Miyazaki ခရိုင် Kobayashi မြို့က “ အမဲသားစိတ်ကြိုက်ယူလို့ရတဲ့အစီအစဥ်” ကိုစတယ်တဲ့!

https://grapee.jp/wp-content/uploads/56392_main02.jpg

၁၁ လပိုင်း ၂၉ ရက်က ဂျပန်မှာ いい肉の日( ကောင်းတဲ့အသားနေ့) လို့ခေါ်ပါတယ်။

supermarket မှာ အသားကို အထူးလျှော့ဈေးနဲ့ရောင်းနေတာဖြစ်ပါတယ်။

အာ့ဆို အသားဝယ်ကြရအောင်! လို့စဥ်းစားနေတဲ့လူလည်း ရှိကောင်းရှိလိမ့်မယ်နော်။

https://grapee.jp/wp-content/uploads/56392_01.jpg

ဒါပေမဲ့ အရည်အသွေးကောင်းတဲ့အသားဝယ်ချင်ရင် အထူးလျှော့ဈေးဆိုပေမဲ့လည်း အရမ်းဈေးကြီးတယ်နော်။

ဘဝမှာတစ်ကြိမ်လောက်တော့ “ အရည်အသွေးကောင်းတဲ့အသားကို စိတ်ကြိုက်” ယူကြည့်ချင်တယ်နော်။

အဲလိုအိမ်မက်မက်တဲ့လူတွေအတွက် စိတ်ဝင်စားတဲ့ promotion လုပ်နေတဲ့မြို့ရှိပါတယ်။

အဲဒါက Miyazaki ခရိုင် Kobayashi မြို့ ဖြစ်ပါတယ်။

Kobayashi မြို့မှာ A5 rank ရဲ့ အရည်အသွေးအရမ်းမြင့်တဲ့ 黒毛和牛 အမဲသား နဲ့ နာမည်ကြီးပါတယ်။

အံ့သြစရာကောင်းတာက Kobayashi မြို့က သမိုင်းမှာပထမဦးဆုံး “ အမဲသားစိတ်ကြိုက်ယူလို့ရတဲ့အစီအစဥ်” ကိုစခဲ့ပါတယ်။

အကုန်လုံး အလကားပေးမယ် လို့ Website မှာရေးထားလို့ လန့်သွားတယ်နော်!

ကဲ၊ ဘယ်လောက်စားလို့ကောင်းတဲ့အမဲသားစားလို့ရသလဲ?

ဝင်ကြည့်ကြမယ်…

https://grapee.jp/wp-content/uploads/56392_01-1.jpg

 

ဟယ်? oniku images? ဘာကြီးလဲ…?

စိတ်ကြိုက်ယူလို့ရပေမဲ့ အမဲသားအစစ်မဟုတ်ဘဲ၊ အမဲသားဓါတ်ပုံတွေကို Website ကနေ ယူလို့ရတယ်တဲ့….

စားလို့မရဘူးလား?? လို့မေးကြည့်ချင်တယ်နော်…

ကောင်းတဲ့အသားနေ့ဆိုတာက ကောင်းတဲ့အမဲသားကိုကြည့်ပဲကြည့်ပေးပါ ဆိုတဲ့အဓိပ္ပါယ်လား…

 

“ oniku images” ထဲမှာ ခွင့်ပြုချက်မယူဘဲသုံးလို့ရတဲ့ အသားဓါတ်ပုံတွေ ၇၁ ပုံရှိတဲ့ “ oniku gallery” ၊ အဲဒီ gallery ကနေယူလာတဲ့ဓါတ်ပုံသုံးပြီး editing လုပ်တဲ့လက်ရာ နဲ့ အသားကိုခေါင်းစဥ်လုပ်ထားတဲ့လက်ရာ ၂၉ ပုံရှိတဲ့ “ oniku museum” ပါပါတယ်။

ဒီတစ်ခေါက်မှာ oniku museum ကနေ အရမ်းဆွဲဆောင်မှုရှိတဲ့ဓါတ်ပုံလက်ရာနဲ့ မိတ်ဆက်ပေးပါမယ်။

 

Happy Birthday အသား

https://grapee.jp/wp-content/uploads/56392_03.jpg

 

ပြီးတော့… အသားလာပြီတဲ့။

https://grapee.jp/wp-content/uploads/56392_203.jpg

ဒီဓါတ်ပုံကို Facebook မှာတင်ပြီး ၂ ယောက်နဲ့ အတူတူ အသားကင်ဆိုင်ကိုလာပြီလို့ ပြောလည်းရတယ်နော်။

https://grapee.jp/wp-content/uploads/56392_204.jpg

 

idol group နဲ့အတူတူလုပ်နေလို့ ဒီလိုချောတဲ့မိန်းကလေးပါတဲ့ပုံလည်း အများကြီးရှိပါတယ်။

oniku images ကနေယူပြီးလုပ်တဲ့ poster လည်းရှိပါတယ်။

၁၂ လပိုင်းကနေ Kobayashi မြို့ထဲ အများဆုံး ၆ နေရာမှာ ကပ်မှာဖြစ်ပါတယ်။

https://grapee.jp/wp-content/uploads/56392_010_4.jpg

ဒီ poster ကြည့်ဖို့ Kobayashi မြို့ကိုလာလို့လည်းကောင်းတယ်နော်။

ဒီမြို့မှာ သဘာဝပေါကြွယ်ဝပြီး ရေပူစမ်းလည်းရှိပါတယ်။

ပြီးတော့ အရည်အသွေးမြင့်တဲ့အမဲသားအစစ်လည်းစားလို့ရပါတယ်!

ဓါတ်ပုံတင်မကဘဲ အစစ်လည်းလိုချင်တယ်ဆိုရင် Miyazaki ခရိုင် Kobayashi မြို့ကို လာခဲ့ပါနော်။

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: