အိမ်မှာနေရင်း စက္ကူနဲ့လက်မှုပညာလုပ်ကြည့်ရအောင် !!!!

အပြင်မထွက်ရအမိန့်ကြောင့် အိမ်ထဲမှာပဲနေနေရတာဟာပျော်ဖို့မကောင်းပါဘူး။
ဖုန်းထဲက ဂိမ်းတွေကြီးပဲ အမြဲဆော့နေရတော့လည်း ငြီးငွေ့လာပြီ. . .
ဒါဆိုရင်တော့ ဒီစက္ကူယဉ်လုပ်တာကို စမ်းကြည့်ရင်ကော ဘယ်လိုလဲ?

Nissan က အခမဲ့မျှဝေပေးထားတဲ့ ဒီစက္ကူယဉ် ပြုလုပ်တာကတော့ တော်တော်လေး အရည်အသွေးမြင့်ပါတယ်။ ဒါလေးလုပ်ကြည့်ရင်း ဝါသနာအသစ်တစ်ခု ထပ်ရကောင်းရမှာပါနော်။

Nissan GT-R NISMO

 

 

ယောကျ်ားလေးတိုင်းလိုချင်ကြတဲ့ ဂျပန်ထုတ် စူပါကား
Ferrari နှင့် Lamborghini တို့နှင့်လုံးဝ ကွဲပြားခြားနားတဲ့ ခွန်အားရှိတဲ့ ကိုယ်ထည်ဖြင့် စက္ကူယာဉ်ပြုလုပ်နည်းအား ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

ပါဝင်တဲ့ အစိတ်အပိုင်းတွေကို အောက်ပါပုံမှာ အချက်အလက်တွေနဲ့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် စက္ကူအထူကိုသုံးပြီး လုပ်ကြည့်ကြစို့။


အခြားလိုအပ်သောပစ္စည်းတွေကတော့

 

ကတ်ကြေး၊ စက္ကူဖြတ်ဓါး၊ စက္ကူဖြတ်ဓါးသုံးအောက်ခံ၊ ပေတံ၊ ခဲတံ၊ မှတ်စရာ(ဘောပင် အစရှိသဖြင့်)၊ ဇာဂနာ၊ သွားကြားထိုးတံ အစရှိသဖြင့်။

အစိတ်အပိုင်းတွေကတော့ လက်စွဲစာအုပ် ဒါမှမဟုတ် ဒီကနေ ကူးယူပြီး ပုံနှိပ်ထုတ်ယူနိုင်ပါတယ်။
အင်္ဂလိပ်ဗားရှင်းလည်းရှိပါယ်။

https://www.nissan.co.jp/EVENT/PAPERCRAFT/Z/

ရရှိနိုင်တဲ့မော်ဒယ်တွေကတော့ အခု ၂၀ ရှိပါတယ်။ ဒါကြောင့်သူတို့အားလုံးကိုလုပ်နိုင်ရင်တော့ Nissan ကားအရောင်းပြခန်းနဲ့တောင် တူလိမ့်မယ်နော်။

အရောင်မရှိတဲ့ဗားရှင်းလည်းရှိပါတယ်။ ဒါကြောင့်ကြိုက်တဲ့ဟာကိုစုဆောင်းပြီးတဲ့အခါ သင့်စိတ်ကြိုက်ပန်းချီဆွဲနိုင်တယ်။ (သို့မဟုတ်) ကွန်ပျူတာထဲမှာအရောင်တင်ပြီး မူရင်းအရောင်ကိုခံစားနိုင်အောင်လည်းပုံနှိပ်ထုတ်နိုင်ပါတယ်။

လှပစေရန် လှည့်ကွက်တွေသုံးပြီး ကိုကြိုက်သလို စက္ကူအပိုင်းအစကိုခြယ်သနိုင်ပါတယ်။စက္ကူထူကြီးနဲ့ စက္ကူ၏အပိုင်းကအဖြူရောင်ဖြစ်ပြီးထင်ရှားပါတယ်။

အကယ်၍ သင်က ၎င်းအစိတ်အပိုင်းတွေကို အရောင်တူတဲ့ဘောပင်နှင့် ပန်းချီဆွဲနိုင်ရင်တော့ ကောင်းမွန်စွာထွက်ပေါ်လာနိုင်ပါတယ်။
စာရွက်အထူမရှိဘူးဆိုရင် origami စက္ကူခေါက်တာ ကကောဘယ်လိုလဲ?

ဒါဟာ origami ဖြစ်လို့စက္ကူပါးလွှာပါတယ်။

 

အပေါ်ကစက္ကူလက်မှုပညာကပုံစံနဲ့တော့ မော်ဒယ်သုံးမျိုးနှင့် စက္ကူခေါက်တာက မတူပါဘူး။

https://www.nissan.co.jp/EVENT/PAPERCRAFT/

ပရင်တာရှိလား? ရှိရင်တော့ အကြိုက် စက္ကူခေါက်လို့ရပြီပေါ့။

မရှိရင်တော့ ဝယ်စေချင်ပါတယ်။ ပရင်တာက အခြားရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင်လို့ အလဟသပ်လုံးဝမဖြစ်ဘူးလို့တော့ ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: