ဟော့ကိုင်းဒိုးရဲ့ သီးခြားလွတ်လပ်နယ်မြေအိပ်မက်။ လွန်ခဲ့သောနှစ် ၁၀၀ မတိုင်ခင်က ဂျပန်မှာဘာတွေဖြစ်ပျက်ခဲ့သလဲ?

ဂျပန်ဟာငြိမ်းချမ်းတဲ့ပုံရိပ်ရှိပေမဲ့ လွန်ခဲ့သောနှစ် ၁၀၀ မတိုင်ခင်က ဂျပန်ကိုနှစ်ခြမ်းကွဲသွားစေတဲ့ ကြီးမားတဲ့စစ်ပွဲတစ်ခုရှိခဲ့ပြီး၊ ထိုစစ်ပွဲဟာ ဟော့ကိုင်းဒိုး လွတ်လပ်ရေးမရခင်အထိ ရှိခဲ့တယ်ဆိုတာကို သိကြပါသလား?

ဆာမူရိုင်းခေတ်ကနေ တိုးတက်တဲ့ခေတ်ဆီသို့ ပြောင်းလဲသွားတဲ့ ခေတ်အချိုးအကွေ့တစ်ခု…
အဲ့ဒီလိုအထဲမှာဖြစ်သွားခဲ့တဲ့ သစ္စာရှိတဲ့အမျိုးသားတို့ရဲ့ တိုက်ပွဲကိုကြည့်လိုက်ပါတယ်။

ဒီအကြောင်းအရာရဲ့ဇာတ်လိုက်ကတော့ Takeaki Enomoto ဆိုသူ။
ဒီနေ့ခေတ်တိုကျိုနဲ့ပြောရရင် Ueno ဘူတာရဲ့အနီးအနားက Okachimachi မှာမွေးဖွားခဲ့တဲ့ ဆာမူရိုင်းရဲ့ ဒုတိယသားဖြစ်ပါတယ်။
ငယ်နာမည်မှာ 釜次郎ကာမာဂျီရို
စကားမစပ် အစ်ကိုအကြီးဆုံးရဲ့ ငယ်နာမည်ကတော့ 鍋太郎 Nabetaro ဖြစ်ပါတယ်။

လူတွေဟာ 鍋 ဟင်းအိုးနဲ့釜ထမင်းအိုးရှိမယ်ဆိုရင် ထမင်းစားနိုင်ပြီ။
ဒီလိုထူးဆန်းတဲ့အဖေရဲ့ နှစ်သစ်ကူးကိုအစွဲပြုပြီး နာမည်ပေးခဲ့တဲ့နာမည်တွေဖြစ်ပါတယ်။

Takeaki ဟာ အသက် ၁၂ နှစ်မှာ အင်္ဂလိပ်ဘာသာစကားကိုသင်ယူပြီး အသက် ၁၉ နှစ်လူငယ်အရွယ်မှာ ဟော့ကိုင်းဒိုးရဲ့ Hakodate မြို့ကိုရောက်ရှိလာခဲ့ပါတယ်။ 樺太Karafuto အခုတော့ ရုရှားရဲ့နယ်မြေဖြစ်နေတဲ့ Sakhalin မှာ ရှာဖွေရေးအတွက် တက်ကြွစွာပါဝင်ခဲ့တယ်။

ဒီအပြင်အစိုးရရဲ့တပ်မတော်သားအဖြစ် သူဟာနယ်သာလန်မှာ ၅ နှစ်ကြာ ပညာတော်သင်သွားခဲ့ပါတယ်။
စစ်ပွဲတွေကို မျက်ဝါးထင်ထင်လေ့လာခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ သင်္ဘောတည်ဆောက်ရေးအပါအဝင် သင်္ဘောနဲ့ပတ်သက်တဲ့အသိပညာတွေကိုတတ်ကျွမ်းလာပြီး၊ နယ်သာလန်မှာအသစ်ဆောက်လုပ်ထားတဲ့သင်္ဘောနဲ့ ဂျပန်ကိုပြန်လာခဲ့ပါတယ်။

ထိုအချိန်ကဆာမူရိုင်းခေတ်ဖြစ်နေပေမဲ့၊ ၎င်းခေတ်ရဲ့ရေတပ်ဦးစီးချုပ်အဖြစ် အပ်နှင်းခြင်းခံရပါတယ်။

Takeaki ဟာဒီလောက်အထိအဆင်ပြေနေခဲ့ပေမဲ့၊ အဲ့ဒီနောက်ပိုင်း ခေတ်သစ်ကိုပြောင်းလာတဲ့ရေစီးကြောင်းနဲ့အညီဂျပန်မှာ၊ 大政奉還 Taisei Hokan ဆိုတဲ့ တိုင်းပြည်ကိုအကြီးအကျယ် ပြောင်းလဲသွားစေမယ့်အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သွားခဲ့တယ်။

ဂျပန်မှာဧကရာဇ်မင်းက အမြဲထိပ်ဆုံးမှာရှိတဲ့နိုင်ငံဖြစ်ပေမဲ့၊ ဧကရာဇ်မင်းရဲ့လွှဲအပ်ခြင်းခံရတဲ့ပုံစံနဲ့ Tokugawa မိသားစုဟာ အရွယ်ရောက်ပြီးသူတွေကိုပိုင်းခြားခဲ့တယ်။ နှစ်ပေါင်း ၂၆၀ ကြာညောင်းခဲ့တဲ့ ဒီခေတ်ကြီးပြီးဆုံးသွားပြီး၊ Tokugawa ဟာ အာဏာကိုဧကရာဇ်ထံ ပြန်ပေးအပ်ခဲ့တာက ဟောဒီ Taisei Hokan အဖြစ်အပျက်ပဲဖြစ်ပါတယ်။

ဒီအပြင် အစိုးရစစ်တပ်သစ်ဟာ ရှိုးဂန်းဟောင်း (Tokugawa မိသားစု) ကို လိုက်လံဖမ်းဆီးပါတယ်။
ကျိုတိုမှာတိုက်ပွဲဖြစ်ပြီး တစ်ဖြည်းဖြည်းအရှေ့ဘက်ကိုရောက်လာတယ်။
လူအများက အစိုးရသစ်ဘက်ကိုလိုက်သွားတဲ့အချိန် Takeaki ကတော့ ဆက်လက်တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။
အတူတိုက်ပွဲဝင်ခဲ့တာက ယနေ့ခေတ် Fukushima စီရင်စုဖြစ်တဲ့ Aizu လူမျိုးစုဖြစ်တယ်။
စာဖတ်သူတို့ထဲမှာတစ်ချို့လည်း 新撰組 Shinsengumi ဆိုတာကိုသိကြပါလိမ့်မယ်။

新撰組 Shinsengumi ဆိုတာ Tokugawa အစိုးရရဲအဖွဲ့အစည်းဖြစ်တယ်။
Tokugawa ကို ဖြုတ်ချမယ့်ရန်သူကို ကျိုတိုအနှံ့လိုက်လံရှာဖွေပြီးသတ်တဲ့ လူတွေဖြစ်ပါတယ်။

အားလုံးဟာသစ္စာရှိစွာနဲ့ Tokugawa မိသားစုအတွက် အစွန်းဆုံးထိ တိုက်ခိုက်သွားတဲ့လူတွေဖြစ်ပါတယ်။
အစိုးရဟောင်းကလုံးဝမှန်ကန်တယ်လို့ မပြောနိုင်သလို၊ အစိုးရသစ်ရဲ့လုပ်ရပ်တွေကလည်း လုံးဝမှန်တယ်လို့ မပြောနိုင်ဘဲ ဇဝေဇဝါဖြစ်ပါတယ်။

ဒါပေမဲ့ အင်အားချင်းအလွန်ကွာခြားနေတယ်။
ကျိုတိုကနေ Tohoku ဘက်ကို မောင်းထုတ်ခံရတယ်။

ဒီလိုနဲ့နောက်ဆုံးမှာတော့ ဟော့ကိုင်းဒိုးဘက်ကိုရောက်လာပါတယ်။
Takeaki နဲ့အပေါင်းအပါတွေဟာ ဟော့ကိုင်းဒိုးကို Republic of Ezo (虾夷共和国) အီဇိုသမ္မတနိုင်ငံ လို့အမည်ပေးပြီး၊ သီးခြားလွတ်လပ်မြေလို့ ကြွေးကြော်ခဲ့တယ်။
ထိုအချိန်က Ezo လို့ခေါ်ခဲ့ကြပြီးမှ ဟော့ကိုင်းဒိုး ဆိုတဲ့နာမည်ဖြစ်လာတာပါ။

Takeaki ဟာ မိမိအမှုထမ်းခဲ့တဲ့ Tokugawa မိသားစုရဲ့သွေးပါသူကို ခေါင်း‌ဆောင်အဖြစ်ဖိတ်ခေါ်ဖို့ စီစဥ်ထားခဲ့ပေမဲ့၊ ဒီအိပ်မက်မဖြစ်မြောက်ခင်မှာတင် Takeaki တစ်ယောက်အဖမ်းခံရပြီး ထောင်ကျသွားပါတယ်။

အဲ့ဒီနောက် လွှတ်ငြိမ်းချမ်းသာခွင့်ရပြီး အစိုးရသစ်ထံမှာအလုပ်ရရှိကာ၊ အသက် ၇၃ နှစ်မှာ ကွယ်လွန်သွားပါတော့တယ်။

ထိုအချိန်က ဟော့ကိုင်းဒိုး၊Hakodate မြို့ရှိ မြို့သူ/သားတွေအတွက် Takeaki ရဲ့လုပ်ရပ်ဟာ အမြဲတမ်းကောင်းတဲ့အရာလို့တော့ မပြောနိုင်ခဲ့ပါဘူး။
အကြောင်းက Takeaki တစ်ယောက် ဟော့ကိုင်းဒိုးကိုရောက်လာပြီး သီးခြားလွတ်လပ်နယ်မြေလို့ကြွေးကြော်လိုက်လို့ စစ်ပွဲဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။

Takeaki ဟာ ဒုက္ခိတဖြစ်သွားတဲ့စစ်သားတွေကို ရေပူစမ်းမှာကုသပေးခဲ့တယ်လို့ ပြောစကားတွေကနေ 榎本町 Enomotocho လို့အမည်ပေးခံလိုက်ရတဲ့ ဟော့ကိုင်းဒိုးရဲ့မြို့ဟာ နာမည်ကျော်သွားပါတယ်။

အကယ်၍ (Republic of Ezo အီဇိုသမ္မတနိုင်ငံ)သာ တည်ထောင်ခဲ့မယ်ဆိုရင် ဘယ်လိုများဖြစ်နေမလဲ?
သမိုင်းအကြောင်းအရာထဲမှာ အကယ်၍ဆိုတဲ့စကားလုံးက အဓိပ္ပါယ်မရှိဘူးလို့ တစ်ချို့ပြောကြပေမဲ့၊ အီဇိုသမ္မတနိုင်ငံသာရှိခဲ့မယ်ဆို ခရီးသွားလုပ်ငန်းကိုဦးတည်တဲ့နိုင်ငံ ဖြစ်နေနိုင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: