Hakodate Christmas Fantasy

နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ ဟော့ကိုင်းဒိုးမှာ ဆောင်းရာသီပွဲတွေ ကျင်းပလေ့ရှိပါတယ်
ဟော့ကိုင်းဒိုးရဲ့ ဆောင်းရာသီ ပထမဆုံး နှင်းကျသည့်အချိန်ကစပြီး ကျင်းပတာပဲဖြစ်ပါတယ်။ ချမ်းအေးတဲ့ ဆောင်းရာသီဟာ ခက်ခဲပင်ပန်းတယ်လို့ ခံစားရပေမယ့် ဒါတွေကတော့ အအေးဓာတ်ကို မေ့ပျောက်ပြီး တောက်ပတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားသလို ခံစားရစေမယ့် ပွဲတွေပါပဲ။
[Hokkaido] မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ နှင်းနှင့်ရေခဲပွဲတော်များ_Part(2)
ကိုရိုနာရောဂါ ကူးစက်ရောဂါများ ပြန့်ပွားမှု တားဆီးရေး အစီအမံများကို ဆောင်ရွက်ထားတဲ့၊ ယခုနှစ် ဆောင်းရာသီမှာ ဟော့ကိုင်းဒိုးမှာ ကျင်းပမယ့် ဆောင်းရာသီအစီအစဉ်တွေကို မိတ်ဆက်ပေးသွားပါမယ်။

Hakodate Christmas Fantasy

မြင်သူတိုင်းကို ပျော်ရွှင်စေတဲ့ “ ပင်လယ်ထဲမှာ မျောနေတဲ့ ခရစ္စမတ်သစ်ပင်”
“ Hakodate Christmas Fantasy” ကို ယခုနှစ်မှာလည်း ထပ်မံကျင်းပပါမယ်။ ညရောက်တဲ့အခါ အနီရောင်အုတ်ဂိုဒေါင်တွေရဲ့ အရှေ့မှာ အလွန်ကြီးမားတဲ့ ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်ပေါ်လာပါလိမ့်မယ်။
သစ်ပင်ကို အရောင်တောက်နေစေတဲ့ အလင်းရောင်တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို နွေးထွေးစွာ တောက်ပနေစေပါတယ်။
တစ်နေ့ကို သုံးကြိမ် (၁၈:၃၀၊ ၁၉:၃၀၊ ၂၀:၃၀)၊ တစ်ကြိမ်ကို ၁၅ မိနစ်ကြာ အနီရောင် “ Premium Red Tree” ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ 18:00 ဝန်းကျင်တွင် မီးရှူးမီးပန်းတွေနဲ့ ထိန်ထိန်လင်းနေတာကိုလည်း မြင်တွေ့ရပါဦးမယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: