တကယ်ရှိတဲ့ ပုံပြင်ထဲကလူသားစားစုန်းမ

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းပုံပြင်တွေထဲမှာ စုန်းမအိုကြီးတစ်ယောက်ရှိပါတယ်။

https://mag.japaaan.com/archives/90448

တောင်တန်းတွေကြားတဲ့မှာ ဒုက္ခရောက်နေတဲ့ခရီးသွားတွေက အိမ်သေးသေးလေးတစ်အိမ်ကို တွေ့လိုက်ပါတယ်။

အဲ့ဒီအိမ်လေးမှာ အဘွားအိုတစ်ဦးတည်းနေထိုင်တာပါ။

သဘောကောင်းကောင်းနဲ့ ခရီးသွားဧည့်သည်တွေကို ကြိုဆိုပေမယ့် ညသန်းခေါင်ရောက်တဲ့အခါ ခရီးသွားဧည့်သည်တွေကို သတ်စားပါတယ်။

အခုအချိန်မှာတော့ 安達ヶ原 ( あだちがはら ) အဓချိဂဟရ ရဲ့ စုန်းမလို့ခေါ်ကြပါတယ်။

 

တစ်ချိန်တုန်းက တိုကျိုမြို့ရဲ့ပြည်သူပိုင်နေရာဖြစ်တဲ့ ဘုရင့်အိမ်တော်မှာ 岩手 ( いわて ) အီဝတဲ့ ဆိုတဲ့ ကလေးထိန်းအမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။

အဲ့ဒီအိမ်တော်မှာမွေးဖွားလာတဲ့ မင်းသမီးကိုပျိုးထောင်ဖို့အတွက် ငှားရမ်းထားတဲ့ အီဝတဲ့ဟာ မင်းသမီးလေးကို တကယ့်သမီးအရင်းလို သဘောထားပြီး အနီးကပ်ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ မင်းသမီးလေး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ခဲ့ပါတယ်။

သမားတော်နဲ့ ပြခဲ့ပေမယ့်လည်း ရောဂါအမည်ကိုမသိခဲ့ရပါဘူး ။

ဒီလိုနဲ့ ဒုက္ခရောက်နေတဲ့ အီဝတဲ့ဟာ ဗေဒင်ဆရာဆီကို သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဗေဒင်ဆရာက ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့အသည်းကို အရှင်လတ်လတ်ထုတ်ယူပြီး စားမယ်ဆိုရင် ဒီရောဂါကို ကုလို့ရမယ်လို့ပြောခဲ့ပါတယ်။

ဒါကြောင့် အီဝတဲ့က မင်းသမီးလေးအတွက်တွေးပြီး လတ်ဆတ်တဲ့အသည်းကိုရှာဖို့အတွက် ခရီးနှင်ခဲ့ပါတယ်။

လွယ်လွယ်နဲ့တော့ရမယ်လို့တော့ မထင်ပါဘူး ။

အီဝတဲ့ဟာ 安達ヶ原 ( あだちがはら ) အဓချိဂဟရ ဆိုတဲ့နေရာနားက အိမ်လေးမှာနေထိုင်ပြီး ခရီးသွားမိန်းကလေးတွေကို ဆက်ပြီးတော့စောင့်နေပါတယ်။

ဒီလိုနဲ့ မင်းသမီးလေးကိုကုသဖို့ဆိုတာမေ့သွားပြီး နှစ်တွေအများကြီးအကြာမှာတော့ 生駒之助( いこまのすけ )အိခိုမနိုစုခဲ လို့ခေါ်တဲ့အမျိုးသားနဲ့ 恋衣(こいぎぬ)ခိုအိဂိနု ဆိုတဲ့အမျိုးသမီးတို့လင်မယားက ဝင်ရောက်တည်းခိုဖို့အတွက်ခွင့်တောင်းခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ခိုအိဂိနုဟာ ကိုယ်ဝန်ဆောင်ဖြစ်နေခဲ့ပါတယ်။

အီဝတဲ့အမြဲတမ်းစောင့်မျှော်နေခဲ့တာကလည်း ကိုယ်ဝန်ဆောင်ရဲ့ အသည်းအရှင်လတ်လတ်ဖြစ်ပါတယ်။

ဘယ်အချိန်မှာယူရင်ကောင်းမလဲဆိုတာကို စိုးရိမ်နေတဲ့အချိန်မှာပဲ ခိုအိဂိနု ရဲ့ ကလေးမွေးဖွားတော့မယ့်အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ခင်ပွန်းဖြစ်သူ အိခိုမနိုစုခဲ ကိုဆရာဝန်ခေါ်ဖို့ လွှတ်လိုက်ပြီး၊ အဲ့ဒီအတောအတွင်းမှာ အီဝတဲ့က ခိုအိဂိနုကို ပြောင်းပြန်လှန်ပြီး အသည်းအရှင်လတ်လတ်ကို ထုတ်ယူခဲ့မိပါတယ်။

ခိုအိဂိနု က သူမသေခင်မှာ စကားတစ်ခွန်းပြောသွားခဲ့ပါတယ်။

 

ငယ်ငယ်တုန်းက တိုကျိုမြို့မှာကွဲကွာခဲ့တဲ့ နို့ထိန်းအမေကိုရှာပြီး အိမ်ပြန်ခေါ်ဖို့အတွက်……..

 

ဟုတ်ပါတယ်…. ခိုအိဂိနု ဆိုတာက အီဝတဲ့ အမြဲတမ်းတမ်းတနေခဲ့တဲ့မင်းသမီးလေးဖြစ်နေပါတယ်။

မင်းသမီးလေးကို ကယ်တင်ဖို့အတွက် မင်းသမီးလေးကို ပြန်သတ်မိခဲ့တဲ့အဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

https://mag.japaaan.com/archives/90448/2

အကြောင်းအရင်းကိုသိလိုက်တဲ့ အီဝတဲ့က စိတ်ထိခိုက်ကြေကွဲမှုကြောင့် စုန်းမကြီးတစ်ယောက်လိုဖြစ်သွားပြီး အဲ့ဒီမှာ လာရောက်တည်းခိုသူတွေကို သတ်ပြီးတော့ သွေးစိမ်းတွေကိုသောက်တဲ့ “ အဓချိဂဟရ ရဲ့ စုန်းမကြီး “ အသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အီဝတဲ့ဟာ အပြစ်ပေးခံရပြီး အခုလက်ရှိ 阿武隈川(あぶくまがわ)အဘုခုမမြစ် နားမှာပိတ်ထားခံခဲ့ရပါတယ်။

အခုချိန်ထိ တောင်ပို့အနေနဲ့ရှိနေပါသေးတယ်။

https://mag.japaaan.com/archives/90448/3

 

သူရှိခဲ့တဲ့ အဓချိဂဟရ ဆိုတာက ဆိုင်းတမစီရင်စု မှာဖြစ်ပါတယ်။

နောက်ပြီးတော့ အဲ့ဒီတောင်ပို့လေးကျန်ရှိနေပြီး၊ လူသတ်တဲ့အခါမှာအသုံးပြုတဲ့ဓားကို ဆေးကြောတဲ့ ရေကန်ရှိနေသေးတာက တကယ့်လူအစစ်ဖြစ်ခဲ့လိမ့်မယ်လို့လည်း ပြောနေကြတဲ့ ထူးဆန်းတဲ့အကြောင်းအရာဖြစ်ပါတယ်။

အီဝတဲ့ ဘယ်အချိန်မှာ စုန်းမဖြစ်သွားတယ်ဆိုတဲ့ တိကျတဲ့မှတ်တမ်းတော့မရှိခဲ့ပါဘူး။

ဒါပေမယ့် စုန်းမဖြစ်သွားတဲ့ အီဝတဲ့ အကြောင်းကို သီချင်းစပ်ပြီးဆိုခဲ့တာက ၉၉၁ ခုနှစ်လောက်ကတည်းကဖြစ်ပါတယ်။

နောက်ပြီးတော့ ဖော်ပြချက်မှတ်တမ်းတွေမှာပါတာကတော့ ၁၁၂၈ ခုနှစ်မှာ ဖြစ်ပါတယ်။

စုန်းမကြီးဖြစ်သွားချိန်ကနေ နောက်ဆုံးချိန်ထိ ၁၃၇ နှစ်တောင် အသက်ရှင်ခဲ့ပါတယ်။

အီဝတဲ့က စိတ်တစ်ခုတည်းမဟုတ်ဘဲ လူကပါ စုန်းမ ဖြစ်သွားခဲ့ရတာပေါ့နော်

အီဝတဲ့စုန်းမကြီးရဲ့ ဇာတ်လမ်းက ထူးဆန်းပြီးတော့ တကယ်ဖြစ်ရပ်မှန်ဖြစ်နိုင်ချေများပါတယ်။

စာဖတ်သူတို့ရော ဒီလိုပဲထင်ပါသလား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: