Shower room ကနေအဆင့်မြင့်တိုးတက်လာပြန်တဲ့ system တစ်ခု

Toilet နဲ့ပတ်သက်ပြီး အသန့်ကြိုက်လွန်းတဲ့ဂျပန်…
Toilet ကို system စုံလင်စွာနဲ့ဖန်တီးထားကြပါတယ်။ (စာရေးသူကိုယ်တိုင်ကလည်း အစပိုင်းက ဂျပန်စတိုင်Toilet နဲ့တော်တော်လေးကိုပတ်ခြာလည်ပြီး ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ခဲ့ဖူးပါတယ် ဟဟဟ ..အပျော်သဘောပါနော်)

အခုလည်း လူအများရဲ့အာရုံကိုလှည့်စားနိုင်တဲ့ system ကိုထွင်လိုက်ပြန်ပါပြီး…

https://grapee.jp/wp-content/uploads/65091_main2.jpg

လက်ရှိ ဂျပန်ဟိုတယ်မှာတည်းခိုတဲ့အချိန် တော်တော်လေးဒုက္ခရောက်တဲ့သူတွေရှိကြတယ်တဲ့..ပြဿနာကတော့ “ shower” ပါ..
ပုံမှန်အိမ်မှာအသုံးပြုတာနဲ့မတူဘဲ အဆင့်တွေမြင့်လာတဲ့အခါ ဘယ်ခလုတ်ကိုနှိပ်လို့နှိပ်ရမှန်းမသိတော့ပါဘူးတဲ့…
အဲ့ဒီတော့ ရေချိုးတဲ့အခါရေပူရေနွေး ၂ မျိုးရှိတဲ့အထဲ ဘယ်ခလုတ်ကအပူ၊ ဘယ်ဟာကတော့အေးတယ်ဆိုတာ ခေါင်းရှုပ်ရပါတယ်။

ဒါပေမဲ့အခုတော့ ရှုပ်စရာ Toilet တင်မကတော့ဘူး shower ပါ ပါဝင်လာပါပြီ…
အရှုပ်ဆုံး shower …

ဒါကတော့ တစ်ခြားမဟုတ်ပါဘူး..
LIXIL Group Co. , Ltd. မှထုတ်လုပ်တဲ့ shower panel 『アクアネオ』ပါ

အပေါ်မှာရှိတဲ့ overhead shower ၊ hand shower အပြင်နှုတ်သီးချွန် ၂ ခုပါ ဒီဇိုင်းထွင်ထားတဲ့အရာ….
နောက်ပြီးမျက်နှာပြင်ပေါ်မှာရှိတဲ့ အပေါက် ၈ ခုကနေရေနွေးကိုထုတ်ပေးနိုင်တယ်တဲ့… ဒီအပေါက်လေးတွေကတော့ body shower ဖြစ်ပါတယ်။


https://grapee.jp/wp-content/uploads/65091_02.jpg

ဒီ့အပြင် shower panel ရဲ့အောက်ဆုံးမှာ ရေချိုးကန်အတွက်ရေနွေးကိုပါရနိုင်ပါသေးတယ်..

https://www.dandorie.com/blog/wp-content/uploads/2016/10/16.png

ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ဒီshower panel အကြောင်းမသိသေးဘူးဆိုရင်တော့ အသုံးပြုပုံကိုပါရေးပေးထားပါတယ်။


https://grapee.jp/wp-content/uploads/65091_03.jpg

အချိန်နဲ့အမျှအရာရာအားလုံး အဆင့်မြင့်မားလာတာနဲ့အတူ၊ shower room ကလည်းဒီလိုမျိုးတိုးတက်လာတာဟာ အံ့သြစရာပါပဲ…
ကဲ.. ဒီshower panel နဲ့ပတ်သက်ပြီး စာဖတ်သူတို့ရော ဘယ်လိုမြင်ပါသလဲ?

 

JAPO Myanamr

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: