တိုက်ပွဲကနေပြန်ယူလာတဲ့ ရန်သူရဲ့ ဦးခေါင်းကို ဘာလုပ်ခဲ့ကြသလဲ ?!!!

ဂျပန်ဘာသာစကားမှာ ဒီစကားလုံးရှိပါတယ်။
“ နတ်ဆိုးရဲ့ဦးခေါင်းကိုယူသကဲ့သို့အရှိန်အဟုန်”

မိမိရဲ့လက်ရုံးရည်ကို ဝါကြွားတဲ့အခြေအနေကိုဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်။ အဲ့ဒီလို မိမိရဲ့အောင်မြင်မှုကိုသက်သေပြတဲ့အနေနဲ့ ရန်သူရဲ့ဦးခေါင်းကိုဖြတ်တယ်ဆိုတာက ဂျပန်ဆာမူရိုင်းတို့ရဲ့ ယဥ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။

https://mag.japaaan.com/archives/121929

မြင်ယောင်ကြည့်ရတာနဲ့တင် သွေးပြတ်စရာကောင်းတဲ့ ရုပ်ရှင်လိုပါပဲ။
ဖြတ်ရမှာကိုတောင် သတ္တိမရှိဘူး။ အိမ်ပြန်ယူသွားဖို့ဆိုတာ ပိုပြီးတောင်မဖြစ်နိုင်ဘူး လို့ဆိုတာ ယနေ့ခေတ်လူသားတွေပဲမဟုတ်လား?

ဒါဆို အဲ့ဒီဦးခေါင်းကိုအိမ်ပြန်ယူသွားပြီး ဘာလုပ်ကြသလဲ?
ဆာမူရိုင်းတို့ရဲ့အချိန်ကာလကို ကြည့်ကြရအောင်..

အိမ်ပြန်ယူသွားတဲ့ဦးခေါင်းကို မိမိရဲ့သခင်ဆီသို့ အောင်မြင်မှုအစီရင်ခံခြင်းအနေနဲ့ ယူဆောင်သွားကြပါတယ်။
ပြန်ရောက်တဲ့အခါ ပြုလုပ်တာကတော့ ဦးခေါင်းစမ်းသပ်ခြင်းပဲဖြစ်ပါတယ်။
တကယ့်ခေါင်းစစ်မစစ် စမ်းသပ်ခြင်းကိုဆိုပါတယ်။

ဒီဓလေ့ထုံးစံကို temples တွေမှာကျင်းပပါတယ်။
ယူဆောင်လာမယ့်ဦးခေါင်းက အမျိုးသမီးဖြစ်မယ်ဆိုရင်တော့ သန့်စင်အောင်ဆေးကြောခြင်း၊ ဖရိုဖရဲဖြစ်နေတဲ့ဆံပင်ကိုလည်း လှပစွာပြန်ဖီးသပ်ထားခြင်း၊ နောက်ပြီး အသက်ရှင်စဥ်ကပုံစံအတိုင်း မိတ်ကပ် လိမ်းခြယ်ပေးခြင်း စသည်တို့ပြုလုပ်ပါတယ်။

အဲ့ဒီအချိန် လက်နက်အပြည့်အစုံဝတ်ထားတဲ့ ဆာမူရိုင်းတွေက စောင့်ကြိုနေပါတယ်။
ရည်ရွယ်ချက်ကတော့ အဖြတ်ခံလိုက်ရတဲ့ခေါင်းကို ပြန်ယူသွားဖို့နဲ့လက်စားချေဖို့ ရောက်လာတဲ့ရန်သူစစ်သား၊ နောက်ပြီး ရှုံးနိမ့်သွားတဲ့ဦးခေါင်းကိုပြန်လာယူတဲ့လက်စားချေချင်တဲ့စိတ်ဓါတ်ကို ရင်ဆိုင်ဖို့အတွက် ပဲဖြစ်ပါတယ်။

ခေါင်းတစ်လုံးချင်စီအတွက် စက္ကူကိုကပ်ထားပြီး၊ အဲ့ဒီစက္ကူမှာ ဒီခေါင်းကဘယ်သူဖြစ်ပြီး ဘယ်သူကဖြတ်ခဲ့တာ စသည်တို့ကိုရေးထားပါတယ်။
စစ်သူကြီးတွေရဲ့ဦးခေါင်းဆိုရင် သေသေချာချာလုပ်ထားတဲ့ အပြားပေါ်မှာတင်ထားပြီး၊ တရိုတသေနဲ့စစ်ဆေးကြပါတယ်။

ဒါဟာဆုလာဒ်နဲ့အောင်မြင်မှု တို့နဲ့လည်းပတ်သက်ဆက်နွယ်နေပါတယ်။
အထက်ရန်သူကိုအနိုင်ယူနိုင်မယ်ဆိုရင် အောင်မြင်မှုကြီးမားပြီး၊ ဂုဏ်သတင်းကျော်ကြားသွားတယ်ဆိုတာကလည်း သိထားတဲ့အတိုင်းပါပဲ။

စကားမစပ် ဒီခေါင်းဟာ အသတ်ခံရတဲ့အချိန်အတိုင်းပုံပန်းသွင်ပြင်တွေကကျန်ရှိနေသေးပေမဲ့၊ ၄င်းကိုအသုံးချကာ ရှေးဖြစ်ဟောတာတွေလည်းပြုလုပ်ခဲ့ပုံရပါတယ်။

မျက်လုံးတွေက ညာဘက် ဒါမှမဟုတ် အပေါ်ကိုကြည့်မယ်ဆို “ ကောင်းတယ်” (လုပ်ဆောင်မှုတွေကောင်းမယ်)၊ ဘယ်ဘက် ဒါမှမဟုတ် အောက်ကိုကြည့်မယ်ဆိုရင်တော့ “ မကောင်းဘူး” (ကံမကောင်းဘူး)
ညင်သာတဲ့မျက်နှာရှိတဲ့ဦးခေါင်းကတော့ကောင်းပြီး၊ မျက်လုံးစုံမှိတ်ပြီးအံကြိတ်ထားတဲ့ခေါင်းဆိုရင်တော့ “ မကောင်းဘူး”

 


ဒီလိုစစ်ဆေးတာပြီးသွားရင်တော့ temple မှာသူတို့အတွက်အောက်မေ့ဖွယ်ကျင်းပပြီး မကျေနပ်မှုကိုထိန်းချုပ်နိုင်သွားပြီးလို့ ပြောပေးကြပါတယ်။

အဆင့်တန်းမြင့်လူတစ်ဦးရဲ့ဦးခေါင်းကိုတော့ ရန်သူလက်သို့ပြန်ရောက်စေခြင်းသို့မဟုတ်首塚(くびづか) လို့ခေါ်တဲ့သင်္ချိုင်းကိုပြုလုပ်ပြီး မြှပ်နှံ‌ပေးပါတယ်။

ခေါင်းဖြတ်ပြီး ဝါကြွားတယ်ဆိုတာမျက်မှောက်ခေတ်အနေနဲ့ တော်တော်လေးရိုင်းစိုင်းတဲ့အပြုအမှုအဖြစ်မြင်ရသော်လည်း၊
ဆာမူရိုင်းတွေကတော့ အသက်ကိုလှဲလယ်ခဲ့တဲ့တစ်ဖက်လူအား လေးစားမှုကိုပြသတဲ့ဖို့ အလေးနက်ဆုံးယဉ်ကျေးမှုနဲ့ဦးခေါင်းတွေကို ကိုင်တွယ်ခဲ့ကြတယ်လို့ ပြောပါတယ်.

သေဆုံးသူကိုပြစ်မှားပြောဆိုခြင်း၊ ရှုံးနိမ်သူကိုအရှက်တကွဲဖြစ်အောင်ပြောဆိုခြင်းတွေ လုပ်မိမယ်ဆိုရင်တော့
ကြမ်းတမ်းစွာဆက်ဆံခံရပြီးဝေဖန်ခံရမယ် ဆိုပြီးတော့လည်းရှိပါတယ်။

ခံယူချက်က မျက်မှောက်ခေတ်နဲ့ အနည်းငယ်လောက်သာကွာခြားပေမဲ့၊ ရှုံးနိမ့်သွားတဲ့ရန်သူရဲ့ဦးခေါင်းကိုပြန်ယူလာတဲ့ ဆာမူရိုင်းနေရာကရော၊
ဦးခေါင်းတွေကိုဆေးကြောသန့်စင်ပေးရတဲ့ မိန်းကလေးရဲ့နေရာမှာပါ ကျွန်တော်ဆိုရင်တော့ လုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူး…
(ထွက်ပြေးမှာပါ) !!!!! ဟဟဟဟ

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: