သံချပ်ဝတ်ကိုခုတ်နိုင်တဲ့ 古刀 (ခိုတိုး) အမျိုးအစားဂျပန်ဓား။ (၎င်းရဲ့သန်မာမှုလျှို့ဝှက်ချက်ကိုတော့ ရှာမတွေ့ကြသေးပေ။)

ရုပ်ရှင်နဲ့ အန်နီမေးရှင်းတွေမှာ ဂျပန်ဓားနဲ့အရာအားလုံးကို ခုတ်ပစ်နိုင်တယ်လို့တွေ့ရပါတယ်။ တကယ်ကို ဓားသွားထက်ပြီး လက်နက်အဖြစ်၎င်းရဲ့စွမ်းဆောင်ရည်ကမြင့်မားပါတယ်။ သို့သော် အရာအားလုံးကိုခုတ်ပစ်နိုင်တယ်လို့မဆိုလိုသလို၊ မီးနဲ့ရေတောင် ၎င်းကိုမဖျက်ဆီးနိုင်ဘူးလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်နက်အဖြစ်တော့ အမှန်တကယ်စွမ်းဆောင်ရည်မြင့်မားပါတယ်။

ဒီလိုဂျပန်ဓားဟာ ယနေ့ခေတ်သိပ္ပံပညာကိုအသုံးချပြီး ၎င်းထုတ်လုပ်နည်းကို ရှာဖွေသော်လည်း အဖြေမရှိသေးဘူးဆိုတာကို သင်သိပါသလား? အဲ့ဒီလိုထူးဆန်းတဲ့ဂျပန်ဓားရဲ့ ဆွဲဆောင်မှုကိုမိတ်ဆက်ပေးပါမယ်။

အရင်ဆုံး ဂျပန်ဓားကိုအမျိုးအစားကြီး ၂ မျိုးဖြင့်ခွဲခြားနိုင်ပါတယ်။
古刀(ことう)ဆိုတဲ့အမျိုးအစားနဲ့ 新刀(しんとう)ဆိုတဲ့အမျိုးအစားဖြစ်ပါတယ်။
နာမည်အတိုင်းပဲ ရှေးခေတ်ကပြုလုပ်တဲ့ဓားနဲ့၊ ခေတ်သစ်အချိန်ကာလမှာပြုလုပ်တဲ့ဓား ဆိုပြီးဖြစ်ပါတယ်။

新刀  “ ရှင်းတိုး” အမျိုးအစားဟာ ဆာမူရိုင်းအချင်းချင်းပြင်းထန်စွာတိုက်ခိုက်ရာတွင် ပို၍သင့်တော်ပြီး၊ လက်နက်လို့ဆိုတာထက် ဆာမူရိုင်းရဲ့အမှတ်အသားအဖြစ် ဂျပန်ဓားရဲ့အခန်းကဏ္ဍပြောင်းလဲသွားတဲ့ခေတ်ရဲ့ လက်နက်ဖြစ်ပါတယ်။
ရှိပြီးသားဂျပန်ဓားရဲ့ ထက်ဝက်ကျော်လောက်က 新刀 “ ရှင်းတိုး” အမျိုးအစားသာဖြစ်ပြီး၊ ဒီတစ်ခေါက်ဆောင်းပါးမှာ မိတ်ဆက်ပေးမှာကတော့ 古刀  “ ခိုတိုး” အမျိုးအစားအကြောင်းပဲဖြစ်ပါတယ်။

古刀  “ ခိုတိုး” အမျိုးအစားဟာ ၉၀၁ ခုနှစ်ကနေ ၁၅၉၅ ခုနှစ်အထိ သွန်းခဲ့ကြတဲ့ဂျပန်ဓားဖြစ်ပြီး၊ မြင်းပေါ်ကနေရန်သူကိုတိုက်ခိုက်ဖို့ ရည်ရွယ်ပါတယ်။ သံချပ်ဝတ်တန်ဆာဝတ်ထားတဲ့အခြေအနေမှာတောင် 古刀 “ ခိုတိုး” ဟာ ကိုင်တွယ်ရလွယ်ကူတဲ့အလေးချိန်နဲ့အရွယ်အစားရှိတဲ့အပြင် တစ်ဖက်လူရဲ့သံချပ်ဝတ်တန်ဆာကို ခုတ်ချနိုင်တဲ့ ကြံ့ခိုင်မှုမျိုးရှိပါတယ်။
新刀 “ ရှင်းတိုး” အလေးချိန်မှာ 1kg မရှိတရှိ ဖြစ်ပြီး၊ 古刀  “ ခိုတိုး” ကတော့ 600g ကနေ 700g သာရှိပါတယ်။

တကယ်တော့ 古刀  “ ခိုတိုး” အမျိုးအစားရဲ့ထုတ်လုပ်နည်းကို ယခုတိုင်မသိကြပါဘူး။
ဒီဓားတွေကိုထုတ်လုပ်တဲ့ Tatara မီးပြင်းဖိုမှာ ဘာသံကိုအသုံးပြုလဲဆိုတာ မသိကြတာဖြစ်ပါတယ်။
古刀 “ ခိုတိုး” အမျိုးအစားဟာ အမြင်ပိုင်းထက်ကို ကိုင်ရတာပိုပြီးပေါ့ပါးပေမဲ့၊ MRI နဲ့၎င်းရဲ့ဒေါင်လိုက်မျက်နှာပြင်ကိုကြည့်သည်ဖြစ်စေ၊ ခွဲခြမ်းစိတ်ဖြာမှုအမျိုးမျိုး ပြုလုပ်သည်ဖြစ်စေ၊ ဒီသံကိုဘယ်လိုဖန်တီးထားသလဲဆိုတဲ့အဖြေကို မတွေ့သေးဘူးလို့ဆိုပါတယ်။

Tatara မီးပြင်းဖိုဟာ ရှေးယခင်က တရုတ်ပြည်ကနေရောက်လာတဲ့ သံမဏိထုတ်လုပ်ခြင်းနည်းပညာကို ဂျပန်ရဲ့သီးသန့်ထုတ်လုပ်တဲ့နည်းလမ်းအဖြစ်သို့ ပြောင်းလဲလိုက်တဲ့ပုံစံဖြစ်ပါတယ်။ Ghibli ရဲ့နာမည်ကြီးလက်ရာ Princess Mononoke မှာ ဒီလိုမြင်ကွင်းတစ်ခုပါလိုက်တာကို မှတ်မိကြပါသလား။

အားလုံးအတူ သစ်သားပြားကိုတက်နင်းပြီး လေကိုအထဲကိုပို့ကာ၊ တောက်လောင်နေတဲ့မီးနဲ့ သံကိုမီးတင်ပါတယ်။

သဘာဝထဲမှာ သံကိုသန့်စင်တဲ့သံအဖြစ်မရရှိဘဲ ဒြပ်ပေါင်းအဖြစ် ထုတ်ယူရရှိပါတယ်။ ဒါကြောင့် သံကိုမီးတင်ခြင်းဖြင့် မလိုတဲ့အပိုင်းများကို ဖယ်ရှားပါတယ်။

Tatara သံမဏိထုတ်လုပ်ခြင်းရဲ့ရလဒ်အဖြစ် အညစ်အကြေးလျော့နည်းသွားပြီး၊ သန့်စင်တဲ့သံကိုရရှိလာကာ၊ ကြံ့ခိုင်ပြီး ဓားသွားထက်တဲ့အပြင် ပေါ့ပါးတဲ့古刀  “ ခိုတိုး” ကိုရရှိလာပါတယ်။

မျက်မှောက်ခေတ်မှာလည်း Tatara သံ/သံမဏိထုတ်လုပ်ခြင်းကို လုပ်ဆောင်နေပေမဲ့၊ 古刀  “ ခိုတိုး” အမျိုးအစားမှာအသုံးပြုတဲ့သံဖြစ်လာဖို့ ဘယ်လိုလုပ်ရမလဲမသိတဲ့အတွက် 古刀  “ ခိုတိုး” ပုံစံတူကို မထုတ်လုပ်နိုင်သေးပါဘူး။

ဟုတ်ပါတယ် နည်းလမ်းမသိသေးလို့ဖြစ်ပါတယ်။

ဒီလိုကဏ္ဍတွေရှိတဲ့အတွက် ဂျပန်ဓားဟာ ဆွဲဆောင်မှုအများအပြားနဲ့ရာဇဝင်တွင်ရခြင်းလည်း ဖြစ်ပါလိမ့်မယ်။

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: