ကလေးရောလူကြီးပါ ပျော်ရွှင်စေမည့် ခဲဖျက်တံဆိပ်ရဲ့ အကျိုးသက်ရောက်မှုက အလွန်အံ့အားသင့်စရာပါပဲ !

မိဘများက သူတို့ကလေးများကျောင်း၌ရှိနေစဉ် ဘာတွေဖြစ်နေသည်ကိုသေချာမသိနိုင်ပါဘူး။
ဒီနေရာမှာ အဆက်အသွယ်စာအုပ်ဟာ ထိုကဲ့သို့သောမိဘများရဲ့ စိုးရိမ်မှုကိုဖြေရှင်းပေးပါတယ်။

https://iwaonnsakubunn.blogspot.com/2016/11/blog-post_8.html

ဆရာက မိဘများအား ပြောစေလိုသည့်အရာများကို ထိုစာအုပ်မှတစ်ဆင့်ရေးပြီး ကလေးကိုအိမ်သို့ယူသွားစေတာဖြစ်ပါတယ်။
မိဘများက ထိုစာကိုဖတ်ပြီး ပြန်ကြားစာရေးပါတယ်။

အက္ခရာတွေပဲဖြစ်ပေမဲ့ ကျောင်းသား ၃၀ လောက်အတွက်ဆိုတော့ ဆရာအတွက်က အရမ်းကိုခက်ခဲပါတယ်။
သို့သော် ဒီလိုအရာဟာ အလွန်အရေးကြီးတဲ့အရာဖြစ်လို့ ဒီထက်ပိုပြီး ကျောင်းသားမိဘနှင့် ဆက်သွယ်ပြောဆိုနိုင်မည့်အရာရှိမလားဟုတွေးမိခဲ့တဲ့ ကျောင်းဆရာရှိခဲ့ပါတယ်။
ဟုတ်ပြီ၊ မူရင်းကိုယ်ပိုင် Hanko တံဆိပ်တုံးကို ထုကြည့်ကြရအောင်!


https://twitter.com/showatase/status/1254718587937275905

ဒါတွေက ခဲဖျက်ဖြင့် ပြုလုပ်ထားတဲ့ တံဆိပ်တုံးတစ်ခုဖြစ်ပါတယ်။ဒီလို ခဲဖျက်တံဆိပ်တုံးပုံစံမျိုးစုံ အခု (၁၂၀၀) ကျော်ကို ပြုလုပ်ပြီးသိမ်းဆည်းထားတာဖြစ်ပါတယ်။နေ့တိုင်း မတူညီတဲ့ တံဆိပ်တုံးများနှိပ်ထားတဲ့ စာကိုရတဲ့အခါ ကလေးများက အလွန်ဝမ်းမြောက်ကြပြီး
ဒါကိုလက်ခံရရှိသောမိဘများသည်လည်း ပျော်ရွှင်လာကြပါတယ်။ မိဘများက သူတို့ကလေးများသည် အိမ်စာမလုပ်သည်ကို ထို ဆရာနှင့်ကျောင်းသားမိဘ ဆက်သွယ်ရေးစာအုပ်မှတစ်ဆင့် သိရှိသွားပြီး မိဘများကလည်း ဆက်သွယ်ရေးပြုလုပ်တဲ့စာအုပ်ကိုစိတ်၀င်စားလာကာ
ရလဒ်အနေဖြင့် မိဘများက ဆက်သွယ်ရေးစာအုပ်မှတစ်ဆင့် အိမ်တွင်အိမ်စာလုပ်ရန်ပြောခဲ့သည့်ကလေးများရဲ့ အိမ်စာလုပ်တဲ့ ရာခိုင်နှုန်းသည် ၁၀၀% အထိရောက်ရှိနေပုံရပါတယ်။

ခဲဖျက်တံဆိပ်တုံးများကို လူတိုင်းပြုလုပ်နိုင်ကြပြီး ၎င်းတို့ကလည်း အလွန်စျေးကြီးသောပစ္စည်းများနှင့်ကိရိယာများမလိုအပ်သောကြောင့်ဖြစ်ပါတယ်။
သူတို့မှာဘာလိုခဲဖျက်တံဆိပ်တုံးတွေရှိလဲကြည့်ရအောင်။

https://gramho.com/explore-hashtag/ドラえもんはんこ


https://gramho.com/media/2396610734103742087

https://news.livedoor.com/article/detail/12828713/

https://twitter.com/azumiya__/status/878206744157016065?lang=euhttps://buhitter.com/search?q=消しゴムはんこ&offset=340

သင်ရော နည်းနည်းလောက် လုပ်ကြည့်ချင်သလား?
သင်လိုအပ်တာတွေက
ခဲဖျက်
ဒီဇိုင်းဓား
စက္ကူစာရွက်
ခဲတံ (ချွန်ထက်သောခဲတံ) တို့သာလိုအပ်ပါတယ်။
လုပ်ကြည့်ကြပါစို့ !

ပြုလုပ်လို့ ပြီးစီးသွားတဲ့ ခဲဖျက်တံဆိပ်တွေကို သစ်သားတုံးတစ်ခုနှင့်တွဲကပ်လိုက်တဲ့အခါမှာတော့ ရောင်းလို့ရတဲ့ တံဆိပ်တုံးလိုမျိုးလိုတောင်ဖြစ်သွားတာနော်။

http://kamehanko.blogspot.com/2014/01/blog-post.html

messenger နဲ့ပြောတဲ့ စာစကားကကောင်းပေမယ့် လက်ရေးနဲ့ရေးထားတဲ့အက္ခရာတွေရယ် လက်ဖြင့်လုပ်ထားတဲ့ ခဲဖျက်တံဆိပ်တုံးတွေကိုပေါင်းစပ်ပြီး လူသားဆန်တဲ့နွေးထွေးမှုတွေကို ရနိုင်တာကြောင့် ကျွန်တော်ကတော့ နှစ်သက်ပါတယ်။
သင်ရော ဒါကိုစမ်းမကြည့်ချင်ဘူးလား ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: