အော်စကာဆုပေးပွဲမှာ ပါးရိုက်လိုက်တဲ့ကိစ္စ။ ဂျပန်နဲ့အမေရိကန် အမြင်ချင်းကွဲလွဲနေ။

အော်စကာဆုပေးပွဲမှာ Chris Rock ဟာ Will Smith ဆီကပါးရိုက်ခံလိုက်ရတာကို အားလုံးလည်းသိကြပြီးပြီလို့ထင်ပါတယ်။
တော်တော်လေးအားပါပါနဲ့ရိုက်ချလိုက်တာကို ပုံထဲမှာကြည့်ရုံနဲ့သိနိုင်ပါတယ်။
Chris Rock ဟာ ဟာသလူရွှင်တော်ဖြစ်ပြီး ရှေ့ဆုံးအတန်းမှာထိုင်နေတဲ့ Will Smith ရဲ့ဇနီးသည် Jada ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး စနောက်ပြောဆိုခဲ့ပါတယ်။ Jada ဟာအမွေးကျွတ်ရောဂါကြောင့် ကတုံးတုံးထားပါတယ်။ ဒါကို Chris ဟာ ဟာသထဲမှာပါထည့်ပြောခဲ့တယ်။

ဇနီးသည်ကို စရကောင်းမလားဆိုပြီး စင်ပေါ်ထိတက်ပြီး၊ အားကြီးနဲ့ပါးရိုက်ချလိုက်ပါတယ်။

အမေရိကန်မှာတော့ Will Smith ရဲ့လုပ်ရပ်ဟာ အကြမ်းဖက်ဆန်တယ်လို့ သုံးသပ်ကြသူက ပိုများပါတယ်။
ဒါတင်မကသေးဘဲ ပါးရိုက်လိုက်တဲ့ Will Smith ကိုပွဲကနေ မထွက်ခိုင်းဘဲ၊ ၆ မိနစ်ကြာ စကားပြောဖို့အချိန်ပေးခဲ့တဲ့ ဆုပေးပွဲအခမ်းအနားအဖွဲ့အစည်းကို ပြစ်တင်ရှုံ့ချသံတွေဟာလည်း အလွန်ကျယ်လောင်ခဲ့တယ်။
လူတစ်ဦးရဲ့အပြင်ပိုင်းကို ဟာသလုပ်၊ ပျက်လုံးထုတ်ခြင်းဟာ အမေရိကန်မှာလည်းအချို့က ဝေဖန်ရှုံ့ချကြပါတယ်။
အားနည်းသူကို အားကြီးသူက တိုက်ခိုက်တဲ့အခြေအနေမျိုးမှာဖြစ်ပါတယ်။

ဥပမာ Chris Rock သာလူဖြူဖြစ်ခဲ့ရင် သူပြောလိုက်တဲ့စကားဟာ ထိုးနှက်ချက်ကြီးဖြစ်ခဲ့မှာ သေချာပါတယ်။

လူမည်းဟာ လူဖြူတစ်ဦးကို လှောင်ပြောင်သရော်လိုက်မယ်ဆို ဟာသပျက်လုံးအနေနဲ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါနဲ့ဆန့်ကျင်ဘက်ဆိုရင်တော့ မတူတော့ပါဘူး။
နောက်ပြီး LGBT ဂေးတစ်ယောက်က ပုံမှန် Straight တစ်ယောက်ကို စနောက်သရော်လို့ရပေမဲ့ ဒါနဲ့ဆန့်ကျင်ဘက်ဆိုရင်တော့ ပြဿနာရှိသွားပါပြီ။

အမေရိကန်ရဲ့အတွေးအခေါ်အရ အားကြီးသူ၊ အားနည်းသူတို့ရဲ့ပတ်သက်မှုဟာ အများနဲ့ဆိုင်တဲ့ထင်မြင်ချက်ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျပန်မှာတော့ လုံးဝပြောင်းပြန်ပါ။
လူအများစုက Will Smith ရဲ့လုပ်ရပ်ကိုချီးကျူးကြပါတယ်။

ဇနီးသည်အပေါ်ထားတဲ့ အချစ်ကိုဖော်ပြလိုက်ခြင်းဖြစ်တယ်။
အရှက်ခွဲတဲ့ တစ်ဖက်လူကိုပါးရိုက်လိုက်ခြင်းက လုပ်သင့်တဲ့အရာပဲလို့ ချီးကျူးကြပါတယ်။

တကယ်တော့ အကြမ်းဖက်ခြင်းဟာမကောင်းပါဘူး။
ဂျပန်မှာလည်းအတူတူပါပဲ။ ဒါပေမဲ့ အကြမ်းဖက်ချင်လောက်အောင်ကို အရှက်ခွဲခံလိုက်ရခြင်းဖြစ်ပါတယ်။
ဇနီးသည်အပေါ်ထားတဲ့ အချစ်သက်သေအနေနဲ့ အကြမ်းဖက်တယ်ကွာ ဆိုတာကိုဂျပန်မှာတော့ လုံးဝထောက်ခံကြတယ်။

အားကြီးသူ၊ အားနည်းသူတို့နဲ့မဆိုင်ပါဘူး။
လူတစ်ဦးရဲ့အပြင်ပန်းကိုကြည့်ပြီး ဟာသလုပ်ရယ်မောခြင်းက လက်ခံနိုင်စရာမရှိပါဘူး။

Will Smith ရဲ့လုပ်ရပ်ကို ကျွန်တော်တော့ထောက်ခံတယ်။
သို့သော် စကားလုံးနဲ့တိုက်ခိုက်ခြင်းသာဖြစ်တဲ့အတွက် စကားလုံးနဲ့ပဲလိမ္မာပါးနပ်စွာ လက်စားချေသင့်တယ်။ ဒီလိုလေးတွေးမိခဲ့ရင်တော့ ပိုပြီးပြီးပြည့်စုံသွားမယ်လို့ ထင်ပါတယ်။

ကဲ … သင်ရော ဘယ်လိုထင်ပါသလဲ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: