ရှေ့ကိုပဲဆက်လျှောက်ပါ!! Keep Moving Forward !!!!!

အလုပ်ပဲဖြစ်ဖြစ် စာလေ့လာတာပဲဖြစ်ဖြစ် တစ်ခုခုကိုဖြစ်မြှောက်ပြီးစီးဖို့ လိုအပ်တဲ့အရာ
အဲ့ဒီအထဲမှာ ကျွန်တော် တန်ဖိုးအထားဆုံးကတော့ ဆက်တိုက်လုပ်ဆောင်ရမယ်ဆိုတာကို ယခင် Skill up နဲ့ပတ်သက်တဲ့ စာတွေမှာလည်း ပြောခဲ့တယ်လို့ထင်ပါတယ်။
လုံးဝကိုအလောတကြီးလည်းမဟုတ်၊ လုံးဝရပ်တန့်လိုက်တာလည်းမဟုတ်
မာရသွန်ပြေးတာနဲ့တူပြီး အခြေနေကောင်းတာကြောင့် သွားနေတဲ့အရှိန်နှုန်းကိုပြောင်းလိုက်မယ်ဆို ဆက်ပြီးမပြေးနိုင်ဖြစ်သွားမယ်။

ဆက်တိုက်လုပ်ဆောင်နိုင်တဲ့စွမ်းအား

ဒီစကားလုံးက ဂျပန်ဘာသာစကားမှာရှိသော်လည်း တကယ်ကိုပင်ပန်းတဲ့အရာဖြစ်ပါတယ်။

အဲ့ဒီအချိန် ကျွန်တော်ကတော့ အရမ်းကြိုက်တဲ့ရုပ်ရှင်ကိုကြည့်လိုက်၊ အရမ်းကြိုက်တဲ့ မြင်းကွင်းကိုပြန်မြင်ယောင်လိုက် လုပ်ပါတယ်။
ဒီတစ်ခါကတော့ အရမ်းကြိုက်တဲ့ Rocky the final ဆိုတဲ့ ရုပ်ရှင်ရဲ့ hero ဖြစ်တဲ့ Sylvester Stallone သရုပ်ဆောင်တဲ့ Rocky ပြောတဲ့ နာမည်ကြီးဇာတ်ဝင်ခန်း…

You, me, or nobody is gonna hit as hard as life.
But it ain’t how hard you hit; It’s about how hard you can get hit, and keep moving forward !

လူဘဝဆိုတာ ထိုးနက်မှုတွေနဲ့ မင်းကိုရိုက်ချမှာ။ သို့သော် မင်းဘယ်လောက်ပြန်ထိုးနက်နိုင်သလဲဆိုတာမဟုတ်ဘဲ၊ မင်းဘယ်လောက်အထိုးနက်ခံရပြီး ရှေ့ဆက်လျှောက်နိုင်လဲ ဆိုတာပဲဖြစ်တယ်။

Rocky ဆိုတာက အရမ်းကိုကြာနေပြီးဖြစ်တဲ့ ရုပ်ရှင်တွေထဲမှာ ပထမဆုံးရုပ်ရှင်က ၁၉၇၆ ခုနှစ်ရဲ့ဟာပဲဖြစ်ပါတယ်။
နာမည်မရှိ ဆင်းရဲတဲ့လက်ဝှေ့သမားဖြစ်ခဲ့တဲ့ Rocky ဟာ တစ်ပွဲပြီးတစ်ပွဲအနိုင်ရကာ ချန်ပီယံဖြစ်လာပြီး၊ အမေရိကန်ရဲ့ စကားအဖြစ်တက်လှမ်းလာပါတယ်။

အဲ့ဒီလိုသူဟာ အနားယူပြီးတာတောင်မှ Boxer တစ်ယောက်ရဲ့အိပ်မက်ကိုမစွန့်လွှတ်ဘဲ၊ အရွယ်ကျလာတဲ့ခန္ဓာကိုယ်နဲ့နောက်တစ်ကြိမ်ပြန်ကြိုးစားကြည့်တဲ့အခါ သားဖြစ်သူကိုပြောခဲ့တဲ့စကားက……

စီးရီးတစ်လျှောက်လုံး သူ့ရဲ့boxing style ကရုပ်ရှင်ထဲကစကားအတိုင်းပဲ…
အထိုးခံရတယ်၊ အထိုးခံရတယ်… လဲကျသွားပေမဲ့ပြန်ထပြီး ရှေ့ဆက်ပါ။
ပြီးရင်တော့ နောက်ဆုံးမှာအောင်မြင်မှုကို ဖမ်းဆုတ်လိုက်ပါ….

လူ့ဘဝဆိုတာ ပျော်စရာတွေနဲ့ပဲကြုံတွေ့ရမှာမဟုတ်ဘူး။
နောက်ပြီး ကိုယ်ရဲ့အဖော်တွေကပျော်ရွှင်နေတာကိုမြင်ရတဲ့အချိန် အဲ့ဒါကိုအားကျမနာလိုဖြစ်မိမှာသဘာဝပါပဲ

https://politicalcharge.files.wordpress.com/2019/10/unnamed-22.jpg

 

ဒါပေမဲ့ ကိုယ်လုပ်စရာရှိတာကိုပဲဆက်ပြီးလုပ်ပါ.. Keep moving forward!
ဆက်ပြီးကြိုးစားသွားတာကပဲ အရင်ဆုံး တောက်ပတဲ့ဂုဏ်ပြုမှုကိုခံရမှာပဲဖြစ်တယ်။

Rocky တစ်ဦးတည်းသာမဟုတ်ပါဘူး။
သင်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်၊ သီချင်းတွေမှာလည်း အတူတူပါပဲ
စိတ်ကိုပြန်လည်တက်ကြွစေတဲ့အရာတွေကို ရှာဖွေကြည့်ရှုပါ။

ကျွန်တော်ကတော့ ဒီရုပ်ရှင်၊ DVD တောင်ဝယ်ထားပြီး iPad ထဲမှာလည်းထည့်ထားပါတယ်။
စိတ်ခွန်အားတွေလျော့ကျသွားတဲ့အချိန် ခဏလောက်အနားယူပြီး ဒါကိုပြန်ကြည့်ပါတယ်။

300 ဆိုတဲ့ ရောမရုပ်ရှင်ကိုလည်း အရမ်းကြိုက်ပါတယ်။
သေချာပေါက် စာဖတ်သူတို့လည်း ကြည့်ပြီး စိတ်ခွန်အားတွေရရှိဖို့ မျှော်လင့်ပါတယ်။

#Nourish your motivation !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: