ကမ္ဘာ့အကြီးဆုံးသင်္ချိုင်းမှာအိပ်စက်သွားတာဘယ်သူလဲ? အမေရိကန်တွေဒါကိုသိနေလား?

ကမ္ဘာ့စာရင်းဝင်သင်္ချိုင်းကြီးလို့ပြောရင် အားလုံးဟာအီဂျစ်မှာရှိတဲ့ ပိရမစ်ကိုမြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ ဂျပန်မှာလည်းတော်တော်လေးကြီးမားတဲ့ သင်္ချိုင်းတစ်ခုရှိပါတယ်။
အိုဆာကာစီရင်စု Sakai မြို့မှာရှိတဲ့ဒီသင်္ချိုင်းကို စာဖတ်သူတို့ရောသိကြပြီးပြီလား?

 

https://tabicoffret.com/article/76995/index.html

 

အနီးပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေရဲ့အရွယ်အစားနဲ့ယှဥ်ကြည့်လိုက်ရင် ဘယ်လောက်ကြီးနေသလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။
အီဂျစ်ရဲ့အကြီးဆုံးပိရမစ်ဖြစ်တဲ့ ဘုရင်Khufuရဲ့ ပိရမစ်နဲ့ယှဥ်ကြည့်ရင် ဒီအတိုင်းဖြစ်သွားပါတယ်။

 

http://sondabara.com/nintokutennouryo/

 

ဧရိယာအားဖြင့်ကမ္ဘာ့အကြီးဆုံးကတော့ ဒီ 仁徳天皇陵Nintokuten’nō-ryō ခေါ် (Nintoku ဧကရာဇ်ရှေးသင်္ချိုင်း)ပဲဖြစ်ပါတယ်.

ဘယ်သူကျိန်းစက်သွားသလဲလို့ပြောရင် နာမည်အတိုင်း ဂျပန်ရဲ့၁၆ ယောက်မြောက်ဧကရာဇ်ဖြစ်တဲ့ 仁徳天皇 Nintoku ဧကရာဇ်ကျိန်းစက်ရာနေရာဖြစ်မှာပဲလို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့၊ အဲ့ဒီလိုမဟုတ်ဘူးဆိုတဲ့ပြောသံတွေလည်းထွက်လာပြီး၊ အကြောင်းအရာတွေကလည်း ပြောင်းလဲသွားခဲ့ပါတယ်။
大仙陵古墳(Daisenryo ရှေးသင်္ချိုင်း) နဲ့ 仁徳天皇Nintoku ဧကရာဇ် ရဲ့နာမည်က ပျောက်ကွယ်လျှက်ရှိနေပါတယ်။
အဲ့ဒီလိုနဲ့ပဲ ဘယ်သူသင်္ချိုင်းမှန်းမသိတော့တဲ့အဖြစ်ကိုရောက်လာခဲ့ပါတယ်။
ဒီသင်္ချိုင်းက ဧကရာဇ်ရဲ့ဝိညာဥ်ကိုစောင့်ရှောက်ဖို့အတွက် ဝင်ရောက်သုတေသနပြုခြင်းတွေကိုတားမြစ်ထားတဲ့အတွက် အမှန်တရားကိုမသိကြတော့တဲ့အတိုင်း မျိုးဆက်တစ်ခုပြီးတစ်ခုပြောင်းလဲလာခဲ့ပါတော့တယ်။
ဒါပေမဲ့ အမျိုးမျိုးသောထူးဆန်းတဲ့ကောလဟလတွေရှိနေတာကြောင့်လည်း နာမည်ကြီးသင်္ချိုင်းတစ်ခုလို့လည်းဆိုရပါမယ်။

 

၁။ အမေရိကန်ဟာအမှန်တရားကိုသိနေလား?
စစ်ပွဲမှာရှုံးနိမ့်သွားတဲ့ဂျပန်ကို သိမ်းပိုက်ဖို့ရောက်လာတဲ့စစ်တပ်အဖြစ် အမေရိကန်လူမျိုး Douglas MacArthur ဟာ ဂျပန်ကိုရောက်လာခဲ့တယ်။

https://www.huffingtonpost.jp/2016/08/29/douglas-macarthur-come-to-japan_n_11769044.html

 

သူဟာဂျပန်ကိုအုပ်ချုပ်နေတဲ့အချိန် စစ်ဦးစီးချုပ်ကိုတရားရုံမှာမဖြစ်မနေစီရင်မယ်လို့လုပ်ပြီး အဲ့ဒီထိပ်ဆုံးစာရင်းမှာ ထိုအချိန်ရဲ့ဧကရာဇ်မင်းမြတ်ကိုထည့်လိုက်ပါတယ်။
ဧကရာဇ်တစ်ယောက်တည်းကိုတော့ လုံးဝအလွှတ်မပေးနိုင်ဘူးဆိုတဲ့စိတ်နဲ့ဂျပန်ကိုဝင်လာခဲ့တာလို့ပြောပြီး၊ ဧကရာဇ်နဲ့ပတ်သက်သမျှအချက်အလက်အားလုံးကိုစုခဲ့ပါတယ်။

ဒါကတော့ ၈ လပိုင်း ၃၀ ရက်နေ့ကဖြစ်ပါတယ်။
“ ဧကရာဇ်ကို စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ဖို့က အမေရိကန်ရဲ့လမ်းစဥ်ပဲဖြစ်တယ်” လို့ပြောပြီး၊ အမေရိကန်ရဲ့ပါလီမန်မှာလည်း အတည်ပြုလိုက်ပါတယ်။
ဒါပေမဲ့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပေါ်ပေါက်လာပါတယ်။
အင်အားကြီးသတင်းစာကုမ္ပဏီတစ်ခုဖြစ်တဲ့ New York Times ဟာ၊ ဂျပန်ကိုသုတ်သင်ရှင်းလင်းပြီးဖျက်သိမ်းသင့်ကြောင်းအခိုင်အမာပြောလာခဲ့ပေမဲ့၊ စက်တင်ဘာ ၂၆ ရက်နေ့ကနေစပြီး ဧကရာဇ်ကိုကာကွယ်ကြစို့ဆိုပြီးအကြောင်းအရာပြောင်းလဲသွားပါတယ်။
ထိုနောက်ပိုင်း ဧကရာဇ်မင်းနဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တဲ့ MacArthur ဟာ၊ ထိုခံယူချက်နဲ့ ဧကရာဇ်ကိုကာကွယ်ဖို့ဘက်ကိုပြောင်းလဲလာပါတယ်။
ဂျပန်ရောက်ပြီး ၁ လတည်းနဲ့ဘာကြောင့်စိတ်ပြောင်းသွားသလဲ? လို့ဆိုရရင်..
ထိုအတောအတွင်း အာဏာရစစ်တပ်ကဝင်ရောက်စစ်ဆေးခဲ့တာကတော့ ဧကရာဇ်မိသားစုနတ်ကွန်းဖြစ်တဲ့ 伊勢神宮Isejingū နဲ့၊ နောက်တစ်ခုကတော့ ဒီ 仁徳天皇陵 သင်္ချိုင်းပဲဖြစ်ပါတယ်။
စစ်တပ်ရဲ့စစ်တမ်းကောက်တဲ့အဖွဲ့ကနေ စစ်ဆေးပြီးရလဒ်ကိုပြောကြားခဲ့ပြီး၊ ၁ လဆိုတဲ့တိုတောင်းတဲ့အချိန်ကာလအတွင်းမှာပဲ သူ့ရဲ့အတွေးကိုပြောင်းပြန်ဖြစ်သွားစေတဲ့တစ်စုံတစ်ခုကို ရှာတွေ့သွားတယ်လို့ ပြောကြပါတယ်။

 

၂။ Mars ဂြိုလ်မှာလည်း ဒီလိုအရာရှိနေတယ် ?
ဒီသင်္ချိုင်းဟာ သော့ပေါက်ကဲ့သို့ထူးခြားတဲ့ပုံစံရှိနေပေမဲ့၊ ဘာကြောင့်ဒီပုံစံဖြစ်နေရသလဲဆိုတာ အခုထိအဖြေရှာမရသေးပါဘူး။
နောက်ပြီး ဒီလောက်ကြီးမားတဲ့သင်္ချိုင်းကိုလှလှပပ ပုံဖော်ထားတဲ့ပညာဟာ ဘယ်လိုမျိုးလဲဆိုတာလည်း လက်ရှိအချိန်ထိနက်နဲနေပါတယ်။
စဥ်းစားစရာက Google ရဲ့ Mars ဂြိုလ်ဓါတ်ပုံထဲမှာ ဒီလိုပုံစံရှာတွေ့ခဲ့တယ်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းပေါ်လာပါတယ်။

 

https://ameblo.jp/rubvtan/entry-12377791532.html

 

သဘာဝကျောက်သားတွေရဲ့တည်ဆောက်ပုံက မထင်မှတ်ဘဲတူသလိုဖြစ်သွားတာပဲနေမှာပါ? လို့ဆိုသူတွေလည်းအများကြီးရှိပါတယ်။
ဒါပေမဲ့ ဂျပန်ရဲ့သင်္ချိုင်းဟောင်းပုံစံရဲ့အဓိပ္ပါယ်ကို ဖော်လို့မရတာကြောင့်လည်း ငြင်းပယ်ဖို့လည်းခက်ခဲနေတယ်။

စကားမစပ် ဧကရာဇ်ကိုနတ်ဘုရားရဲ့သားစဉ်မြေးဆက်လို့သတ်မှတ်ထားပြီး နတ်ဘုရားဟာ 高天原Takamagahara လို့ခေါ်တဲ့ နတ်ဘုရားတို့ရဲ့တိုင်းပြည်ကနေ မြေပေါ်ဆင်းသက်လာပါတယ်။
အကယ်၍ 高天原Takamagahara ဟာ Mars ဂြိုလ်ဖြစ်နေခဲ့မယ်ဆိုရင် နတ်ဘုရားအကြောင်းအရာရော၊ သင်္ချိုင်းသင်္ကေတတူနေတဲ့ပုံစံရော ရှင်းပြဖို့လွယ်ကူသွားပါမယ်။

ဂျပန်ရဲ့ ဧကရာဇ်စနစ်ကိုဆက်လက်ကျင့်သုံးခဲ့တာဟာ ယခုနှစ်ဆို ၂၆၈၀ ခုနှစ်ရှိနေပါပြီ။
ဒီလောက်ကြာရှည်တဲ့မင်းဆက်ဟာ အခြားမှာမရှိဘူးလို့ထင်ပါတယ်။ ဒါဆို ဒါဟာဘာကြောင့်ဖြစ်မလဲ?
အဲ့ဒီလိုစဥ်းစားလိုက်ချိန် မြေကြီးပေါ်ကလူသားတွေနားမလည်နိုင်တဲ့အစွမ်းတန်ခိုးတွေရှိနေလို့ဖြစ်မှာပါ လို့တစ်ဖက်လှည့်ပြန်တွေးလိုက်ရင်တော့ စိတ်ဝင်စားစရာတစ်ခုပဲဖြစ်ပါတယ်။
နောက်ပြီး အမေရိကန်စစ်တပ်ဟာ ဒါကိုမြင်လိုက်ရတာကြောင့် ဆုံးဖြတ်ချက်ကိုပြောင်းလဲလိုက်တယ် ဆိုတာလည်းအပါအဝင်ပေါ့….။

အဲ့ဒီလိုပုံစံနဲ့တွေးကြည့်လိုက်တဲ့အခါ ပိုပြီးတောင်စိတ်ဝင်စားမိတာ ကျွန်တော်တစ်ယောက်တည်းများဖြစ်နေမလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: