ဆောက်လုပ်ရေးအမျိုးသားတစ်ဦး မြေတူးစက်နဲ့အတူ ကြီးမားတဲ့မြေအောက်ကန်ထဲ ပြုတ်ကျ !!!!

ယိုကိုဟားမားမြို့ရှိ ဆောက်လုပ်ရေးအမျိုးသားတစ်ဦး မြေတူးယန္တရားစက်နဲ့အတူ ကြီးမားတဲ့မြေအောက်ကန်ထဲ ပြုတ်ကျပြီး လက်ရှိအချိန်ထိရှာမတွေ့သေးဘူးလို့သိရပါတယ်။

၂၅ ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၄ နာရီလောက်မှာ ယိုကိုဟားမားမြို့Kanazawa ရပ်ကွက်ရှိ အမေရိကန်စစ်တပ်ရဲ့ လောင်စာသိုလှောင်ရုံ၏ site ပေါ်မှာ မြေတူးယန္တရားစက်နဲ့ သယ်ဆောင်ပြီးသားမြေကြီးတွေကို ညှိနေတဲ့ဆောက်လုပ်ရေးအမျိုးသားတစ်ဦး မြေအောက်ကန်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်.
ကန်ရဲ့ အချင်းက ခန့်မှန်းချေ 45 မီတာလောက်ရှိပုံရပြီး၊ အနက်ကတော့ 30 မီတာလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

https://news.tv-asahi.co.jp/news_society/articles/000191663.html

ဘယ်ဘက်အခြမ်းကတော့ မတော်တဆမှုမဖြစ်ခင်ကပုံဖြစ်ပြီး ညာဘက်ကတော့ မတော်တဆမှုဖြစ်ပြီးသွားတဲ့အခြေအနေဖြစ်ပါတယ်။
ဒီမတော်တဆမှုမဖြစ်ခင်မှာတော့ အောက်မှာကန်ရှိနေတာကိုမသိရဘဲ တစ်ပြင်လုံးဟာ မြေသားအတိနဲ့အတူသစ်ပင်တွေဖုံးနေခဲ့ပါတယ်။ ဒီမတော်တဆမှုဖြစ်ပြီးသွားတဲ့ပုံမှာတော့ ကန်ရဲ့အဖုံးဟာ တစ်ဝက်တိတိကျွံကျသွားပြီး ထိုအချိန်မှာပဲ ထိုအမျိုးသားဟာမြေတူးယန္တရားစက်နဲ့အတူ ကန်ထဲကျသွားတယ်လို့ယူဆရပါတယ်။ ကန်ရဲ့အဖုံးဟာ ထပ်မံပြိုကျနိုင်တဲ့စိုးရိမ်ဖွယ်ရာတွေလည်းရှိပြီး အမျိုးသားကိုကယ်တင်ဖို့ ကန်ထဲကရေတွေကိုထုတ်ရုံကလွဲပြီး မရှိဘူးလို့ သိရပါတယ်။

 

https://news.tv-asahi.co.jp/news_society/articles/000191663.html

 

ဒီကနေ့ ၂၇ ရက်နေ့ရဲ့ ရရှိထားတဲ့သတင်းအရတော့ လက်ရှိအချိန်ထိ ထိုအမျိုးသားနဲ့အတူ စက်ကိုပါမတွေ့သေးဘူးလို့ဆိုပါတယ်။
ဒီကန်ရဲ့အောက်မှာတော့ ရွံ့တွေနဲ့ဆီတွေရောနေတဲ့ရေက အနက် ၉ မီတာလောက်ရှိပြီး
ပြုတ်ကျပြီး ၂၄း၀၀ နာရီအတွင်း ကန်ထဲကရေတွေစုပ်ထုတ်ပေမဲ့၊ မထူးခြားခဲ့ပါဘူး။
၂၆ ရက်နေ့ရဲ့ ည ၉ နာရီကနေစပြီး pump (၂) လုံးနဲ့ ရေနုတ်မြောင်းတွေပြုလုပ်ကာ ရေစုပ်ထုတ်ပါတယ်။

 

ဒီနေ့မနက် ၂၇ ရက်နေ့ရဲ့ နံနက် ၇း၀၀ အချိန်ထိ ၁၀း၀၀ နာရီမျှကြာသွားပြီး ရေပမာဏ ၁ မီတာခန့်ကျဆင်းသွားသော်လည်း သဲလွန်စတစ်ခုမှ ရှာမတွေ့သေးပါဘူး။ တာဝန်ရှိသူတွေက pump ပမာဏ ပိုတိုးမယ်လို့စီစဥ်ထားကြပါတယ်။ အနည်းဆုံး ၂၈ ရက် နံနက်အထိ ဒီရေနုတ်မြောင်းကိစ္စလုပ်သွားဖို့ရှိကြောင်းမျှော်လင့်ရတယ်လို့ ဂျပန်သတင်းဌာနတစ်ခုဖော်ပြချက်အားဖြင့် သိရှိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: