နာမည်ကြီးဓါး Masamune စီးရီးကိုသွန်းခဲ့တဲ့ ပန်းပဲဖိုကိုယ်တိုင် စိတ်ဓါတ်အလွန်ပြင်းထန်တယ်။ သားဖြစ်သူရဲ့လက်ကိုဓါးနဲ့ခုတ်လိုက်တာ ဘာကြောင့်လဲ?

တစ်ချိန်က ဂျပန်စစ်သည်တော်တွေလို့ပြောရင် ဆာမူရိုင်းတွေပါ။
နောက်ပြီး ဆာမူရိုင်းတွေကိုင်တဲ့ ဂျပန်လက်နက်လို့ပြောရင်တော့ ဓါးပေါ့။ ဟုတ်ပါတယ်။ ဂျပန်ဓားပါ။
ဝတ္ထု၊ ရုပ်ရှင်နဲ့ ဂိမ်းတွေမှာတွေ့ရတဲ့ ဂျပန်ဓားဟာ ကမ္ဘာတစ်ဝှမ်းနာမည်ကြီးသွားရတဲ့အချက်ကတော့

“ ဂျပန်ဓားနဲ့ မခုတ်နိုင်တာမရှိ” တဲ့

ဒီလိုတောင်တင်စားထားတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။
တကယ်တော့ အဲ့ဒီလောက်အထိလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခြားနိုင်ငံကဓါးတွေနဲ့ယှဉ်ရင်တော့ ကြောက်စရာကောင်းလောက်တဲ့အထိ လုပ်ငန်းစဉ်ကများတဲ့အပြင် အသေးစိပ်ကအစ ကရုတစိုက်နဲ့ သွန်းထားတဲ့ ဓါးတွေသာဖြစ်ပါတယ်။
ဓားသွန်းတဲ့ပန်းပဲဖိုတွေကို 刀鍛冶(かたなかじ) “ ခတနခဂျိ” လို့ခေါ်ပါတယ်။

ဂျပန်ဓါးရော ဆာမူရိုင်းကိုပါ လူတွေက သဘောကျကြပေမဲ့၊ နောက်ကွယ်က ဒီပန်းပဲဖိုတွေဟာလည်း အလွန်တော်ကြတဲ့ အကြောင်းအရာတွေရှိပါတယ်။
ဒီတစ်ခေါက်တော့ ကမ္ဘာနဲ့ချီပြီးနာမည်ကြီးတဲ့ ဓါးတွေကိုသွန်းခဲ့သူ ပန်းပဲဖို 正宗(まさむね)Masamune ဆိုသူရဲ့ အကြောင်းကိုပြောပြသွားပါမယ်။

အရင်ဆုံး 正宗(まさむね)Masamune ဆိုတဲ့နာမည်ကို ကြားဖူးပါသလား?
ဂိမ်းထဲမှာလည်း ဒီနာမည်ပေးထားတဲ့လက်နက်ရှိပါတယ်။ အဲ့လောက်အထိကိုနာမည်ကြီးပါတယ်။
အဲ့ဒါကိုဖန်တီးခဲ့တဲ့ ပန်းပဲဖိုဆိုတာ Masamune ပါပဲ။

ဘယ်အတိုင်းအတာအထိမှန်ကန်လဲဆိုတာတော့ မသိပေမဲ့၊ အံ့အားသင့်စရာတွေရှိနေပါတယ်။
Masamune ဓားဟာ ဓားသွားအလွန်ထက်ပြီး လှပကာအဆင့်မီတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။
ဒီဓားဟာ အလွန်တန်ဖိုးထားခံရပြီး၊ အဲ့ဒီအချိန်က အာဏာရှင်တွေဟာ Masamune ဓားကိုလိုချင်ခဲ့ကြပေမဲ့၊ Masamune ဟာ အမြောက်အများထုတ်နိုင်တဲ့ဓားတော့မဟုတ်ပါဘူး။
အဲ့ဒီအတွက် သူ့တန်ဖိုးကလည်းတက်နေတဲ့အထဲမှာ၊ Masamune ရဲ့သားဟာ အလွဲသုံးစားလုပ်မိလိုက်တယ်။ သားဖြစ်သူကလည်း Masamune ဆီက အရည်အချင်းကို အမွေဆက်ခံရပေမဲ့၊ ထိုအရာကို နိုင်ငံရေးမှာအသုံးချလိုက်တယ်။ ဒါနဲ့ပဲ Masamune ဟာအလွန်ဒေါသထွက်ကာ သားဖြစ်သူရဲ့လက်ကို ခုတ်ချလိုက်တယ်။
နောက်ပိုင်းမှာ သားဖြစ်သူဟာ ဂျပန်ဓားမဟုတ်ဘဲ၊ မီးဖိုချောင်ဓား သွန်းသူသာဖြစ်လာခဲ့ပါတယ်။

တော်တော်လေး ပြင်းထန်တဲ့အပိုင်းဖြစ်ပေမဲ့ ဒါကို 新薄雪物語(しん うすゆきものがたり)ဆိုတဲ့အကြောင်းအရာထဲမှာစုစည်းထားပြီး၊ Kabuki ပြဇာတ်မှာ ကပြဖျော်ဖြေတဲ့အခါ အရမ်းနာမည်ကြီးသွားပါတယ်။

ဒီအကြောင်းအရာဟာ တကယ်လားဆိုတာ မသေချာပေမဲ့၊ အဲ့ဒီအချိန်က ဂျပန်လူမျိုးတွေရဲ့နှလုံးသားကို တုန်လှုပ်သွားစေပြီး Masamune ရဲ့နာမည်ဟာ တစ်ပြိုင်နက်တည်း ကျော်ကြားလာပါတယ်။

ဒီအကြောင်းကို တကယ်ဟုတ်မဟုတ်မသေချာဘူးလို့ ပြောခဲ့ပေမဲ့၊ Masamune ဆိုတဲ့ ပန်းပဲဖိုရှိခဲ့တဲ့အကြောင်းအရာနဲ့၊ သူ့ရဲ့နာမည်ကြီးဓား Masamune စီးရီးရှိတာတော့ အမှန်တကယ်ပါ။
Masamune ဓားစီးရီးဟာ နိုင်ငံတော်ရဲ့ အဖိုးတန်ရတနာဖြစ်ပါတယ်။
၎င်းရဲ့ပုံစံတွေကို ကြည့်ရအောင်

中務正宗(なかつかさまさむね) “ နခဆုခဆ မဆမုနဲ”

Tokugawa မိသားစုမှာ အမှုထမ်းခဲ့တဲ့စစ်သူကြီးအဖြစ် လူအများသိကြတဲ့ 本多忠勝(ほんだ ただかつ)ကိုင်ခဲ့တဲ့ဓားလို့ပြောကြပါတယ်။
အရှည်မှာ ၆၇ စင်တီမီတာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ ရတနာအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။

日向正宗(ひゅうがまさむね) “ ဟရူးဂ မဆမုနဲ”

အနည်းငယ်တိုတဲ့ ဓားဖြစ်ပါတယ်။
၂၄.၈ စင်တီမီတာသာရှိပြီး၊ 水野日向守勝成(みずのゆうがのもり かつなり)ပိုင်ဆိုင်ခဲ့တဲ့ဓားလို့ ဆိုပါတယ်။
ဂျပန်ဓားမှာတော့ Hamon လို့ခေါ်တဲ့ထူးခြားတဲ့ အဆင်ပုံစံရှိပေမဲ့ Masamune စီးရီးရဲ့ Hamon က ပိုလို့ထူးခြားပါတယ်။ ဒါဟာလည်း တိုင်းပြည်ရဲ့ရတနာပါ။

 

石田正宗(いしだまさむね)  “ အိရှိဒ မဆမုနဲ”

ဂျပန်ဓားရဲ့ဈေးနှုန်းကိုတော့ မသိရပါဘူး။
တိုင်းပြည်ရတနာဖြစ်လို့ ထုတ်ရောင်းမယ့်ပုံလည်းမရပါဘူး။

သေချာတာကတော့ Masamune ဟာ သူ့ရဲ့ကျွမ်းကျင်မှုကို စေ့စေ့စပ်စပ်နဲ့ အားထုတ်ကြိုးပမ်းခဲ့ပါတယ်။

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: