ချစ်စရာကောင်းတဲ့ ဘူတာလေး

ဂျပန်တစ်နိုင်ငံလုံးကို ရထားလမ်းတွေနဲ့ချိတ်ဆက်ထားတဲ့အတွက်၊ ဘူတာတွေလည်း အများကြီးရှိပါတယ်။

ဂျပန်တစ်နိုင်ငံလုံးမှာ ဘူတာပေါင်း ၉၅၁၀ဘူတာင်ရှိပါတယ်။

ရထားဘူတာတွေ ဒီလောက်များနေတော့၊ အားလုံးကိုမှတ်မိဖို့ဆိုတာ မလွယ်ကူပါဘူး။

အဲဒီအထဲမှာ၊ အလွယ်တကူမှတ်မိနိုင်တဲ့ဘူတာတွေ ရှိပါတယ်။

အိုအိတခရိုင်မှာ ရှိတဲ့ဘူတာလေး။

https://twitter.com/hashtag/臼杵駅?src=hash

ဖြတ်သွားတဲ့အချိန်မှာ ပြန်လှည့်ကြည့်ရလောက်အောင် တခြားဘူတာနံမည်တွေနဲ့မတူညီတဲ့ စိတ်ခံစားချက်ကိုပေးတဲ့ ဘူတာဆိုင်းဘုတ်ပဲဖြစ်ပါတယ်။

အသည်းပုံလေးကို ‘ဆုခိ’ အသံထွက်ပြီး၊ အုဆုခိလို့ဖတ်ပါတယ်။

တကယ်ကို ချစ်စရာကောင်းတဲ့ ဆိုင်းဘုတ်လေးပါ။

ဓာတ်ပုံရိုက်ဖို့ တကူးတကသွားရလောက်အောင်ကို ချစ်စရာကောင်းတဲ့ ဆိုင်းဘုတ်လေး။

ဒီဆိုင်းဘုတ်ရဲ့ရှေ့မှာ ချစ်သူနှစ်ယောက်တွဲပြီး ဓာတ်ပုံရိုက်ရင် အချစ်တွေအကြာကြီး ခိုင်မြဲတယ်၊ ဒီဆိုင်းဘုတ်ရဲ့ရှေ့မှာ ချစ်ခွင့်ပန်ရင် သေချာပေါက်အောင်မြင်တယ်ဆိုတာမျိုးတွေတော့ မကြားရသေးပေမဲ့၊ သိပ်မကြာခင်မှာပဲ အဲလို ပုံပြင်လေးတွေ ထွက်ပေါ်လ နိုင်တယ်နော်။

ဒီဘူတာလေးကို အရင်ကတည်းက တစ်ရက်ကို လူဦးရေရ၀၀လောက်ပဲအသုံးပြုတာမလို့၊ အထီးကျန်နေတဲ့ဘူတာလေးလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့၊ ဒီဘူတာဆိုင်းဘုတ်လေးရဲ့ဆွဲဆောင်မှုကြောင့် လူတွေဘယ်လောက်ထပ်လာမလဲဆိုတာ ရင်ခုန်စရာပဲနော်။

အကောင်းဆုံးအစားအစာတွေနဲ့ အလှဆုံးရှုခင်းတွေကို ခံစားကြည့်ဖို့အတွက် အိနဲမြို့ကို အလည်သွားကြရအောင်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: