ပြိုင်မြင်းတွေလိုခြေတံကမရှည် အပြေးကလည်းမမြန်ပေမဲ့ စွမ်းဆောင်ရည်ကအားကျစရာကောင်းတဲ့ ဟော့ကိုင်းဒိုးရဲ့ Banei မြင်းပြိုင်ပွဲ

မြင်းပြိုင်ပွဲလို့ပြောလိုက်ရင် ခြေတံရှည်ရှည် စင်းလုံးချောမြင်းတွေဟာ အစွမ်းကုန်ပြေးနေတဲ့ ဒီမြင်ကွင်းကိုအားလုံးပဲ ပုံဖော်မိကြမယ်လို့ထင်တယ်။


https://sports.yahoo.co.jp/column/detail/202007180001-spnavi

လှပတဲ့မြင်းပြိုင်ပွဲကွင်း၊ ဒီအပြင် ပွဲလာကြည့်တဲ့ ပရိသတ်တွေဝန်းရံနေတဲ့အလယ်မှာ ရှိသမျှအားအကုန်နဲ့ပြေးနေတဲ့ပုံစံဟာ တကယ့်ကိုလှပေမဲ့လည်း၊ ဒီမျိုးသန့်မြင်းအမျိုးအစားကတော့ ပြိုင်ပွဲဝင်မြင်းအဖြစ် လူသားတွေဖန်တီးထားတဲ့ မွေးမြူရေးမြင်းဖြစ်ပါတယ်။
တစ်နာရီကို ၅၀ ကနေ ၇၀ ကီလိုမီတာအထိပြေးနိုင်ကြပေမဲ့၊ သဘာဝမြင်းတွေတော့မဟုတ်ပါဘူး။

ဒီသာမန်ပြိုင်မြင်းတွေနဲ့မတူ ထူးခြားတဲ့မြင်းတွေကို ပြိုင်ပွဲကျင်းပပေးတဲ့နေရာရှိတယ်။
အဲ့ဒါကတော့ ဟော့ကိုင်းဒိုးရဲ့ Obihiro မြို့မှာကျင်းပလျှက်ရှိတဲ့ Banei မြင်းပြိုင်ပွဲပဲဖြစ်ပါတယ်။
ခုနပြောခဲ့တဲ့ မျိုးသန့်မြင်းတွေ ဝင်ပြိုင်မှာမဟုတ်ပါဘူး။
နောက်ပြီး ဟော့ကိုင်းဒိုးမှာမွေးတဲ့ “ 道産子Dosanko” ဆိုတဲ့ မြင်းပုမျိုးလည်း မပြိုင်ပါဘူး။
ပြိုင်ပွဲမှာပါဝင်တာကတော့ Banei မြင်းတွေချည်းသာဖြစ်ပါတယ်။

ပုံမှန်မျိုးသန့်မြင်းအလေးချိန်က ၄၅၀ ကနေ ၅၀၀ ကီလိုဂရမ်ရှိတာနဲ့ယှဉ်ရင် ဒီ Banei မြင်းတွေဟာ ၈၀၀ ကနေ ၁၂၀၀ ကီလိုဂရမ် အလေးချိန်ရှိကြတယ်။
ပြိုင်ပွဲရဲ့ပုံစံကလည်း လုံးဝကွဲပြားတယ်။


https://www.visit-hokkaido.jp/info/detail/86

ဂျော်ကီတွေက မြင်းပေါ်ကနေတက်စီးရမှာမဟုတ်ဘဲ စွတ်ဖားကိုစီးရမှာဖြစ်တယ်။
နောက်ပြီးစွတ်ဖာမှာတော့ အလေးချိန်ကိုတင်ထားတယ်။
ပြေးလမ်းကတော့ ထောင့်မရှိဘဲ တစ်ဖြောင့်တည်းကို မီတာ ၂၀၀ ဖြစ်ပါတယ်။

တောင့်တင်းတဲ့မြင်းကြီးက အလေးဝိတ်ရှိတဲ့စွတ်ဖာကိုဆွဲပြီး အစွမ်းကုန်ပြေးတဲ့ပုံစံကတော့ တကယ်အထင်ကြီးစရာပါပဲ။
သာမန်ပြိုင်မြင်းတွေနဲ့ လုံးဝမတူတဲ့ဆွဲဆောင်မှုရှိတဲ့ ပြိုင်ပွဲတစ်ခုပါ။

ဒီ Banei မြင်းတွေဟာ၊ မူလကပြင်သစ်အနောက်မြောက်ပိုင်း ဇာတိဖြစ်ပါတယ်။
စစ်ရေးနဲ့စိုက်ပျိုးရေးအတွက်ရည်ရွယ်ပြီး တင်သွင်းမှု များပြားလာခဲ့တယ်။
နောက်ပြီး ဒီမြင်းတွေကို ဟော့ကိုင်းဒိုးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အသုံးပြုခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေးက စက်ယန္တရားတွေနဲ့မလည်ပတ်နိုင်ခင်မှာ၊ ဒီလိုပုံစံနဲ့မြင်းတွေဟာ စိုက်ပျိုးရေးကိုအထောက်အကူပြုခဲ့ကြတယ်။
ဒီနေရာမှာလိုအပ်တာကတော့ အမြန်နှုန်းမဟုတ်ဘဲ၊ ခွန်အားနဲ့ခံနိုင်ရည်ရှိခြင်းပါပဲ။
ဒီအတွက် အံဝင်ကွင်ကျဖြစ်ခဲ့တာကတော့ Banei မြင်းတွေပါ။

ဟော့ကိုင်းဒိုးရဲ့ဆောင်းရာသီဟာ အသည်းခိုက်အောင်အေးပါတယ်။
အဲ့ဒီအချိန်မှာ မြင်းကနေရှုထုတ်လိုက်တဲ့လေကို အဖြူရောင်မြင်နေရတယ်။
ဒီအဖြူရောင်လေနဲ့ စွတ်ဖားရွေ့သွားမှုကြောင့်ထွက်လာတဲ့ဖုန်မှုန့်များ၊ နောက်ပြီး မြင်းကြီးတွေမှာချိတ်ဆွဲထားတဲ့ ဆည်းလည်းသံများဟာ ကြည့်နူးစရာပါ…

ဆုငွေကြေးကတော့ ဗဟိုမြင်းပြိုင်ပွဲနဲ့နှိုင်းယှဉ်ရင် အံ့သြစရာကောင်းလောက်အောင်နည်းသလို ပြိုင်ပွဲကွင်းအဆောက်အဦးလည်း လုံးဝမရှိပါဘူး။
ပွဲကြည့်ပရိသတ်အရေအတွက်နည်းသလိုပဲ တီဗီအစီအစဉ်ကနေ ဖော်ပြခြင်းလည်းမခံရပါဘူး။
ဒါပေမဲ့ ဒီစွမ်းအားကိုတော့ ဘယ်မှာမှတွေ့နိုင်မှာမဟုတ်ပါဘူး။

ဟော့ကိုင်းဒိုးကိုရောက်ဖြစ်ခဲ့ရင် သေချာပေါက် Obihiro မြို့မှာ ဒီ Banei မြင်းပြိုင်းပွဲကို သွားကြည့်ကြည့်ပါ။ လူတွေနဲ့အတူ ဟော့ကိုင်းဒိုးဒေသကိုဖွံ့ဖြိုးတိုးတက်စေခဲ့တဲ့ စွမ်းဆောင်ရည်ရှိမြင်းတွေရဲ့ တက်ကြွလှုပ်ရှားမှုကို မိတ်ဆက်ပေးလိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: