ဗိုင်းရပ်စ်ကိုအခွင့်ကောင်းယူတဲ့ လူယုတ်မာတစ်ချို့ !!!

ကမ္ဘာတစ်ဝှမ်းလုံးက မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုမှာ ဒုက္ခရောက်နေကြပါတယ်။
ကိုယ်တိုင်ရော ကူးစက်ခံထားရပြီလာ? အလုပ်ရောဘယ်လိုဖြစ်သွားမှာလဲ? အဲ့ဒီလိုတွေစိုးရိမ်ပူပန်နေကြသူတွေထဲကမှ ပေါ်လာပါပြီ။ ကိုရိုနာနဲ့ပတ်သက်တဲ့ လိမ်လည်မှုတွေ..
လုံးဝခွင့်မလွှတ်နိုင်သလို၊ အားလုံးလည်း အလိမ်မခံရပါစေနဲ့….

 

「やっぱり出たか」「極刑にして」 ついに感染症関連の詐欺が登場し始める

ရေဘုံဘိုင်ခေါင်းထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကရှိနေတတ်တာ သိပြီးပြီလာ?

ဆိုတဲ့ဖုန်းကလာပြီး water filter တွေကိုလိမ်ပြီးရောင်းတဲ့အမှုဖြစ်ပါတယ်။
“ ပစ္စည်းလက်ကျန်တွေမရှိတော့ဘူး ဒါကြောင့်အခုပဲဝယ်ထားလိုက်ပါ ” ဆိုတဲ့ကြောင်းပြချက်နဲ့ လူတွေကိုဖိအားပေးပြီး၊ ချက်ချင်းဝယ်မိအောင်လို့ ဖြားယောင်းသွေးဆောင်ကြပါတယ်။

စကားမစပ် ဘုံဘိုင်ခေါင်းထဲမှာ ဗိုင်းရပ်စ်ကဝင်နေတတ်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်၊ မရှိသေးပါဘူးနော် ……

နောက်ထပ်ခွင့်မလွှတ်နိုင်စရာတစ်ခုကလည်းပဲ..

ယခုတစ်ခေါက်ကတော့ ရုန်းရင်ဆန်ခက်မှုလို့ပဲပြောရမလာ၊ ဗိုင်းရပ်စ်အခြေအနေရဲ့ သက်ရောက်မှုကကြီးမားတဲ့အတွက်၊ အစိုးရဆီက အကျိုးခံစားခွင့်ငွေတွေထုတ်ပေးမယ်လို့ပြောတာတွေရှိပါတယ်။
အဲ့ဒီငွေတွေကို ဘဏ်ကိုပြန်သွင်းဖို့လိုအပ်တယ်ဆိုပြီး ဘဏ်အကောင့်ကနေစာတွေပို့ပြီး လျို့ဝှက်နံပါတ်တွေကိုပါတောင်းလာတဲ့အထိကို ဖြစ်လာခဲ့ပါတယ်။

တစ်ခြားမှာလည်းပဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုတွေခွင့်ပြုလိုက်ပါပြီဖြစ်ကြောင်း အဲ့ဒီစမ်းသပ်မှုမှာပါဝင်နိုင်ိဖု့ ပိုက်ဆံပေးရမယ်ဆိုပြီးတောင်းပါတယ်။

အဲ့ဒီတွေကလည်း ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့သူတွေအတွက် အခွင့်ကောင်းယူပြီးငွေညစ်တဲ့သဘောမှာရှိပါတယ်။
ဂျပန်နိုင်ငံမှာ မလုံမလောက်ဖြစ်နေတဲ့ Mask တွေကိုလည်း စျေးကြီးကြီးနဲ့တင်ရောင်းပြီး cash on delivery စနစ်နဲ့ရောင်းဝယ်မှုတွေပြုတဲ့ မ‌ကောင်းတဲ့လူတွေလည်းရှိနေပြန်ပါတယ်။

ဒါကြောင့် စာဖတ်သူတို့လည်း ဗိုင်းရပ်စ်ကိစ္စကြောင့် အငိုက်မိပြီးအလိမ်မခံရအောင် သတိထားပြုကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် …..

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: