တိုကျိုမှာရှိတဲ့ အိမ်တွေကို လိုချင်ပါသလား ? အလကားတောင်ရနိုင်တယ်နော် !
တိုကျိုမြို့မှာ အိမ်တစ်လုံးလောက်ပိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော် …..
အဲ့ဒီအတွေးက နိုင်ငံခြားသားတွေမှမဟုတ်ဘဲ ဂျပန်နိုင်ငံသားတွေဆီမှာတောင်ရှိတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။
အဲ့ဒီအိမ်လေးတွေကို အလကားရနိုင်တယ်ဆိုတာကို သိပါသလား ?
တိုကျိုဆိုပေမယ့် ရှင်းဂျူ့ခုနဲ့ ရှိဘုရ မှာတော့မဟုတ်ပါဘူး ။
တိုကျိုမြို့ရဲ့ 檜原村( ひのはらむら )ဟိနိုဟရ ဆိုတဲ့ရွာလေးမှာ ဖြစ်ပါတယ်။
ဘယ်နေရာလဲဆိုတာကို သိပါသလား ?
စာရေးသူလည်းပဲ တိုကျိုဇာတိဆိုပေမယ့် ဟိနိုဟရရွာ ဆိုပြီးတော့ တစ်ခါမှတောင် မကြားဖူးပါဘူး ။
တိုကျိုအနောက်ပိုင်းမှာရှိတဲ့ တောင်တန်းတွေကြားထဲကရွာ ဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်မှာ ဟိနိုဟရရွာရဲ့ လူဦးရေက အယောက် ၇၀၀၀ လောက်ရှိခဲ့ပေမယ့် အခုတော့ အယောက် ၂၂၀၀ လောက်အထိ လျော့နည်းသွားပါပြီ။
တကယ်တော့ ဟိနိုဟရရွာမှာ ကန့်သတ်ထားတာလည်းမရှိဘဲနဲ့ အိမ်ခြေအလွတ်တွေက ၂၀၀ ကျော်လောက်ရှိနေပါတယ်။
ဂျပန်တစ်နိုင်ငံလုံးရဲ့ ၇ အိမ်မှာ ၁ အိမ်လောက်က အိမ်အလွတ်တွေဖြစ်တယ်ဆိုတာကို စာရင်းအင်းအချက်အလက်တွေအရ သိရပါတယ်။
ဟိနိုဟရရွာမှာ အိမ်တွေကို ရောင်းချနေပေမယ့် ဝယ်ယူမယ့်သူက လုံးဝကိုမရှိတာဖြစ်ပါတယ်။
ဒါကြောင့် အလကားနီးနီး ငွေပမာဏနဲ့ငှားပေးပြီး ၊ နောက်တစ်ခုက အိမ်ပြုပြင်ရေးအတွက် လိုအပ်တဲ့ငွေပမာဏရှိဖို့အတွက် အများဆုံး ယန်း ၂၂ သိန်းကို ထောက်ပံ့ကြေးအနေနဲ့ ထုတ်ပေးနေပါတယ်။
လတ်တလော ဂျပန်နိုင်ငံတစ်ဝှမ်းလုံးမှာ အိမ်အရေအတွက် ၈၂ သိန်း က အိမ်အလွတ်တွေဖြစ်နေပြီး ၊ ၂၀၃၃ ခုနှစ်ရောက်ရင် အိမ်အရေအတွက် သိန်း ၂၀ လောက် နည်းသွားဖို့ မျှော်မှန်းထားပါတယ်။
ဂျပန်နိုင်ငံမှာလက်တွေ့ကြုံတွေ့နေရတာက လူဦးရေနည်းပြီး အိမ်တွေပိုများနေတာဖြစ်ပါတယ်။
နောက်ပြီးတော့ မြို့ကြီးတွေမှာပဲ သွားရောက်နေထိုင်ကြတာကြောင့် မြို့မှာပဲစုပြုံနေပြီး ဒီဒေသလေးတွေမှာတော့ တော်တော်လေးခြောက်ကပ်ကပ်ဖြစ်နေရတာ ဖြစ်ပါတယ်။
တကယ်တော့ ဟိနိုဟရရွာက တိုကျိုမြို့မှာရှိတာဖြစ်ပါတယ်။
အဲ့ဒီမှာ သွားရောက်နေထိုင်မယ်ဆိုရင် တိုကျိုမြို့သားတွေ ဖြစ်လာလိမ့်မယ်နော် !