောက် ရှာတာပေါ့ !!”

ဒီလိုရှေ့ဆက်လှမ်းဖို့ပဲ စဥ်းစားပါ..
စိတ်ဓါတ်ကျမှုကနေ အနည်းငယ်ပျော်ရွှင်လာမှာပါ..
စိတ်ဓါတ်ကျနေမယ်ဆိုရင်တောင်မှာ ဖြစ်ပြီးသွားတာတွေက ပြန်ကောင်းလာတော့မှာ မဟုတ်တာကြောင့်ပဲဖြစ်ပါတယ်။

 

https://3k8pb633fck715pnk94793lq-wpengine.netdna-ssl.com/wp-content/uploads/Positive-thinking-cloud.jpg

 

“ အနုတ်လက္ခဏာကွင်းဆက်တွေ၊ စိတ်ညစ်စရာတွေက လှမ်းခေါ်နေတယ်” ဆိုတဲ့စကားလုံးကို ဂျပန်မှာအသုံးပြုနေသလို၊ နိုင်ငံအများစုကလည်း ဒီစကားတစ်လုံးကိုပဲ အသုံးပြုနေကြမယ်လို့ ထင်ပါတယ်။
သို့သော် ခေါင်းအေးအေးနဲ့စဥ်းစားကြည့်ပါ…

“ ဘုရားတွေက မြင်ရောမြင်နေပါရဲ့လား?”

ဟုတ်ကဲ့ အဲ့ဒီခံစားချက်ကိုနားလည်ပါတယ်၊
ဒါပေမဲ့ လက်တွေ့မှာတော့ ဘုရားနဲ့ပုထုဇဥ် လူသားနဲ့ကအလွှာမတူတဲ့အတွက် မတတ်နိုင်ပါဘူး။
သို့သော် ဘုရားမှမဟုတ်ပါဘူး…သိပ္ပံနည်းကျလည်းဒါကို သက်သေပြနိုင်ပါတယ်။

နေမကောင်းတဲ့အချိန် ပိုပြီးပြင်းပြင်းထန်ထန်နေမကောင်းဖြစ်တဲ့အချိန်ဆို စိတ်ဓါတ်ကျသွားတတ်တာ သဘာဝပါပဲ။
သို့သော် ဒါလေးနဲ့စိတ်အမှောင်ဖုံးသွားတာလား၊ ဘာပဲဖြစ်ဖြစ်ပြန်ကောင်းလာမယ်ဆိုတဲ့အတွေးက ရလဒ်မှာလည်း အမှန်တကယ်ပြောင်းလဲမှုဖြစ်စေတာကို ဆေးပညာပိုင်းကလည်းအသိအမှတ်ပြုထားပါတယ်။

လွတ်မြောက်မယ်! ပြန်ကောင်းလာမယ် ! ဒီလိုပြင်ဆင်မှုက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ခုခံအား၊ Recovery power ကို ပြန်ပြီးမြင့်တက်စေတယ်ဆိုတာ တစ်ကမ္ဘာလုံးလည်း လက်ခံထားကြပါတယ်။

နောက်ပြီး နေမကောင်းဖြစ်ရတဲ့အကြောင်းအရင်းကိုရှာကြည့်ရင် စိတ်ဖိစီးမှုက အဓိကတရားခံလိုဖြစ်နေပြီး၊ ဒါကို Positive thinking အနေနဲ့ပြန်တွေးပြီး stress တွေကို မောင်းထုတ်လိုက်နိုင်ရင် နေမကောင်းဖြစ်ခြင်းရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်။

အတွေးတွေကအမှောင်ဖုံးနေတာကြောင့် သက်ပြင်းချည်းပဲချမိရင် ချစ်သူကောင်မလေးလည်း စိတ်ညစ်သွားမလာ?
လမ်းခွဲဖို့အခြေအနေတွေ မိမိဘက်ကပဲ ပေးနေမိမယ်လေ…
ပြတ်သွားပြီးနောက်လည်း အနုတ်ဘက်ကိုပဲတွေးနေရင်တော့ ချစ်သူအသစ်လည်းရမှာမဟုတ်တော့ပါဘူး…

ဒုက္ခတွေကိုပဲတွေးနေရင် မိမိရဲ့ ဖုန်း၊ ပိုက်ဆံအိတ် ဒါတွေကိုပါ သတိမထားနိုင်တော့ဘဲ ခါးပိုက်နှိုက်ခံရလိုက်၊ ပျောက်သွားလိုက်ဖြစ်နိုင်သလို၊
မိမိရဲ့ ချစ်သူပါ စိတ်ပျက်ပြီး ခြံခုန်သွားနိုင်ပါတယ်…..

Positive thinking က မကောင်းတာတွေကိုတားဆီးပေးတာတော့ မဟုတ်ဘူးပေါ့…..
ဒါပေမဲ့ အဲ့ဒီရာခိုင်နှုန်းကိုနည်းစေတယ်…
အဲ့ဒီနောက်ကောင်းတဲ့အရာတွေကို မိမိကိုယ်တိုင်ရှာဖွေနိုင်လာအောင် စွမ်းဆောင်ပေးပါတယ်။
အလုပ်အကိုင်ကောင်းလည်း အဲ့ဒီလိုပါပဲ…..

အလုပ်မှာ ဆုံးရှုံးမှုကြီးတွေရလိုက်တဲ့အချိန် အဲ့ဒါကိုသင်ခန်းစာယူပြီး နောက်တစ်ကြိမ်တော့ အဖြစ်မခံတော့ဘူးမဟုတ်လား…!!!
စိတ်ရှိတိုင်းဒေါသထွက်နေတဲ့အချိန် အခန့်မသင့်လုပ်မိသွားတာတွေအများကြီးရှိပါတယ်။
သို့သော် အခုထက်ပိုပြီးတာဝန်ရှိတဲ့နေရာမှာ သင်ရောက်နေတဲ့အချိန် ဒီပြဿနာဖြစ်လာခဲ့ရင်?

စိတ်ဆိုးရုံနဲ့ ပြီးသွားမှာမဟုတ်ပါဘူး….

 

“ အခုဒီလောက်နဲ့ပြီးသွားလို့ တော်ပါသေးတယ်..
စီနီယာခင်ဗျာ၊ ကျွန်တော်တောင်းပန်ပါတယ်နော် ! “

 

ဒီလိုစဥ်းစားလိုက်မယ်ဆို အဆင်ပြေသွားနိုင်ပါတယ်..
သေချာပေါက်၊ ပြဿနာမဖြစ်အဆင်ပြေချောမွေ့နေသူဆိုရင်တော့ ပိုပြီးကောင်းတာပေါ့….

ရွှင်လန်းတက်ကြွသူနဲ့၊ သက်ပြင်းချည်းပဲချနေသူ (၂) ဦးမှာ ဘယ်သူကစကားပြောလွယ်ကူမလဲ?
ဘယ်သူ့ကိုအလုပ်အပ်ချင်ပါသလဲ?

ရွှင်လန်းတက်ကြွသူဆီပဲ အားလုံးသွားကြမှာ သေချာပါတယ်။
စိတ်ညစ်နေသူတစ်ယောက်မှာ ကောင်းတဲ့ရလဒ်တွေထွက်မလာပါဘူး…
ဒါဆိုရင်တော့ ရွှင်လန်းတက်ကြွစွာနဲ့ ကြိုးစားကြရအောင် !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: