မင်းသမီးချောလေး Mone Kamishiraishi နှင့် Moka Kamishiraishi

ဒီနေ့ရွေးချယ်ထားတဲ့ မင်းသမီး (၂)လက်ရှိပါတယ်… သူတို့တွေကညီအမတွေပဲတဲ့…
Mone Kamishiraishi နဲ့ Moka Kamishiraishi တို့ပဲဖြစ်ပါတယ်။

https://pbs.twimg.com/profile_images/1211502437237788672/ts5Cl4E6.jpg

အရင်ဆုံးတစ်ယောက်ချင်းစီမိတ်ဆက်ပေးပါမယ်။….
စာဖတ်သူတို့ 2019 ခုနှစ်ကမှထွက်ထားတဲ့ “恋はつづくよどこまでも” ဆိုတဲ့ဇာတ်ကားကိုသိကြလား?
မင်းသားအနေနဲ့ Takeru Sato ပါဝင်သရုပ်ဆောင်ထားတဲ့ ဆရာဝန်ဇာတ်ကားဖြစ်ပါတယ်။ ( ၁၆ ခေါက်ကြည့်လိုက်တယ်!! 😀 )
ဒီဇာတ်ကားထဲမှာမင်းသမီး Kamishiraishi Mone ဟာ Sakura အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။

သူမရဲ့အကြောင်းကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့
သူမဟာ (၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၇ ရက်နေ့)မှာမွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ Kagoshima ခရိုင်ကဖြစ်ပါတယ်။
အရပ်ကတော့ 1.52 m ပါ။ အခုဆိုရင် သူမအသက် (၂၂)နှစ်ရှိပါပြီး.. ငယ်ငယ်လေးနဲ့အောင်မြင်နေတယ်နော်…
သူမပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားများစွာထဲကမှ ၃ ကားလောက်ကိုမိတ်ဆက်ပေးပါမယ်

(1) Your Name

https://upload.wikimedia.org/wikipedia/en/thumb/0/0b/Your_Name_poster.png/220px-Your_Name_poster.png

မထင်ထားဘူးနော်…ကမ္ဘာတစ်ဝှမ်းအောင်မြင်တဲ့ Your Name ဆိုတဲ့ animation မှာ သူမဟာအသံသရုပ်ဆောင်အဖြစ်နဲ့ပါဝင်ခဲ့ပါတယ်။

(2) Lady Maiko

https://asianwiki.com/images/a/a9/Maiko%2C_A_Lady%3F-0001.jpg

ဒီဇာတ်ကားထဲမှာလည်း မင်းသမီးအဖြစ်ပါဝင်ထားပြီး Maiko တစ်ယောက်ရဲ့ဘဝကိုအကောင်းဆုံး ထင်ဟပ်ပြသပေးနိုင်တဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကထွက်ထားတဲ့ဒရမ်မာပါ။

(3) 恋はつづくよどこまでも(love lasts forever japanese drama)

https://asianwiki.com/images/5/50/Love_Lasts_Forever-mp1.jpg

ဒါကတော့ ညွှန်းစရာမလိုလောက်တော့ဘူးထင်တယ်နော် ….
crush ကို ၅ နှစ်လုံးလုံးကြိုက်လာခဲ့ပြီး သူ့ဆီရောက်အောင်ကြိုးစားရင်း နောက်ဆုံးတွေ့လိုက်ရတဲ့ crush ကမကောင်းဆိုးဝါးတစ်ကောင်လို့ သူမကိုဆက်ဆံတယ်။ ဒါနဲ့ပဲဇွဲမလျော့တမ်းကြိုးစားရင်းနောက်ဆုံးမှာတော့……..

ကဲ. နောက်ထပ်သူမရဲ့ ညီမဖြစ်သူကို မိတ်ဆက်ပေးပါအုံးမယ်..
မင်းသမီး Moka Kamishiraishi ပါ။ သူမကတော့ အမဖြစ်သူလိုမင်းသမီးတစ်ယောက်၊ အဆိုတော်တစ်ယောက်ဖြစ်ရုံသာမက မော်ဒယ်တစ်ယောက်အနေနဲ့လည်း အနုပညာလောကထဲမှာလှုပ်ရှားနေပါတယ်။
သူမဟာ (၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့) မှာမွေးဖွားပြီး အခုဆိုအသက် ၂၀ ရှိပါပြီး။

(1)Mirai

https://i.vimeocdn.com/video/872928236_295x166.jpg

ဒီ animation မှာ အသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။

(2)A Forest of Wool and Steel

https://upload.wikimedia.org/wikipedia/en/thumb/8/8f/A_Forest_of_Wool_and_Steel.jpg/220px-A_Forest_of_Wool_and_Steel.jpg

ဒီဇာတ်ကားမှာတော့ အမဖြစ်သူနဲ့အတူသရုပ်ဆောင်ထားတာကိုမြင်တွေ့ရမှာပါ။…နောက်ပြီး ဒီဇာတ်လမ်းနဲ့ပဲသူမဟာ “ Japan Academy Award for Newcomer of the Year” ဆုကိုရရှိခဲ့ပါတယ်။ စကားမစပ် Morisaki Win လည်းဒီဆုကို ၂၀၁၉ ခုနှစ်ကရရှိခဲ့ပါတယ်။

 

(3) Mr. Hiiragi’s Homeroom

https://pbs.twimg.com/media/D1vyWxiUgAAPnyW.jpg

ဒီဇာတ်လမ်းလေးမှာ သူမကိုကျောင်းသူလေးတစ်‌ယောက်အဖြစ်မြင်တွေ့ရမှာပါ…

ဒီနေ့ JAPO ပရိသတ်တို့အတွက် ချစ်စရာကောင်းတဲ့မင်းသမီးလေး (၂)ယောက်ကို သူတို့ရဲ့အနုပညာလှုပ်ရှားမှုနဲ့အတူ မိတ်ဆက်ပေးလိုက်ပါပြီး… အနုပညာရှင်တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားသူတွေအတွက်လည်း နောက်ထပ်ဘယ်သူတွေကိုမိတ်ဆက်ပေးအုံးမလဲဆိုတာ စောင့်မျှော်ပေးကြပါအုံးနော်…..

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: