အိမ်မပြောင်းချင်ဘူး။ ရထားတိုက်ခံရပြီး ၁၀ နှစ်အရွယ်ကောင်လေးသေဆုံး
ကျွန်တော်ကိုယ်တိုင်လည်း အသက် ၁၀ နှစ်အရွယ်ကအိမ်ပြောင်းရပြီး၊ ကျောင်းမပြောင်းချင်တာကိုပါ မှတ်မိနေပါတယ်။
ဘာမှန်းမသိတဲ့ပတ်ဝန်းကျင်အသစ်ကိုကြောက်နေတယ်။ ဒီခံစားချက်ကိုနားလည်ပါတယ်။
ဒီလိုပဲခံစားနေတဲ့ကလေးဟာ ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်။
၄ လပိုင်း ၁ ရက်နေ့ရဲ့ညနေ၊ တိုကျိုမြို့ Kita ရပ်ကွက်ရှိ ရထားသံလမ်းအတွင်းမှာ တစ်ယောက်တည်းလမ်းလျှောက်နေတဲ့ အသက် ၁၀ နှစ်ကောင်လေး ရထားတိုက်ခံရပြီး သေဆုံးသွားပါတယ်။
http://blog.livedoor.jp/dqnplus/archives/2007271.html
မတော်တဆမှုမဖြစ်ခင်တစ်ရက် ကောင်လေးရဲ့ဘဝမှာ ပြောင်းလဲမှုကြီးရှိခဲ့တယ်။
အဖေဖြစ်သူနဲ့ ၂ ယောက်တည်း Saitama စီရင်စုမှာနေထိုင်ခဲ့တဲ့ကောင်လေးဟာ ၃ လပိုင်း ၃၁ ရက်နေ့၊ Chiba စီရင်စု Ichihara မြို့ကို ပြောင်းရွေ့လာခဲ့တယ်။
ကောင်လေးဟာ အိမ်မပြောင်းချင်ဘူးလို့ပြောခဲ့ပုံရပါတယ်။ ဒါပေမဲ့ မိသားစုကိစ္စကြောင့် အိမ်မပြောင်းလို့မဖြစ်တဲ့အခြေအနေမှာရှိခဲ့ပါတယ်။
ကောင်လေးဟာ ညနေ ၆ နာခွဲလောက်မှာ ပြောင်းလာခဲ့တဲ့အိမ်ကနေထွက်လာပြီး ဒါကိုအနီးဆုံးဘူတာရဲ့ cctv ကင်မရာမှာတွေ့ခဲ့ရပါတယ်။
သူဟာတစ်ယောက်တည်း တိုကျိုဘက်ကိုသွားတဲ့ရထားကိုစီးတယ်။
အဲ့ဒီနောက်၊ 40km လောက်အကွာအဝေးရှိတဲ့ရထားသံလမ်းအတွင်း ဘာကြောင့်မှန်းမသိ တစ်ယောက်တည်းလမ်းလျှောက်နေရင်း ရထားရောက်လာပြီး သူ့ကိုတိုက်သွားခဲ့တာပဲဖြစ်ပါတယ်။
မတော်တဆမှုဖြစ်တဲ့အချိန် ကောင်လေးမှာ ယန်း 4,350 ရှာတွေ့ခဲ့ပါတယ်။
အိမ်ကငွေစုဗူးထဲကနေ ယန်း ၁ သောင်းတန်မရှိတော့တာကိုသိရတာကြောင့်၊ ကောင်လေးယူသွားပြီး သူနဲ့အတူတွေ့ရတဲ့ပိုက်ဆံဟာ သုံးပြီးလို့ကျန်ကြွင်းတဲ့ငွေပမာဏပဲလားလို့ ခန့်မှန်းရပါတယ်။
ကလေးဘဝမှာ အိမ်ပြောင်းခြင်း၊ နောက်ပြီးကျောင်းပြောင်းခြင်းဆိုတာ မကြုံဖူးသူအဖို့တော့ဒီခံစားချက်ကို နားလည်နိုင်မှာမဟုတ်ပေမဲ့ ကလေးတွေရဲ့စိတ်ထဲမှာတော့ အကြီးအကျယ်ဖိအားဖြစ်စေပါတယ်။
ကျွန်တော် အိမ်ပြောင်းခဲ့တုန်းက မူလတန်း ၅ နှစ်မြောက်ကျောင်းသားဘဝဖြစ်ပြီး၊ ပြောင်းရတဲ့နေရာက ရထားနဲ့ပြောရရင် ၅ ခုလောက်သာ ဝေးတဲ့နေရာလေးပါ…
ဒါပေမဲ့ ကလေးဆိုတော့ အရမ်းဝေးနေသလိုပဲ၊ ဒီအပြင်ကို အဲ့ဒီအချိန်က Email မပြောနဲ့ လက်ကိုင်ဖုန်းတောင်မရှိသေးတဲ့ ခေတ်ပေါ့….
စိတ်ပျက်လက်ပျက် ယောင်ချာချာဖြစ်နေပေမဲ့၊ နောက်တော့လည်းအဲ့ဒီနေရာမှာ သူငယ်ချင်းအသစ်တွေ ရသွားတာပါပဲ….
အိမ်မပြောင်းခင်က သူငယ်ချင်းတွေနဲ့တော့ အဆက်အသွယ်ပျက်သွားခဲ့ပေမဲ့၊ အသက် ၄၅ နှစ်ရောက်လာတော့ facebook မှာ ပြန်လည်ဆုံတွေ့ပြီး ခေါ်နိုင်ပြောနိုင်တာကြောင့်၊ ရင်းရင်းနှီးနှီး အတူsake သောက်ဖို့ အချိန်မရွေးဖိတ်ခေါ်နိုင်သွားပါတယ်။
အိမ်ပြောင်းရတဲ့အခါ စိတ်ဖိစီးမှုများစွာကြုံရတယ်ဆိုတာ ကျွန်တော်လုံးဝနားလည်တယ်။ ဒါပေမဲ့ အဆိုးတွေချည်းပဲတော့မဟုတ်သလို…
ယနေ့ခတ်က အင်တာနက်ရှိနေလို့လည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်ပြတ်စရာမလိုတော့ပါဘူး…..။
လူကြီးတွေက ကလေးတွေရဲ့ခံစားချက်ကိုခန့်မှန်းမိပြီ၊ အတူစကားပြောပေးမယ်ဆိုရင်တော့ ဒီလိုကိစ္စတွေဖြစ်လာမှာမဟုတ်ဘူးလို့ ထင်ပါတယ်…..
ကလေးတန်မဲ့စိုးရိမ်ပူမှုတွေပွေ့ပိုက်ရင်း တစ်ယောက်တည်းရထားကိုစီး၊ နောက်ပြီး ဘာလုပ်ရမှန်းမသိဘဲ လမ်းလျှောက်နေခဲ့တာပဲမဟုတ်လား?
ကောင်လေး ဘာတွေပူပန်နေသလဲဆိုတာတွေးကြည့်ရင် ရင်ဘက်တွေနာကျင်လာမိပါတယ်…
Kengo Abe