နွေးထွေးမှုတွေအပြည့်နဲ့ စားသောက်ဆိုင်လေး

တိုကျိုမြို့ရဲ့ ရှင်းဂျူ့ခုမှာ အံ့သြစရာကောင်းလောက်အောင် စျေးသက်သာတဲ့စားသောက်ဆိုင် တစ်ဆိုင်ရှိပါတယ်။

https://www.hotpepper.jp/mesitsu/entry/maiko-kudou/16-00319

 

ဝင်ရမှာခက်သားလို့ ထင်တဲ့သူတွေလည်း ရှိလိမ့်မယ်ထင်ပါတယ်။

အဲ့ဒီဆိုင်ကို တိုကျိုမြို့ရဲ့ စျေးအပေါဆုံးနဲ့ အသက်သာဆုံးဆိုင်အဖြစ် သတ်မှတ်လို့တောင်ရပါတယ်။

Daily set meal ဆိုရင်တော့ ၂၈၈ ယန်း သာကျသင့်ပြီးတော့ အောက်ကပုံလေးအတိုင်း ဖြစ်ပါတယ်။ set ဆိုတော့ ထမင်းလည်းပါမှာပေါ့နော်။

 

https://cdn-ak.f.st-hatena.com/images/fotolife/M/Meshi2_IB/20161024/20161024125918.jpg

 

စပါကတီ ဆိုရင် ယန်း ၈၀ ထဲပါ။

 

https://www.hotpepper.jp/mesitsu/entry/maiko-kudou/16-00319

 

နောက်တစ်ခုက ဒီဆိုင်းဘုတ်အကြောင်းပါ။

 

https://www.hotpepper.jp/mesitsu/entry/maiko-kudou/16-00319

ယန်း ၃၀၀၀ ထက်ပိုပြီးစားတဲ့သူက ယန်း ၃၀၀၀ ပဲရှင်းစရာလိုပါတယ်။

အဲ့ဒီစျေးသက်သာတဲ့စားသောက်ဆိုင်က စျေးသက်သက်သာသာနဲ့ ရောင်းဖို့အတွက် စျေးပေါတာတွေ၊ မကောင်းတဲ့ပစ္စည်းတွေကို လုံးဝမသုံးထားပါဘူး ။

စားသောက်ကုန်ကြမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း စိတ်ချရတာတွေကိုပဲ အသုံးပြုထားပါတယ်။

လာရောက်စားသောက်တဲ့သူတွေကို မိမိတို့ရဲ့ဆိုင်အကြောင်းကိုရှင်းပြပြီးတော့ ပူးပေါင်းဆောင်ရွက်တာကိုလက်ခံပြီး အဲ့ဒီစျေးနှုန်းနဲ့ရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

နောက်တစ်ခုက ဒီဆိုင်မှာလာစားတဲ့ ကလေးတွေဆိုရင် free ဆိုတာကို စတင်ခဲ့ပါတယ်။

 

ကလေးတွေက အကြောင်းပြချက်အမျိုးမျိုးကြောင့် မစားမဖြစ်စားရတော့မယ်ဆိုရင် ဒီဆိုင်မှာအခမဲ့ သွားစားလို့ရပါတယ်။

ဆိုင်ရှင်ဖြစ်တဲ့ 天野さん အမနိုစံက မိဘမဲ့အနေနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။

ဗိုက်အဆာလွန်ပြီး အစာအိမ်နာခဲ့ရတဲ့အချိန်တွေလည်းအများကြီးရှိခဲ့တာကြောင့် အဲ့ဒီလိုနာကျင်ခဲ့ရတာကို အမှတ်ရပြီး ကလေးတွေအတွက် ပြုလုပ်ထားတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက ဗိုက်ဟောင်းလောင်းနဲ့ အစာအိမ်အောင့်နေတဲ့အခါမှာဆိုရင် ဘာမှဆက်ပြီးမလုပ်နိုင်တော့ပါဘူး။

ဘယ်လိုပဲဖြစ်နေနေ ဗိုက်မပြည့်ဘူးဆိုရင် တခြားအရာတွေ ဘာမှစဥ်းစားလို့မထွက်ဘူးမလား ?

ဆိုပြီးတော့ အမနိုစံက ပြောခဲ့ပါတယ်။

https://cdn-ak.f.st-hatena.com/images/fotolife/M/Meshi2_IB/20161024/20161024132634.jpg

ဆိုင်မှာ သူ့ရဲ့ဆောင်ပုဒ်လေးတစ်ခုကို ရေးထားပါသေးတယ်။

စိုးရိမ်စရာတွေရှိရင် စားသာစား !!

 

ဝမ်းဗိုက်လေးပြည့်နေမှ တခြားအကြောင်းတွေကို စဥ်းစားလို့ရမယ်မလား ?

တချို့သူတွေလည်း ငယ်စဥ်တုန်းက ဆာလောင်ပြီးတော့ ဗိုက်အောင့်တာကို ကြုံဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီအတွက် ဒီဝန်ဆောင်မှုက နွေးထွေးတဲ့ဝန်ဆောင်မှုတစ်ခုလို့ မြင်မိပါတယ်။

တိုကျိုမြို့က အေးတိအေးစက်နဲ့လို့ ပြောကြပေမယ့် ဒီလိုနွေးထွေးတဲ့လူမျိုးတွေလည်း ကျန်ရှိနေပါသေးတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: