တရုတ်ကြီး ဂျပန်ကိုလာချည်းကပ်တာလား ? (25) ရက်နေ့ည သမ္မတရှီနှင့် ဝန်ကြီးချုပ် Suga ဖုန်းပြောမည်။

ယခုရက်သတ္တပတ်ကနေစပြီး ခေါင်းဆောင်သံတမန်ရေးရာကိုအစပြုလိုက်တဲ့ ဝန်ကြီးချုပ် Suga ဟာ ၂၅ ရက်နေ့ညမှာ တရုတ်နိုင်ငံရဲ့ သမ္မတရှီကျင့်ဖျင် နဲ့ ဖုန်းပြောမယ်လို့သတင်းရရှိထားပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့သဘောထားကွဲလွဲမှုက ပြင်းထန်လာတဲ့အထဲမှာ ဝန်ကြီးချုပ် Suga ဟာ ဘယ်လိုပုံစံနဲ့ပါဝင်လာမလဲ?

အမျိုးသားလွှတ်တော်စာနယ်ဇင်းဌာနကနေ ရရှိတဲ့အစီရင်ခံစာကို ဂျပန်သတင်းဌာနရဲ့ဖော်ပြချက်ဖြင့် သိရပါတယ်။

 

တရုတ်နိုင်ငံရဲ့သမ္မတက ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တယ်လီဖုန်းနဲ့ဆက်သွယ်မယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကလည်း ဒါဟာဂျပန်ကိုချည်းကပ်ချင်တဲ့လက္ခဏာပဲလို့ ယူဆနေကြပါတယ်။
ဒီဖုန်းနဲ့ဆက်သွယ်မှုမှာ အဓိကက မျိုးစိပ်သစ်ကိုရိုနာရဲ့သက်ရောက်မှုကြောင့် ရွေ့ဆိုင်းလိုက်ရတဲ့ သမ္မတရှီရဲ့ဂျပန်လာဖို့အကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာလား?

ဂျပန်အစိုးရအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ တဖြည်းဖြည်းတစ်ကောင်ကြွက်ဖြစ်လာတဲ့ တရုတ်ကိုလက်ခံလိုက်ရင် အိမ်နီးချင်းနိုင်ငံတွေဆီက ထင်ယောင်ထင်မှားဖြစ်ခံရပြီး မဟုတ်မမှန်သတင်းတွေပေးသလိုဖြစ်သွားနိုင်တယ်” လို့ပြောပါတယ်။ “ လက်ရှိက ညှိနှိုင်းဆွေးနွေးရမယ့်အခြေအနေမဟုတ်ဘူး” လို့လည်း သတိထားဖို့အကြံပြုထားပါတယ်.

“ ပထမဦးစွာ ဘုံပြဿနာဖြစ်တဲ့ Corona ဗိုင်းရပ်စ်ကာကွယ်စီမံမှုတွေနဲ့ မြောက်ကိုရီးယားအရေးကိစ္စအတွက် ပူးပေါင်းဆောင်ရွက်မှုကိုအတည်ပြုရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” လို့ပြောပါတယ်။

ဝန်ကြီးချုပ် Suga ရဲ့သံတမန်ရေးရာသဘောထားဟာ ဝန်ကြီးချုပ်ဟောင်း Abe ရဲ့ သံတမန်ရေးသဘောထားကိုပဲ ဆက်ခံထားတာဖြစ်ပါတယ်။

သို့သော် အမေရိကန်နဲ့တရုတ်တို့ရဲ့ ပဋိပက္ခ ပိုပြီးဆိုးလာတဲ့အထဲမှာ ဝန်ကြီးချုပ် Suga ဟာလည်း ဂျပန်ရဲ့ရပ်တည်ချက်ကို ဘယ်လိုဗျူဟာတွေဆွဲသွားမလဲ? ဆိုတာ လက်ရှိလူအများစိတ်ဝင်စားနေကြပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: