ညစ်ညမ်းပုံတွေကို AI ကအလိုအလျောက် ဖျက်ပေးမယ်…

အသက်မပြည့်သေးတဲ့ ကလေးတွေလည်း စမတ်ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးလာကြတော့ ကောင်းတဲ့အချက်လည်း ရှိသလို၊ မကောင်းတာတွေလည်း ရှိလာပါတယ်

 

အထူးသဖြင့် မကောင်းတဲ့ လူကြီးတွေဆီကနေ အတတ်ကောင်းတွေ သင်ပေးစရာမလိုဘဲ တတ်သွားပါတော့တယ်။

ကိုယ့်သားသမီးလေးတွေကို အလိုလိုက်ချင်ရာကနေ လမ်းမှားရောက်စေခဲ့တဲ့ သာဓကတွေလည်း အများကြီးပါ

 

ဥပမာပေးရရင် SNS တွေပေါ်မှာ တွေ့ကရာလူနဲ့ စကားပြော၊ မိဘကအလုပ်ရှုပ်တော့ မသိဖြစ်ရာကတေ လိပ်ပိုင်းဆိုင်ရာ ‌ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်

မကောင်းတဲ့ ညစ်ညမ်းပုံတွေ ပေးပို့ရင်း ကလေးတွေကို မြူဆွယ်သူတွေ ထင်ထားတာထက် များပါတယ်

ညစ်ညမ်းတဲ့ပုံတွေကို ရိုက်လိုက်တာနဲ့ အုပ်ထိမ်းသူကို သတိပေးချက် ပို့ပေးတဲ့ အက်ပလီကေးရှင်းကို Aichi စီရင်စု ရဲဌာနက တီထွင်နေစဥ်မှာပဲ

Fujita Medical University က ကျောင်းသားများက လူငယ်ရှုထောင့်ကနေ အတွေးအမြင်တွေကို တင်ပြခဲ့ကြပါတယ်

ရဲဌာနက အကျိုးတူကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ စမတ်ဖုန်းနဲ့ ညစ်ညမ်းပုံတွေကို ရိုက်လိုက်တာနဲ့ AI က အလိုအလျောက်ဖျက်ပစ်ပြီး မိဘများထံ သတိပေးစာပေးပို့တဲ့ အက်ပလီကေးရှင်းကို တီထွင်နေတာပါ

 

app ကို လူသိများလာစေဖို့ ဇွန်လ 30 ရက်နေ့က Fujita Medical University မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား အယောက် 70 လောက်က idea တွေပေးခဲ့ကြပါတယ်

 

မကြာသေးမီနှစ်များအတွင်း၊ ကလေးများအား SNS မှာတွေ့တဲ့ လူတွေဆီကနေ “ ကိုယ်တိုင်ရိုက် ညစ်ညမ်းပုံ” တွေကို ပေးပို့ခံခဲ့ရလို့ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ဖြစ်ပေါ်နေပါတယ်

 

ရဲဌာနဟာ နောက်ပိုင်းမှာလည်း အထက်တန်းကျောင်းသားတွေဆီကပါ အကြံဉာဏ်တောင်းခံသွားမှာဖြစ်ပြီး၊ app ကို လက်တွေ့အသုံးပြုရာကနေ ထပ်ပေါင်းတိုးတက်အောင် လုပ်သွားဖို့လည်း ကြိုးစားသွားမှာပါ

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: