လုံ့လကြီးတဲ့ ဆာမူရိုင်း (or) ဆာမူရိုင်းတစ်ယောက်ရဲ့ ပင်ပန်းတဲ့နံနက်ခင်း !!!

မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းမှာ အောင်မြင်တဲ့လူတွေက နံနက်အစောပိုင်းကနေအလုပ်တွေ (နံနက်ခင်းလုပ်စရာတွေ)လုပ်နေကြပါတယ်။
ဒါဟာ ဆာမူရိုင်းမှာလည်း ထိုနည်းတူပါပဲ…
Hero တစ်ယောက်ဖြစ်တဲ့ Samurai ရဲ့ နံနက်ခင်းလုပ်ရတဲ့အရာတွေကိုကြည့်ရအောင်…

ဂျပန်မှာပဲမဟုတ် အမေရိကန်မှာလည်း “朝活”Morning activity ကိုကရုတစိုက်နဲ့ လေ့ကျင့်လုပ်ဆောင်ကြပါတယ်။
မျက်မှောက်ခေတ်လူ့အဖွဲ့ အစည်းမှာတော့ လူမှုနေထိုင်ခြင်းကညဘက်မှာပိုပြီးအသက်ဝင်တတ်ပေမဲ့၊ ဒါကိုမနက်ပိုင်းပြောင်းလဲခြင်းဖြင့် ဦးခေါင်းရော၊ခန္ဓာကိုယ်အတွက်ပါ အသက်ဝင်စေပါလိမ့်မယ်။
မနက်ပိုင်းအစည်းဝေးထိုင်တာတို့၊ ယောဂကျင့်တာတို့ ဒါတွေဟာခေတ်စားလာပါတယ်။

ဒါဆို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ကျော်ခေတ်ကိုပြန်သွားရအောင် “ ဂျပန်ရဲ့ Sengoku အချိန်ကာလ”
ဂျပန်ဆိုတဲ့နိုင်ငံကြီးတစ်ခုဟာ အရင်တစ်ချိန်ကတိုင်းပြည်တွင်း နိုင်ငံအသေးလေးတွေနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
လက်ရှိကတော့ စီရင်စုတွေဖြစ်သွားတာပေါ့…
ထိုအသီးသီးရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ 大名(だいみょう)ဆိုတာရှိခဲ့ပါတယ်။
သူတို့တွေက တိုင်းပြည်ကိုစောင့်ရှောက်ဖို့အတွက် ဆာမူရိုင်းတွေကိုချုပ်ကိုင်တယ်။

https://mag.japaaan.com/archives/128745/3

ဆာမူရိုင်းတွေဟာလည်း တိုက်ခိုက်ဖို့အတွက်ပဲမဟုတ်ပါဘူး။ မိမိတိုင်းပြည်ကိုစောင့်ရှောက်ဖို့အတွက်အဓိကဖြစ်တာကြောင့် ငြိမ်းချမ်းသောနေ့သည်အဓိကပါ..
အဲ့ဒီလို ငြိမ်းချမ်းပြီးအလုပ်မရှိတဲ့နေမှာ ဆာမူရိုင်းတွေဘာလုပ်ရလဲကြည့်ရအောင်…

မိုးမလင်းခင်ထရတယ်
နွေရာသီသာဆိုနံနက် ၃ နာရီ၊ ဆောင်းရာသီမှာ ၅ နာရီထရပါတယ်။
ယခင်အချိန် လျှပ်စစ်မီးလည်းမရှိတာကြောင့် ညသန်းခေါင်ချောင်ခိုဝင်တိုက်တဲ့ရန်သူလည်း အဲ့သည်လောက်များများစားစားမရှိခဲ့ပါဘူး။
အဲ့ဒီလိုဆို မနက်အရေးကြီးဆုံးသတိထားရမယ့်အချိန် ရောက်လာပါတယ်။
အဲ့ဒီအချိန်မှာ ခန္ဓာကိုယ်ကိုသွေးဆူပွက်နေအောင်အဆင်သင့်လုပ်ထားဖို့လိုတာကြောင့် အဲ့လိုအချိန်မှာထရခြင်းဖြစ်ပါတယ်။

အပြင်ထွက်စရာမရှိဘူးဆိုရင်တောင် သေသေချာချာဝတ်စားထားကြတယ်။
အရမ်းကြီးပြင်ဆင်ထားတာမျိုးမဟုတ်ပေမဲ့၊ ကိုယ်ပိုင်အချိန်တွေမှာ ရုတ်တရက်ဧည့်သည်နဲ့တွေ့ရတာမျိုးလည်းရှိတာကြောင့် အသင့်အတင့်ဝတ်စားထားကြပါတယ်။

လက်ရှိ work from home ဆိုအားလုံးက အေးအေးလူလူပဲအလုပ်လုပ်နေကြမယ်ထင်တယ်နော်..
ဆာမူရိုင်းတွေအတွက်တော့ အဲ့ဒီလိုမဟုတ်ပါဘူး..

နောက်ပြီးဝတ်စားဆင်ယင်ပြီးနောက်မှာလည်း ဘုရားရှိခိုးရပါတယ်။
အိမ်မှာဘုရားစင်ထားပြီး နေ့တိုင်းနံနက်ညမပြတ် ဘုရားရှိခိုးပါတယ်။
ဘုရားကနေတစ်ဆင့် မိမိကိုယ်တိုင်အတွက်ရော၊ မိမိနဲ့ကြုံတွေ့မယ့်လူတွေကိုပါ စိတ်ရင်းမှန်နဲ့ဆက်ဆံတဲ့နှလုံးသားကို တန်ဖိုးထားကြတယ်။
ဒါဟာ ဆာမူရိုင်းတွေရဲ့အခြေခံလိုက်နာရမယ့်အရာပါပဲ…

ပုံစံကတော့ အနည်းငယ်ကွဲလွဲပေမဲ့၊ အမေရိကန်မှာလူကြိုက်များလာတဲ့ Zen ရဲ့အတွေးအခေါ်နဲ့ နီးစပ်ပါတယ်။

နံနက် ၆ နာရီ
မိမိအလုပ်လုပ်တဲ့နေရာကိုသွားတယ်။
ဆာမူရိုင်းက ဓါးကိုင်ပြီးတိုက်ခိုက်နေတာပဲမဟုတ်ပါဘူး။ စားပွဲပေါ်ထိုင်ပြီးလည်းလုပ်ရပါတယ်။
နောက်ပြီး ၈ နာရီမှာတော့ သခင်နဲ့အတူထမင်းစားရတယ်။
ကျွန်တော်တို့ခေတ်မှာလုပ်နေတာကတော့ breakfast Meeting ပေါ့..
အနည်းငယ်မတူတာက အရက်သောက်ကြတာပါ။
ဆောင်းရာသီဆို အထူးသဖြင့်ခန္ဓာကိုယ်နွေးသွားစေဖို့အတွက် မနက်ထမင်းစားတဲ့အချိန် ၁ ခွက်သောက်ကြတယ်။ ဒါဟာလည်းပုံမှန်လိုဖြစ်လာပုံရပါတယ်။
သို့သော် သောက်လွန်သွားရင်တော့ အလုပ်လည်းမလုပ်နိုင်တော့တာကြောင့် မိမိကိုယ်ကိုထိန်းချုပ်ကြပါတယ်။

စကားမစပ် ဒီဘက်ခေတ်နဲ့ဆို အထက်လူကြီးနဲ့ customers တွေ သူတို့ရဲ့ဆက်ဆံရေးပြေလည်ကြဖို့ အတူဂေါက်ရိုက်တာတွေရှိတယ်နော် ..အဲ့ဒါနဲ့ ဆင်တူတာလည်းရှိပါတယ်။

အပျော်အမဲလိုက်ခြင်း လို့ပြောရင်ကောင်းမလား?
Noyama ကိုသွားပြီးမြေခွေးနဲ့ တောငှက်တွေကိုအမဲလိုက်ပေမဲ့၊ ဆာမူရိုင်းအတွက်တော့အကြောင်းရင်းရှိပါတယ်။
ပထမဆုံး ခန္ဓကိုယ်ကြံ့ခိုင်ပြနိုင်သလို၊ တိုက်ခိုက်ရေးဗျူဟာတွေလည်း ပြနိုင်တယ်။
နောက်ပြီး နယ်မြေနဲ့ပတ်သတ်တဲ့အာရုံခံစားမှုရှိတာကိုပြသခြင်းဟာလည်း မိမိရဲ့စွမ်းရည်ကိုချပြနိုင်တဲ့အခွင့်ကောင်းတစ်ခုပါပဲ..

“ အတော်လေးကျွမ်းကျင်လှပါတယ်၊ အမှန်ပါပဲ”
“ မဟုတ်ပါ, သင်ရဲ့ပစ်ချက်တွေကလည်း အံ့သြစရာကောင်းခဲ့ပါတယ်”
“ အဲ့ဒီလောက် မဟုတ်ပါဘူး။”

ဒီလိုအချင်းချင်းရင်းနှီးမှုဖလှယ်ခြင်းအတွက် Noyama ကိုသွားခဲ့ကြပါတယ်။

ဒါတွေပဲမဟုတ်ပါဘူး။
文武両道 Bunburi Ryodo လို့ခေါ်ကြတဲ့ ဉာဏ်ကောင်းမှုကိုပါအလေးထားတာကြောင့် ပညာရေးမှာရော၊ နောက်ပြီး tea ceremony အပါအဝင် သီချင်းတွေကိုပါ လေ့လာခဲ့ကြရပါတယ်။

နေ့ခင်း ၂ နာရီဆိုအိမ်ပြန်ပြီး ညစာကိုစောစောစားပါတယ်။
အရမ်းစောလွန်းတယ်လို့တွေးမိမယ်နော် ဘာကြောင့်လဲဆို‌တော့ နေ့လည်စားကိုမစားတာကြောင့်ပါ..
သူတို့လည်းဗိုက်ဆာတတ်မယ်လို့ထင်ပါတယ်။

နောက်ပြီး ၆ နာရီမှာတော့ ဂိတ်တံခါးတွေပိတ်ပါတယ်။ အရေးပေါ်လုပ်စရာတွေမရှိဘူးဆိုရင်တော့ ဒါကသူတို့အတွက်နောက်ဆုံးအလုပ်ပါပဲ..
၈ နာရီဆိုရင်တော့ အိပ်သွားပါပြီး..

တိုက်ပွဲတွေပြီးသွားတဲ့အချိန်မှာလည်း အေးအေးဆေးဆေးသက်သောင့်သက်သာပြန်နေတာမျိုးမဟုတ်ဘဲ၊ ယနေ့ခေတ်လူတွေထက် ပိုပြီးစည်းကမ်းတင်းကြပ်တဲ့နေ့စဥ်ဘဝကို ဖြတ်သန်းကြပါတယ်။
အောင်မြင်နေတဲ့စီးပွားရေးသမားများ အမြဲလုပ်ကြတဲ့ morning activities တွေကို၊ လွန်ခဲ့သော နှစ် ၃၀၀ မတိုင်ခင်ထဲက ဆာမူရိုင်းတွေလည်း လုပ်ခဲ့တဲ့အတွက် တော်တော်လေးအံ့သြမိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: