‌စေတနာ့ဝန်ထမ်း ၁ သောင်းခန့်လုပ်အားပေးမှနှုတ်ထွက်။ အိုလံပစ်အားကစားပြိုင်ပွဲ၊ တကယ်ကျင်းပဖြစ်မှာလား။

မကြာခင်အချိန်မှာကျင်းပဖို့စီစဥ်ထားတဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ။
ကိုဗစ်ရောဂါကပ်ဆိုးကာလထဲ ပြည်သူလူထုကိုအတင်းအကျပ်ဖိအားပေးတဲ့ပုံစံနဲ့ ကျင်းပဖို့လုပ်နေတဲ့အဓိပ္ပါယ်ကိုနားမလည်နိုင်ဘဲ၊
လက်ရှိအချိန်မှာတော့ ဂျပန်ပြည်သူလူထု ၈၀ ရာခိုင်နှုန်းဟာ ကျင်းပဖို့ကိုကန့်ကွက်နေကြပါတယ်။

တကယ်ကအိုလံပစ်ဆိုတာ ကမ္ဘာတစ်ဝှမ်းကအားကစားသမားတွေ၊ အားပေးကြည့်ရှုတဲ့သူတွေကို ကြိုဆိုတဲ့ပွဲတော်တစ်ခုဖြစ်ပြီး….။
အဲ့ဒီအတွက်စကားပြန်တွေနဲ့ ပြိုင်ပွဲဝင်ဖို့စီစဥ်လုပ်ကိုင်ပေးဖို့ ဝန်ထမ်းအများအပြားလိုအပ်တဲ့အတွက်၊ ဒီတစ်ခေါက်အိုလံပစ်ပြိုင်ပွဲမှာ စေတနာ့ဝန်ထမ်း ၈ သောင်းခန့်ကိုခေါ်ယူစုဆောင်းခဲ့တယ်လို့သိရပါတယ်။

 

https://www.fashionsnap.com/article/2019-07-19/tokyo2020-asics-volunteer/

 

၁၀ ရက်ကျော် လွတ်လပ်စွာသွားလာခွင့်မရတာတောင် ဘာအဖိုးအခမှမရနိုင်ပါဘူး…
ပါဝင်ကူညီပေးခဲ့ကြတဲ့လူအယောက် ၈ သောင်းဟာ အဖိုးအခရဖို့အတွက်မဟုတ်ဘဲ၊ တိုကျိုမှာအိုလံပစ်ပြိုင်ပွဲကိုကျင်းပပြီး၊ ကမ္ဘာတစ်ဝှမ်းကလူတွေကို ပျော်ရွှင်နိုင်ဖို့အတွက် စာရင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။
ဒီလူအယောက် ၈ သောင်းဟာပြိုင်ပွဲဠာနချုပ်မှာ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ကူညီပေးမယ့်သူတွေဖြစ်ပါတယ် !!!
အဲ့ဒီအပြင်အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးမှာနေထိုင်ကြတဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေကို ကူညီလုပ်ကိုင်ပေးမယ့် စေတနာ့ဝန်ထမ်းအနေနဲ့လည်း ဝန်ထမ်း ၃ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို ချီးကျူးဖို့ကောင်းတဲ့စိတ်ဓါတ်နဲ့ပါဝင်ပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေဟာ တစ်ပြိုင်တည်းနှုတ်ထွက်သွားခဲ့ကြပါတယ်..
ဘာတွေဖြစ်နေလို့များလဲ ?

အလုပ်တာဝန်လွန်စွာများနေခြင်း
စေတနာ့ဝန်ထမ်းဖြစ်ရက်နဲ့ ၁၀ ရက်အတောအတွင်း လွတ်လပ်စွာသွားလာခွင့်မရှိခြင်း
တည်းခိုရရမည့်နေရာကိုပြင်ဆင်ပေးထားခြင်းမရှိဘဲ၊ နေအိမ်မှသွားလာရမည့် ခရီးစရိတ်ကိုလည်း ပြန်ထုတ်မပေးခြင်း
ဒီအပြင်ပြိုင်ပွဲကာလအတောအတွင်း သတ်မှတ်ချိန်တွေအားလုံးကိုလုပ်ကိုင်နိုင်ရမယ်ဆိုတဲ့ တင်းကြပ်လွန်းတဲ့စည်းကမ်းသတ်မှတ်ချက် !!!
ဒီလိုစေတနာ့ဝန်ထမ်းတွေအပေါ် အရမ်းဝန်ထုတ်ဝန်ပိုးဖြစ်အောင် ဖိအားပေးတာတွေဟာ ပြောစရာဖြစ်လာခဲ့ပါတယ် …

၁ နာရီလုပ်အားခ ၁၂၅ ယန်း
စေတနာ့ဝန်ထမ်းသက်သက်တွေကို ဒီလောက်ထိလုပ်ခိုင်းလိုက်တာက မဖြစ်သင့်ဘူး? ဆိုပြီးဆွေးနွေးကြပြီးတဲ့နောက် ထွက်လာတဲ့ရလဒ်ကတော့ ၁ ရက်ကို ယန်း ၁၀၀၀ တန်တဲ့ Prepaid Card ပေးမယ်ဆိုတဲ့အဖြေ ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒါကို ၁ နာရီလုပ်အားခနဲ့တွက်ကြည့်ရင် ၁၂၅ ယန်းဘဲရှိပါတယ်။
တိုကျိုမြို့ရဲ့ အနိမ့်ဆုံး ၁ နာရီလုပ်အားခတောင် ၁၀၁၃ ယန်းရှိပြီး၊ အဲ့ဒီသတ်မှတ်ချက်ကိုမလိုက်နာတာဟာ ဥပဒေကိုချိုးဖောက်တာနဲ့တူညီပါတယ်။
အိုလံပစ်ဆိုတာ ဘယ်လိုကြီးလဲ?
ဒီအပြင် ခရီးစာရိတ်တွေရော၊ အစားအသောက်စရိတ်တွေပါ ဒီအထဲမှာပါဝင်ပြီးသားတဲ့ !!!
မစို့မပို့ပိုက်ဆံလေးကိုပေးတာဟာ စေတနာ့ဝန်ထမ်းမဟုတ်တော့တဲ့သဘောသက်ရောက်တဲ့အတွက် ဥပဒေနဲ့ဆန့်ကျင်သလိုဖြစ်မနေဘူးလား? ဆိုပြီးပြောနေကြပါတယ်။
အစိုးရဦးဆောင်ပြုလုပ်တဲ့ အိုလံပစ်အားကစားပြိုင်ပွဲကြီးဟာ ဥပဒေနဲ့ဆန့်ကျင်တာကိုလုပ်နေတာလား?

တစ်ချို့သူတွေက အကျိုးအမြတ်တွေရနေတယ်။
ဘတ်ဂျက်မရှိတဲ့အတွက် စေတနာ့ဝန်ထမ်းတွေကိုပိုက်ဆံရှင်းဖို့ ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေထဲမှာ၊ ကြော်ငြာအေဂျင်စီတွေကတော့ အမြတ်အစွန်းများစွာရနေပါတယ်။
အလုပ်သဘောအရမတတ်နိုင်ပေမဲ့၊ ပုံမှန်ရနေကျ အကျိုးအမြတ်နှုန်းမဟုတ်ဘူးဆိုတဲ့အချက်ကို သတိထားမိစေချင်ပါတယ်။
နောက်ပြီး အိုလံပစ်အဖွဲ့အစည်းကော်မတီက အမှုဆောင်အရာရှိတွေရဲ့ လစာဟာလည်း အတော်များတဲ့ပမာဏဖြစ်ပါတယ်။
လစာများတဲ့သူတွေဆိုရင် တစ်လကို ယန်းသိန်း ၂၀ လောက်ရှိပါတယ်။
ပွဲကျင်းပဖြစ်တဲ့အချိန်အထိအတောအတွင်း တောက်လျှောက်ရနေမှာကိုစဥ်းစားကြည့်မယ်ဆိုရင်၊ တော်တော်များတဲ့ငွေပမာဏဖြစ်ပါတယ်။
သာမန်လူတွေကိုတော့ ပိုက်ဆံမရှိလို့ဆိုပြီးပင်ပင်ပန်းပန်းခိုင်းနေပေမဲ့၊ ကိုယ့်အတွက်ကျတော့ အကျိုးအမြတ်သေသေချာချာယူထားတာဟာ ဒီမိုကရေစီနည်းလမ်းကျပါရဲ့လား?

ဘယ်‌လောက်ပဲဖြစ်ဖြစ် လူအစားထိုးနိုင်တယ်?
ပြိုင်ပွဲကော်မတီဥက္ကဌရဲ့ အမျိုးသမီးများအပေါ်အထင်အမြင်သေးပြောဆိုမှုကြောင့် စေတနာ့ဝန်ထမ်း ၁ သောင်းခန့် နှုတ်ထွက်သွားတဲ့အချိန်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ မစ္စတာ Nikai ပြောလိုက်တဲ့စကားကြောင့် ပြစ်တင်ရှုတ်ချမှုတွေ များစွာပေါ်လာပါတယ်။

နှုတ်ထွက်ချင်တဲ့သူတွေ ထွက်သွားလို့ရတယ်။
လူစားတွေက ထပ်ခေါ်လိုက်လို့ရတယ် !!!

တကယ်ကိုလေးစားမှုမရှိတာပဲနော် …

ဒီလောက်အရည်အချင်းမရှိတဲ့အစိုးရကဦးဆောင်ပြုလုပ်နေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ !!!
စေတနာ့ဝန်ထမ်း ၈ ပုံ ၁ ပုံနည်းသွားပေမယ့် စီမံခန့်ခွဲရေးကို ထိခိုက်မှုမရှိဘူးလို့ ကြေညာခဲ့ပါတယ်။
ဘာကြောင့် ထိခိုက်မှုမရှိဘူးလို့ပြောထွက်ရပါသလဲ?
ကျန်ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်တွေတိုးလာတာ ကိစ္စမရှိဘူးဆိုတဲ့သဘောမျိုးလား?
စိတ်ကောင်းစေတနာနဲ့ပါဝင်ကူညီပေးခဲ့ကြတဲ့စေတနာ့ဝန်ထမ်းတွေကို အလွန်ဆိုးဝါးစွာပြုမှုဆက်ဆံလိုက်တဲ့အိုလံပစ်အားကစားပြိုင်ပွဲဟာ အဆင်ပြေချောမောစွာနဲ့အောင်မြင်ပြီးစီးသွားလိမ့်မယ်လို့မထင်မိပါဘူး။

ကြိုးစားနေတဲ့ပြိုင်ပွဲဝင်အားကစားသမားတွေကိုတော့ သေသေချာချာအားပေးချင်သလို၊ သူတို့တွေအစွမ်းပြယှဥ်ပြိုင်နိုင်မယ့်နေရာကိုပြင်ဆင်ပေးဖို့ဟာလည်း အရေးကြီးပါတယ်။
သို့သော် ဒီလောက်အထိငွေရဖို့တစ်ခုတည်းကိုပဲကြည့်နေကြတဲ့ အိုလံပစ်အားကစားပြိုင်ပွဲကြီးကို ဆက်လုပ်မှာလား? ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးခြင်းက ပိုကောင်းမယ်လို့ထင်ပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: