မီတာ ၅၀ ရှိတဲ့အက်ကွဲကြောင်းကို ၁ ရက်တည်းနဲ့ပြန်လည်ပြုပြင်ခဲ့တဲ့ဂျပန်?

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့။
ငလျင်ပြင်းအားအဆင့် ၆ ရှိပြီး တော်တော်လေးလှုပ်ခတ်သွားတဲ့ Tohoku ဒေသရှိလမ်းမတစ်ခုမှာတော့ အက်ကွဲကြောင်းတွေဖြစ်သွားခဲ့ပါတယ်။
Tohoku ဒေသရဲ့ပင်မလမ်းမကြီးဖြစ်တဲ့ Tohoku လမ်းမနဲ့ Jōban အမြန်လမ်းမှာ အက်ကွဲကြောင်းတွေဖြစ်သွားခဲ့ပါတယ်။
ကျည်ဆန်ရထားလည်း လမ်းချော်မှုတွေဖြစ်ခဲ့ပါတယ်။

အမြန်လမ်းမကြီးရဲ့အက်ကွဲမှုက ဒီအဆင့်ထိဖြစ်သွားခဲ့တာပါ။

ဒါကို ၁ ရက်တည်းနဲ့ပြုပြင်ခဲ့ပါတယ်။
အပ်ကွဲကြောင်းက ၁ ကြောင်းမကခဲ့ပါဘူး။

၂၀၁၁ ခုနှစ်က အရှေ့ဂျပန်ငလျင်ဘေးကြီးဖြစ်သွားခဲ့ချိန်ကလည်း တကယ်တော့ အံ့သြစရာကောင်းခဲ့ပါတယ်။
၃ လပိုင်း၊ ၁၁ ရက်နေ့မှာ ဘယ်သူမှမကြုံဖူးတဲ့ပြင်းအားနဲ့ငလျင်လှုပ်ခတ်သွားပြီး အမြန်လမ်းမကြီးတစ်ခု ဒီလိုတောင်ကျိုးကုန်ပါတယ်။

ချိုင့်ခွက်တွေဖြစ်ပြီးကျိုးပဲ့ကုန်တာသာမက၊ အရှည် ၁၅၀ မီတာလောက် မြေပြိုမှုဖြစ်သွားခဲ့ပါတယ်။

အရင်ဆုံး အခြေအနေကိုသေသေချာချာအတည်ပြုစစ်ဆေးပြီး၊ ဘာကြောင့် လမ်းမြေပြိုမှုဖြစ်ရသလဲဆိုတာကို လေ့လာအဖြေရှာပါတယ်။
ငလျင်ဟာ ၁ ကြိမ် ကြီးကြီးမားမားလှုပ်ခတ်သွားရင် နောက်ဆက်တွဲပိုပြီး အားပြင်းတဲ့ငလျင်မျိုးလာတတ်ပါတယ်။
ဒါကိုထည့်တွက်ရင် လောလောဆယ်အတွက်ပြန်လည်ပြုပြင်ခြင်းက အဓိပ္ပါယ်မရှိဘူး။
ပြင်လိုက်တဲ့နေရာက နောက်တစ်ကြိမ် မြေပြန်မပြိုနိုင်ဘူး မပြောနိုင်လို့ဖြစ်ပါတယ်။

ပြဿနာရဲ့အဖြေကတော့ ကတ္တရာခင်းအောက်က ကျောက်ခဲတွေဖြစ်နေပါတယ်။
ကျောက်ခဲဟာမြေသားထက်ကုန်ကျမှုနည်းပြီး မြန်မြန်ဆန်ဆန်လမ်းခင်းနိုင်ပေမဲ့၊ ရေဖောက်ဝင်နိုင်မှုလွယ်ကူတဲ့အတွက်၊ အဲ့ဒီအောက်မှာရှိတဲ့မြေကြီးဟာ တိုက်စားပြိုကျခြင်းဖြင့် ပြဿနာဖြစ်လာရပါတယ်။

ဒါကြောင့် မြေကြီးသေသေချာချာထည့်ဖို့ဆုံးဖြတ်လိုက်ပြီး ၉ ရက်အတွင်းမှာ ပြန်ပြုပြင်ပြီးမယ်လို့ ခန့်မှန်းကြပါတယ်။
ဒါဟာလည်း မဖြစ်နိုင်တဲ့အမြန်နှုန်းတစ်ခုပါ။
ကျောက်အပိုင်းအစတွေကိုဖယ်ရှားပြီး မြေသားကိုကျစ်နေအောင်ထည့်ပါတယ်။
လမ်းပြုပြင်ခြင်းကို နေ့ရောညပါဆက်တိုက်လုပ်ပြီး၊ နောက်ဆုံးမှာ ၆ ရက်တည်းနဲ့ပြုပြင်ပြီးစီးသွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက လမ်းတည်ဆောက်သူတွေဟာ ဒီအချိန်တိုအတွင်းပြန်လည်ပြုပြင်ခြင်းကို “ မှော်ပညာ” လားလို့တောင်အောက်မေ့ကြပြီး၊ ဂျပန်မြို့ပြအင်ဂျင်နီယာရဲ့ အံ့ဖွယ်ကောင်းမှုကို သိသွားကြပါတယ်။

ဒီအပြင် ယခုတစ်ခေါက် ၂၀၂၂ ခုနှစ်မှာ လမ်းပြန်ပြင်ခြင်းက ၁ ရက်သာကြာခဲ့ပါတယ်…
ဒါဟာ ၂၀၁၁ ခုနှစ် ငလျင်လှုပ်ခတ်သွားပြီးနောက်မှာ လေ့လာတွေ့ရှိမှုအသစ်ကိုရလိုက်ပြီး ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့အတွက်၊ ထိခိုက်မှုနည်းသွားတယ်လို့ပြောလို့ရတာနဲ့အတူ ၂၀၁၁ ခုနှစ်မှာ အတွေ့အကြုံရသွားတာကြောင့်လည်း ဖြစ်ပါတယ်။

ငလျင်ဟာကြောက်ဖို့ကောင်းတယ်၊ ဒါကြောင့် ဂျပန်မသွားချင်တော့ဘူး။
ဆိုပြီးကြောက်သွားတဲ့လူတွေရှိနိုင်ပေမဲ့၊ ဂျပန်မှာတော့ အဓိကလုံခြုံစိတ်ချရေးကိုဦးစားပေးတဲ့အတွက် ဘာမှစိတ်မပူဘဲ လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: