ဆိုးဝါးတဲ့ဆာမူရိုင်းအရက်ပွဲ

ဆာမူရိုင်းဆိုတာ လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာလို့ ထင်မိကြပေမယ့် တကယ်တော့ ဆာမူရိုင်းခေတ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ လောက်အထိ ရှိခဲ့တာပါတဲ့။

ဆာမူရိုင်းတွေဟာ ဘယ်အချိန်မှာ တိုက်ခိုက်ခံရမယ်ဆိုတာကိုမသိနိုင်လို့ ဘယ်ဘက်လက်မှာအမြဲတမ်းဓားကိုင်ပြီး ညာဘက်လက်နဲ့ ဓားဆွဲထုတ်ဖို့ အဆင်သင့်ဖြစ်နေရမှာဖြစ်လို့ ညာဘက်လက်ကအမြဲအားနေဖို့လိုပါတယ်။ဒါကြောင့် အရက်ပုလင်းကိုင်ရင်လည်း ဘယ်ဘက်လက်နဲ့ပဲ ကိုင်ရတာပေါ့။

အမြဲလူကြီးဆန်ပြီး တင်းမာမှုနဲ့ သတိဝိရိယရှိနေတဲ့  Samurai တွေဟာ သောက်ပွဲတွေမှာဆိုလည်း တစ်ထပ်တည်းပါပဲ။

ဒါပေမယ့်  ဒီလိုလူမျိုးတွေလည်းရှိနေကြောင်းကို အောက်ကပုံထဲမှာကြည့်လိုက်ပါ။

http://news4vip.livedoor.biz/archives/52342736.html

 

အိုး . . .
အားလုံးမူးပြီး သတိလက်လွှတ်ဖြစ်နေကြပြီပဲ . . .
ဆာမူရိုင်းတွေ တက်ကြွပါဝင်ခဲ့တဲ့ နောက်ဆုံးသောနေ့ရက်တွေဖြစ်တဲ့ (江戸時代) EDO ခေတ်တုန်းပေါ့။
ထိပ်ဆုံးရောက်နေတဲ့ Tokugawa က နေရာအမျိုးမျိုးမှာ ဆာမူရိုင်းရဲ့ စွမ်းအင်ကိုလျှော့ချဖို့ အချိန်ပိုင်းအလုပ်ပြောင်းလဲမှု (sankintai) လို့ခေါ်တဲ့စနစ်ကိုပြုလုပ်ခဲ့ပါတယ်။

ဒီစနစ်ကတော်တော်လေးအလုပ်ဖြစ်ပြီး ဒေသတစ်ခုစီရဲ့အာဏာကို အတန်အသင့်ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။
Edo ခေတ်က နှစ်ပေါင်း ၃၀၀ ခန့်ကြာခဲ့ပါတယ်။

ဒါပေမဲ့ Edo ကိုလာတဲ့သူတွေမှာ ဘာမှလုပ်စရာမရှိပါဘူး။ အလွန်ရှားပါးတဲ့ အထူးရာထူးတော့ရှိပါတယ်။
ဆာမူရိုင်းအများစုဟာအိမ်ကနေ အလုပ်လုပ်ဖို့ထွက်ခွာသွားကြပေမယ့်လည်း Edo မှာတော့ ဘာအလုပ်မရှိတဲ့ အခြေအနေပါ။

အထူးသဖြင့် အတူပါလာတဲ့ အဖော်အနိမ့်တန်းဆာမူရိုင်းတွေက တစ်နေ့ကို ၄ နာရီ၊ တစ်လကို ၁၀ရက်ပဲအလုပ်လုပ်ရတဲ့အတွက် သိပ်ပြီးတော့အလုပ်မလုပ်ကြရပါဘူး။

အလုပ်သိပ်မလုပ်ရလို့ ပျော်စရာကြီးလို့ ထင်ကောင်းထင်နိုင်ပါတယ်။

အလုပ်ကနည်း လစာကနည်းလွန်းတာကြောင့် ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။

အလုပ်လုပ်ချင်ပေမယ့် အလုပ်ကမရှိ ၊ ပိုက်ဆံကလည်းမရှိ !

အရက်မသောက်ဘဲနဲ့ လည်း မနေနိုင်ဘူး။ ဒီလိုနဲ့ စျေးပေါတဲ့ အရက်ကို အများကြီးသောက်လို့ရတဲ့ ယခုလို ပွဲတွေရှိလာခဲ့တာပါ။
စျေးပေါတဲ့ အရက်ကအရသာမရှိဘူး။
အရသာမရှိလို့ အများကြီးမသောက်လို့တော့မရပါဘူး။ ဒါကြောင့်ဒီလိုပြဲကွဲအောင်သောက်တဲ့ အရက်ပွဲကြီးဖြစ်သွားစေတာပါ။

ရန်သူတွေလာတိုက်ခိုက်မယ်ဆိုရင် သူတို့ဖျက်ဆီးခံရမှာသေချာပါတယ်။
အဲဒါထက်ကို အမူးလွန်ပြီး အိမ်ပြန်တဲ့အခါဓားကိုတောင်မေ့ကျန်ခဲ့တတ်ပါသေးတယ်။
ဒီလိုပုံစံမျိုးနဲ့ဆိုရင်တော့ အမြဲသတိဝိရိယရှိနေရမယ့် ဆာမူရိုင်းဘယ်ဟုတ်တော့မလဲနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: