စက္ကူခေါက်တဲ့အနုပညာ Origami !!!!!
အားလုံးပဲ origami ကိုသိကြပြီးပြီလာ?
တိရစ္ဆာန်ပုံ ပန်းပုံခေါက်ပြီး တော်တော်လေးကိုချစ်ဖို့ကောင်းပေမဲ့ ကျွန်တော်တို့မသိလိုက်တဲ့ခေါက်ပုံခေါက်နည်းတွေက အတော်လေးကိုနက်ရှိုင်းစွာရှိနေပါတယ်။
https://news.1242.com/article/124631
origami ဆိုတာက မူလကဘယ်လိုအရာလဲ? ဒါတွေကိုမသိသေးတဲ့အတွက် အရင်ဆုံးစည်းမျဥ်းတွေကို ရှင်းပြပေးပါမယ်။
နာမည်အတိုင်း စက္ကူခေါက်ရတာပဲဖြစ်ပြီး၊ ညှပ်တာတို့၊ ကော်ကပ်တာတို့ အရောင်ခြယ်တာတို့ လုံးဝလုပ်လို့မရပါဘူး…
ဒါပေမဲ့ စာရွက်တွေဆက်လို့တော့ရပါတယ်….
ဒီလိုစည်းကမ်းချက်ရှိတဲ့ origami ကို၊ အနုပညာသဖွယ် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့လူတွေလည်း ရှိပါတယ်။
ဥပမာတွေ ကြည့်ရအောင်….
Godzilla
https://blog.goo.ne.jp/4383bobo4321/e/32265b569827ac8a5aca4e6647147120
ဂျပန်ရဲ့ monster ကိုကိုယ်စားပြုတဲ့ Godzilla
စက္ကူခေါက်တဲ့နေရာမှာလည်း အားလိုအပ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ကိုယ်တိုင်လုပ်နိုင်လောက်သေးမယ်နော်…..
ကြောင်
https://br.pinterest.com/pin/177751516528661383/
Godzilla ထက် ပိုပြီး 3D ဆန်တယ်လို့ထင်ရတယ်နော်…
အရှေ့အရောင်၊ အနောက်ဘက်အရောင်ကိုလည်း ကျွမ်းကျင်စွာနဲ့ကြောင်ကိုပုံဖော်ထားပါတယ်။
Stag beetle
https://otakei.otakuma.net/archives/2018061903.html
Graph paper တစ်ရွက်တည်းနဲ့ ခေါက်ထားတာပါတဲ့….
ကပ်ကြေးတွေလည်း လုံးဝမသုံးထားပါဘူးတဲ့..တော်လိုက်တာနော်..
ဆာမူရိုင်း
Dragon
ကျောက်ပုစွန်
စားချင်စရာပဲနော် …ဟဟဟဟ
Godzilla
ဒီ Godzilla ကိုလည်း စာရွက် ၁ ရွက်တည်းနဲ့ခေါက်ထားတာပါ… ညှပ်ထားတာတွေလည်းမရှိပါဘူး….
Coelacanthiformes
https://j-town.net/tokyo/column/allprefcolumn/308133.html
ရှေးဟောင်းငါးဖြစ်တဲ့ Coelacanthiformes
စက္ကူဆိုဒ်ကတော့ 150㎠ ဖြစ်ပြီး ခေါက်ပြီးသားငါးရဲ့အရွယ်အစားကတော့ 70cm ထက်ကျော်တဲ့ Big size ဖြစ်ပါတယ်။
ဘယ်လိုလုပ်ပြီး ဒါကိုခေါက်လဲသိချင်မိတယ်နော်?
coelacanth ကို ခေါက်ရမယ့်ပုံစံကိုပြထားတာကြောင့် ကြည့်ကြည့်ပါအုံး…
လုံးဝမဖြစ်နိုင်ဘူး !
ဘယ်ကနေ ဘယ်လိုစခေါက်ရမလဲ လုံးဝနားမလည်ဘူးဆိုတာထက် နားလည်ချင်တဲ့စိတ်တောင်ပျောက်သွားတယ်နော် !!! ဟီ
ဒါကိုအကြံရသွားတဲ့ပုဂ္ဂိုလ်ကို ပါရမီရှင်တောင် ခေါ်ရပါမယ်….
စကားမစပ် origami ရဲ့ မူလအစက အီတလီ ဒါမှမဟုတ် တရုတ် လို့ပြောတာတွေကို ကြားဖူးပါတယ်။
ကမ္ဘာရဲ့နိုင်ငံအသီးသီးမှာတူညီတဲ့ယဥ်ကျေးမှုတွေရှိနေတယ်ဆိုပေမဲ့၊ စက္ကူကို ဖြတ်ညှပ်ကပ် လုပ်တာတို့၊ အရောင်ခြယ်တာတို့ မလုပ်တာက ဂျပန်ရဲ့မူရင်းပဲဖြစ်ပါတယ်။
စက္ကူသာလျှင်ရှိမယ်ဆို အလွယ်တကူပဲအစပြုနိုင်ပေမဲ့၊ ဒါတွေကိုခေါက်နိုင်တဲ့သူတွေကတော့ နက်ရှိုင်းတဲ့ဝါသနာပါသူတွေပဲဖြစ်ပါလိမ့်မယ်။
ကဲ ဒါဆို စာဖတ်သူတို့အားလုံးရော… စမ်းခေါက်ကြည့်ကြမလာ? !!!!!
Kengo Abe