အဲဒိုခေတ်က အိုင်ဒေါတွေကို အားပေးမှု

ဂျပန်မှာ အိုင်ဒေါအိုတခု လို့ခေါ်တဲ့လူတွေရှိပါတယ်

အရမ်းကြိုက်တဲ့ အိုင်ဒေါကို အားပေးပြီး၊ CD ဝယ်တာ၊ ပွဲတွေသွားတာတွေရှိပြီး အိုင်ဒေါသုံးပြီးသား ပစ္စည်းကိုပြန်ဝယ်တာတောင်ရှိပါတယ်

ဘယ်လိုတွေလဲနော် အိုင်ဒေါအိုတခုတဲ့

ဆိုပြီးပြောတဲ့သူများမယ်ထင်ပါတယ်

ဒါပေမယ့် အဲဒိုခေတ်မှာတောင် ဒီလိုတွေရှိခဲ့ပါတယ်

အိုတခုဆာမူရိုင်း ဆိုပြီးများရှိခဲ့တာများလား

အဲဒိုခေတ်က အိုင်ဒေါတွေနဲ့ ဆက်ဆံရေးကို ကြည့်ကြည့်ရအောင်

အခုပြောပြမယ့်နေရာကတော့ ချယ လို့ခေါ်တဲ့ ဆိုင်လေးပါ

လက်ဖက်ရည်ဆိုင်တွေက Machiya လိုမျိုး လူသွားလူလာများတဲ့ နေရာတွေမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ ဆိုင်မျိုးပါ

အစားအသောက်ကောင်းတွေ အဆင့်မြင့်မြင့် ချပေးတဲ့ ဆိုင်ကနေ၊ အစားစားရှိပါတယ်

အဲ့ဒီအထဲမှာမှ မိန်းမလှလေးတွေကို Mizuchaya မှာ ဆိုင်းဘုတ်ကိုင်မိန်းမပျိုလေးဆိုပြီး ထားခဲ့တဲ့ပုံပါပဲ

Mizuchaya အကြောင်း အဓိကပြောချင်ပါတယ်

အခုခေတ်လိုဆိုရင် ကဖီးပေါ့နော်

မီနူးအသစ်က လုပ်ဖို့ခက်တော့ အခြားဆိုင်တွေနဲ့ မတူအောင် ဆိုင်းဘုတ်ကိုင်မိန်းမပျိုလေးတွေ ထားခဲ့ပါတယ်

 

ဆိုင်းဘုတ်ကိုင်မိန်းမပျိုလေးတွေက ဆိုင်အတွက် မျက်နှာတစ်ခုအနေနဲ့ လူကြိုက်များခဲ့ပါတယ်

ကောင်မလေးလှလှလေးရှိတဲ့ ဆိုင်ကိုသွားမယ့် ကောင်လေးတွေ တော်တော်ရှိခဲ့ပုံပါပဲ

 

အဲဒိုခေတ်တုန်းက အဲဒိုမှာ အမျိုးသမီးဦးရေက တော်တော်ကို နည်းခဲ့တာပါ

အဲဒိုမှာ နိုင်ငံတစ်ဝန်းကနေ အလုပ်နဲ့ အဝေးကိုစေလွှတ်ခံရတဲ့ ဆာမူရိုင်းတွေ များလာတာကြောင့် အမျိုးသားအရေအတွက်က ပိုများနေတာပါ

အဲ့ဒီတော့ အမျိုးသမီးကနည်းသွားတာပေါ့

 

ရည်းစားမရတဲ့ ကောင်လေးတွေ လာတတ်တဲ့ ကဖီး

ကောင်မလေးလှလှလေးတွေသုံးပြီး ဧည့်သည်လာအောင်လုပ်တဲ့ ဆိုင်

ယောကျ်ားတွေရဲ့ ပျော့ကွက်ကိုသုံးပြီး စီးပွားရှာတတ်တာကတော့ အခုခေတ်နဲ့ မခြားပါဘူး

 

Mizuchaya မှာ လက်ဖက်ရည်သောက်ရင်း ဒီမိန်းကလေးတွေနဲ့ စကားပြောနိုင်ပါတယ်

Chakumi Onna လို့ခေါ်ပြီး အခုခေတ်လိုဆို ဝိတ်တာမလေးတွေပေါ့

Maid-Cafe လို့ပြောလို့ရမယ်ထင်တယ်

 

အဲ့ဒီမိန်းကလေးတွေထဲကမှ ၃ယောက်က အဲဒို နံပါတ်၁ ဖြစ်ဖို့ ပြိုင်ဆိုင်ခဲ့ကြပါတယ်

သူတို့ထဲကတစ်ယောက်က အိုဆန်း လို့ခေါ်ပါတယ်

https://mag.japaaan.com/archives/166272/2

 

အုခိယို့ပန်းချီပါ ဆွဲထားခံရပြီး သူသုံးခဲ့တဲ့ တာဝါတွေ အသုံးအဆောင်တွေကိုပါ ရောင်းခဲ့ရတာပါ

အိုင်ဒေါပါပဲ

ပန်းချီနဲ့မဟုတ်ဘဲ ဓာတ်ပုံမြင်ချင်လိုက်တာ

 

အိုဆန်းဟာ ၁၇၇၀ခုနှစ်မှာ သူဌေးတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေး ၉ယောက်မွေးခဲ့ပါတယ်

၇၇နှစ်မှာ ဆုံးပါးသွားခဲ့တာပါ

အဲ့ဒီခေတ်တုန်းကဆိုရင် အသက်ရှည်တယ်ပေါ့နော်

အခုခေတ်လိုဆို အိုင်ဒေါအဖြစ်နဲ့ နာမည်ကြီးပြီး၊ IT လုပ်ငန်းရှင်သူဌေးနဲ့ လက်ထပ်သွားသလိုပေါ့နော်

 

တချို့လက်ဖက်ရည်ဆိုင်တွေက မကောင်းတာတွေလုပ်တာမျိုးရှိလို့ မဟုတ်မဟတ် ရောပြီးထင်ခံရတာမျိုးလည်း ရှိခဲ့ပါတယ်

ပြည့်တန်ဆာအိမ်လို အလုပ်မျိုးရှိတဲ့ Mizuchaya တွေမှာ ဧည့်သည်လာရင် လက်ကိုဆွဲပြီး ခေါ်သွားတတ်လို့ Hikitechaya လို့ခေါ်ကြပါတယ်

အဲ့ဒီခေတ်အစိုးရက ယိုရှိဝရ မှာပဲ လိင်ဝန်ဆောင်မှုအလုပ်တွေကို ခွင့်ပြုတာဖြစ်လို့ ဟန်ဆောင်ပြီး လက်ဖက်ရည်ဆိုင်အနေနဲ့ လုပ်ခဲ့ကြပုံပါပဲ

 

ယှဥ်ပြောရရင် Mizuchaya တွေက မိန်းကလေးတွေက လူ‌ကြိုက်များလို့ ပိုမြတ်ခဲ့ပုံပါပဲ

နှစ်၃၀၀ကျော်လာခဲ့ပေမယ့်လည်း ယောကျ်ားတွေရဲ့ ဦးနှောက်တည်ဆောက်ပုံကတော့ ပြောင်းလဲသွားပုံမရဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: