အမှိုက်ထဲကရွှေ

ဂျပန်နိုင်ငံမှာ断捨離(だんしゃり) Danshari ဆိုတဲ့ စကားလုံးတစ်လုံးရှိပါတယ်။

မလိုအပ်တဲ့ပစ္စည်းတွေကိုလျှော့ချပြီး နေထိုင်မှုဘဝနဲ့လိုက်လျောညီထွေမှုရှိရမယ် ဆိုတဲ့ အတွေးဖြစ်ပါတယ်။

ဝယ်ပြီးမဝတ်ဖြစ်တဲ့ အဝတ်အစားတွေ၊ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာအသစ်ဝယ်ကိုင်ပြီးနောက် မကိုင်ဖြစ်တော့တဲ့ ဖုန်း၊ကွန်ပျူတာအဟောင်းတွေ၊ ဈေးကြီးတဲ့လက်ကိုင်အိတ်တွေဝယ်တဲ့အခါမှာ အတူပါလာတဲ့ စက္ကူဘူး၊ စက္ကူအိတ်တွေ စတဲ့မလိုအပ်တဲ့ပစ္စည်းတွေ သင့်ဆီမှာရှိနေပါသလား ?

ခုခေတ်မှာ သုံးစရာပစ္စည်းမရှိလို့ ဒုက္ခရောက်ရတယ်ဆိုတာထက် အခန်းကျဥ်းလေးထဲမှာ ပစ္စည်းတွေပိုပိုများလာပေမယ့် ထားစရာနေရာမရှိလို့ ဒုက္ခရောက်နေရတဲ့ သူတွေလည်း အများကြီးရှိတယ်ဟုတ် ?

 

https://www.excite.co.jp/news/article/Allabout_11854/?utm_source=news_i&utm_campaign=fromapp&utm_medium=mail

 

ဘယ်အချိန်မဆိုလွှင့်ပစ်လို့ရတယ်၊ တစ်ချိန်ချိန်မှာ သုံးဖြစ်လိမ့်မယ်ဆိုတဲ့ပစ္စည်းတွေက တကယ်တော့ သင့်ရဲ့ပိုက်ဆံကိုမလိုအပ်ဘဲနဲ့ သွယ်ဝိုက်ဖြုန်းတီးသလိုဖြစ်နေတယ်ဆိုတာကိုရော သိပါသလား ?

မလိုအပ်တဲ့ပစ္စည်းတွေကို တဖြည်းဖြည်းစွန့်ပစ်ရင်းနဲ့ ပိုက်ဆံရှာလို့ရတယ်ဆိုတာရော ယုံမလား?

အကြောင်းအရင်းကတော့ပစ္စည်းတွေပိုလျှံနေရင် ဒီလိုတွေးမိပါလိမ့်မယ်။

ထားစရာနေရာမရှိဘူး → ပစ္စည်းထားဖို့ စင်လေးဘာလေးဝယ်ဦးမှ

→ ပစ္စည်းထားတဲ့ ပရိဘောဂတွေထားဖို့နေရာမရှိလို့ ဒီထက်ပိုကျယ်တဲ့အခန်းကို ပြောင်းကြမယ်။

ဒါတွေကိုလျှော့ချလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ?

ပစ္စည်းထည့်တဲ့ပုံး – ၃~၄ သောင်းဝန်းကျင်

ပလတ်စတစ်ပုံး – ၅ သောင်း ဝန်းကျင်

နည်းနည်းပိုကျယ်တဲ့အခန်းငှားမယ်ဆိုရင် တစ်လကို ၃သိန်း ၄ သိန်းလောက်ကုန်ကျမှာဖြစ်ပါတယ်။

ဈေးပိုသက်သာတာကို သုံးလို့ရတယ်ဆိုတဲ့ တခြားအကြံအမျိုးမျိုးရှိပေမယ့် ဒီလိုဆိုလည်း မလိုအပ်ဘဲ ပိုက်ဆံတွေကုန်နေလို့ ဘာမှမထူးပါဘူး။

အခန်းထဲမှာ စုပုံထားတော့လည်းသက်သောင့်သက်သာနေထိုင်နိုင်မှုမရှိတဲ့ ပတ်၀န်းကျင်ဟာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

အဲဒီတော့ အိမ်မှာနေရထိုင်ရတာ  သက်သောင့်သက်သာမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ ကော်ဖီဆိုင်ကိုသွားပြီး စာအုပ်ဖတ်တာ၊ ဂိမ်းဆော့တာတွေ လုပ်မိတတ်ပါတယ်။

အိမ်မှာပဲအဆင်ပြေတယ်ဆိုရင်တော့ ပိုက်ဆံမကုန်တော့ဘူးပေါ့နော် ?

နောက်ပြီး ပစ္စည်းတွေပြည့်လျှံနေတဲ့အခန်းထဲကနေ လိုချင်တာရှိရင် ချက်ချင်းရှာမတွေ့တာတွေလည်း ဖြစ်လာပါတယ်။

ဒါကလည်း အချိန်ဖြုန်းတီးရာရောက်ပါတယ်။ သင့်ရဲ့အချိန်နဲ့ ငွေကြေးကိုထိခိုက်လာမယ်ဆိုရင်တော့ ဒါဆုံးရှုံးမှုကြီးတစ်ခုပဲနော်။

ပစ်လိုက်ရမှာနှမြောတယ်ဆိုတဲ့ ခံစားချက်တွေဖြစ်ပေါ်လာလို့ စိတ်ထိခိုက်ရတာမျိုးလည်းရှိပါတယ်။

သုံးဖို့မလိုတော့တဲ့ ပစ္စည်းရှိရင် တခြားသူကိုပြန်ရောင်းလိုက်တာ၊ ပေးလိုက်တာမျိုးဆိုရင်လည်း ကောင်းပါတယ်။

“ မလိုတာတစ်ခုမှမရှိဘူး လိုတာတွေချည်းပဲ” ဆိုတဲ့သူတွေဆိုရင်အရင်ဆုံးအဝတ်အစားတွေကို ခွဲခြားကြည့်ရအောင်နော်။

တစ်နှစ်အတွင်းမှာမဝတ်ဖြစ်တာတွေ ရှိပါသလား ?

” ဈေးကြီးလို့ ” “ အမှတ်တရ အင်္ကျီမို့လို့ “ ဆိုပြီး သေသေချာချာသိမ်းထားတဲ့အ၀တ်အစားတွေကိုလည်း သေချာစဥ်းစားပြီး ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပါ။

တစ်နှစ်လောက်တောင် မဝတ်ဖြစ်တဲ့အဝတ်အစားတွေကရှင်းထုတ်လိုက်ရင်လည်း နောင်တရစရာမရှိပါဘူး။

နောက်တစ်ချက်က ရေခဲသေတ္တာပါ။

ရက်လွန်နေတဲ့အစားအစာတွေ၊ အစားအစာတွေဝယ်ရင်း ပါလာတဲ့အချဥ်ရည်တွေကို သုံးဖြစ်ပါသလား? ?

ရေခဲသေတ္တာထဲမှာ ပစ္စည်းတွေများနေရင် လျှပ်စစ်မီတာပိုတက်စေပါတယ်။

မလိုတဲ့ပစ္စည်းတွေကို စွန့်ပစ်လိုက်ပါ။ ဒါဆိုရင် ရေခဲသေတ္တာအတွက် လျှပ်စစ်မီတာဖိုး သက်သာလာပါလိမ့်မယ်။

စားစရာတွေဆိုလည်း ဒီလိုပါပဲ။

တခြားအစားအသောက်တွေနဲ့လည်း အစားထိုးလို့မရဘူးလား?

ဖိနပ်နဲ့ အိတ်တွေဆိုလည်း အတူတူပါပဲ။

သင့်ရဲ့ပိုက်ဆံကို အလဟဿ ဖြုန်းတီးစေမယ့် အရာတွေဖြစ်ပါတယ်။

သေချာစီစစ်ပြီး ရှင်းလင်းဖြစ်သွားရင် နောက်တစ်ခါဝယ်ချင်စိတ်ဖြစ်လာတဲ့အခါမှာ “ မဟုတ်သေးပါဘူး … ဒါတွေကနောက်ဆို သုံးဖြစ်မှာမဟုတ်ပါဘူးလေ “ ဆိုပြီး ဆုံးဖြတ်တတ်လာပါလိမ့်မယ်။

အပိုပစ္စည်းတွေကို မ၀ယ်တော့ပဲ ဖြုန်းတီးတာတွေကို ထိန်းချုပ်တတ်လာရင် အကျိုးရလဒ်တွေ ရရှိလာမှာဖြစ်ပါတယ်။

Less is more ဆိုတဲ့အတိုင်း နည်းနည်းပဲရှိလေ ချမ်းသာလေ ဆိုတာမျိုးဖြစ်ပါတယ်။

ဒီလိုအတွေးတွေဟာ ဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲ အနောက်တိုင်းမှာလည်း အလေးအနက်ထားတဲ့ အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။

သင့်ရဲ့အခန်းထဲမှာရော မလိုအပ်တဲ့ပစ္စည်းတွေ များပြီလား? ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: