အမျိုးသားတစ်ဦးခြေထောက်တွင် ထူးဆန်းတဲ့အစက်အပြောက်များထွက်ပေါ်လာ !!!!

kenrauheru ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ခြေထောက်မှာ ရုတ်တရက်ထူးဆန်းတဲ့အစက်အပြောက်တွေပေါ်လာခဲ့ပါတယ်။ ဒါဟာ ရောဂါတစ်စုံတစ်ခုရဲ့ရှေ့ပြေးလက္ခဏာများလား ?!!!

https://grapee.jp/wp-content/uploads/64528_02.jpg

ပုံမှာပါတဲ့အတိုင်းပဲ အစက်အပြောက်တွေဟာ ခြေထောက် ၂ ဖက်စလုံးမှာပေါ်လာခဲ့တာဖြစ်ပြီး အကြောင်းရင်းကိုရှာမတွေ့ခဲ့ပါဘူး…ရောဂါတစ်ခုခုကြောင့်များလားဆိုပြီး သံသယဝင်ကာ အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။

https://grapee.jp/wp-content/uploads/64528_01.jpg

သို့သော် တစ်နေ့မှာတော့ မရှင်းလင်မှုတွေကွယ်ပျောက်သွားစေတဲ့ အဖြေတစ်ခုထွက်လာခဲ့ပါတယ်။

ရှာတွေ့လိုက်တဲ့ တရားခံကတော့ ဒီမှာပါ…. သူပါပဲ…

ဟောဗျာ Crocs ဖိနပ်နဲ့နေလောင်သွားလို့ပါတဲ့…..ငင့် !!

https://grapee.jp/wp-content/uploads/64528_03.jpg

ဒီအမျိုးသားဟာ Crocs ဖိနပ်ကိုစီးခဲ့တာဖြစ်ပြီး နွေပူပူရဲ့နေရောင်ဟာ ဖိနပ်ရဲ့အပေါက်ကြားတွေမှာရှိတဲ့အသားတွေကိုလောင်သွားပြီး မည်းသွားစေခဲ့တာပဲဖြစ်ပါတယ်။
ရောဂါကြောင့်မဟုတ်မှန်းသိသွားလို့စိတ်ချရပေမဲ့ ဒီအတိုင်းကြည့်လိုက်ရင်တော့ ရောဂါကြောင့်လိုလိုဘာလိုလိုနဲ့ တော်တော်စိတ်ပူလိုက်ရမှာပဲနော်…

အင်တာနက်ပေါ်မှာလည်း ဒီအမျိုးသားလိုအဖြစ်မျိုးနဲ့ကြုံရသူတွေဟာ သူတို့လည်းကြုံဖူးကြောင်းလာပြီးပြောကြပါတယ်။

ခြေဖမိုးပေါ်မှာ နေလောင်မှုကာကွယ်တဲ့ sunscreem လိမ်းဖို့မေ့သွားတာဖြစ်ပါလိမ့်မယ်။..
နေပူထဲသွားမယ်ဆို ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ပြင်ဆင်သွားဖို့လိုအပ်သလို Crocs ဖိနပ်စီးပြီးအပြင်ထွက်မယ်ဆိုရင်လည်း ဒီလိုခပ်မိုက်မိုက်နေလောင်ကွက် တွေမဖြစ်ဖို့ သတိပေးတင်ဆက်လိုက်ရပါတယ် ခင်ဗျား……ဟီ !!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: