(၂) ရက်နေ့ တိုကျိုမြို့ကူးစက်မှုအသစ် ၅၀၀ ဦးရှိကြောင်းအတည်ပြု

(၂) ရက်နေ့အတွက် တိုကျိုတစ်မြို့တည်းမှာပဲ ကူးစက်သူလူနာအသစ် ၅၀၀ ဦးရှိကြောင်းအတည်ပြုလိုက်ပါပြီ။ ရောဂါလက္ခဏာပြင်းထန်သူ ၃ ဦးလျော့နည်းသွားတဲ့အတွက် စုစုပေါင်း ၅၉ ဦးရှိပါတယ်။

 

 

အသက် ၁၀ နှစ်အောက်မှ အသက် ၁၀၀ နှင့်အထက်အမျိုးသားအမျိုးသမီးပေါင်း ၅၀၀ ကျော်ထဲမှာ နှစ်အလိုက်
အသက် ၂၀ နှစ် = ၁၂၅ ဦး
အသက် ၃၀ နှစ် = ၈၁ ဦး
အသက် ၄၀ နှစ် = ၇၅ ဦး
အသက် ၅၀ နှစ် = ၆၂ ဦးနှင့်
ရောဂါလက္ခဏာပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်လူကြီးများ = ၈၈ ဦးတို့ဖြစ်ပါတယ်။ ၄ ရက်ကြာပြီးမှ ဒီလို ၅၀၀ ပြန်ကျော်လာရခြင်းဖြစ်ပါတယ်။ ဒီနေ့အတွက်အရေးကြီးလူနာ ၃ ဦးလျော့နည်းသွားတဲ့အတွက် စုစုပေါင်း ၅၉ ဦးပါ။ တိုကျိုမြို့မှာတော့ လူပေါင်း ၄၁၈၁၂ ဦးခန့်ကူးစက်ခံထားရလျှက်ရှိနေပါပြီ။

source:ANN

 

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: