Hokkaido ‌ဒေသအစားအစာကိုဖော်ညွှန်းနေတဲ့ ချစ်စရာတံဆိပ်ခေါင်းလေးများ !!!!

အရသာရှိပုံရတဲ့အစားအစာတွေနဲ့ အံ့သြဖို့ကောင်းတဲ့ပန်းချီလက်ရာဒီဇိုင်းတွေဖြစ်ပြီး စမရောင်းခင်ကတည်းက အွန်လိုင်းမှာနာမည်ကြီးနေတဲ့ ဂျပန်စာတိုက်ရဲ့ Special တံဆိပ်ခေါင်းတွေဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ဒီဇိုင်းဖြစ်ပြီး “ သုံးလိုက်ရမှာတောင်နှမြောတယ်” “ စုထားချင်တယ်” ဆိုတဲ့လူတွေအများကြီးရှိနေပါတယ်။
အစားအစာမြို့တော် “ Fukuoka” ကို ၂၀၂၀ ဇန်နဝါရီလတွင်ထုတ်ဝေခဲ့တဲ့ ဂျပန်အစားအစာနှင့်ပတ်သက်သောတံဆိပ်ခေါင်းများအဖြစ် “ Oishii Nippon Series” မှာပြသခဲ့ပါတယ်။

ဒါကတော့ “ Oishii Nippon Series”   ရဲ့ Vol. 1 ပါ…

 

 

https://grapee.jp/wp-content/uploads/56569_02main.jpg

 

“ Fukuoka” အစားအစာတွေကိုအခြေခံထားတာပါ…ကြည့်ရုံနဲ့တင် သရေကျစေတဲ့လက်ရာလေးတွေ..

“ Oishii Nippon Series” Vol. 2 ကတော့ “ Sapporo” ရဲ့အစားအစာတွေပဲဖြစ်ပါတယ်။

 

https://grapee.jp/wp-content/uploads/64578_main01.jpg

 

https://grapee.jp/wp-content/uploads/64578_01.jpg

 

84 ယန်းတန်တံဆိပ်ခေါင်းကတော့ “ Sapporo Ramen” ,” Genghis Khan” စတဲ့ Hokkaido ရဲ့အထူးအစားအစာတွေဖြစ်ပြီး..
63 ယန်းတန်တံဆိပ်ခေါင်းကတော့ “ Yokan Twist” “ Hong Kong Yakisoba” စတဲ့ Hokkaido ရဲ့အသင့်စားအချိုပွဲအစားအစာတွေကို ရိုက်နှိပ်ထားတာပါ…..

ဒါကိုရရှိမယ့်သူကတော့ Hokkaido ဘက်ကိုရောက်သွားပြီး ဒေသအစားအစာတွေကိုလက်တွေ့စားနေရသလို ခံစားနိုင်မယ်လိုလည်း သဘောကျသူများကဆိုပါတယ်။

 

https://grapee.jp/wp-content/uploads/64578_02.jpg

စာဆိုတာ ပါးစပ်နဲ့ပြောမပြနိုင်လောက်တဲ့ သတိရခြင်းများစွာကိုထည့်သွင်းရေးသားထားတဲ့ စာရွက်တစ်ရွက်ဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေကတော့ ခံစားချက်တွေထည့်သွင်းထားတဲ့ စာနဲ့နောက်ဆုံးမှာတော့ မရည်ရွယ်ဘဲဖတ်ရသူပြုံးသွားစေမယ့် တံဆိပ်ခေါင်းလေးကပ်ပြီး စာပို့တဲ့အလေ့အထရှိပါတယ်။

သင်လည်း တန်ဖိုးထားမြတ်နိုးရတဲ့လူဆီ အပြုံးတွေနဲ့အတူသတိရခြင်းတွေကိုပါထည့်သွင်းရေးသားပြီး ဒီလိုချစ်စရာကောင်းတဲ့ တံဆိပ်ခေါင်းလေးကပ်လိုက်မယ်ဆိုရင်ရော…?

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: