ဟော့ကိုင်းဒိုးက ဆောင်းရာသီပွဲတော်များ

နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ ဟော့ကိုင်းဒိုးမှာ ဆောင်းရာသီပွဲတွေ ကျင်းပလေ့ရှိပါတယ်
ဟော့ကိုင်းဒိုးရဲ့ ဆောင်းရာသီ ပထမဆုံး နှင်းကျသည့်အချိန်ကစပြီး ကျင်းပတာပဲဖြစ်ပါတယ်။ ချမ်းအေးတဲ့ ဆောင်းရာသီဟာ ခက်ခဲပင်ပန်းတယ်လို့ ခံစားရပေမယ့် ဒါတွေကတော့ အအေးဓာတ်ကို မေ့ပျောက်ပြီး တောက်ပတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားသလို ခံစားရစေမယ့် ပွဲတွေပါပဲ။
[Hokkaido] မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ နှင်းနှင့်ရေခဲပွဲတော်များ_Part(1)
ကိုရိုနာရောဂါ ကူးစက်ရောဂါများ ပြန့်ပွားမှု တားဆီးရေး အစီအမံများကို ဆောင်ရွက်ထားတဲ့၊ ယခုနှစ် ဆောင်းရာသီမှာ ဟော့ကိုင်းဒိုးမှာ ကျင်းပမယ့် ဆောင်းရာသီအစီအစဉ်တွေကို မိတ်ဆက်ပေးသွားပါမယ်။
❄️Sapporo White Illumination❄️
ဆောင်းဦးရာသီမှာ ကျင်းပတဲ့ မီးရောင်စုံတောက်ပနေတဲ့ ပွဲတော်
Odori ပွဲတော်နေရာမှာ ရှိနေတဲ့ အရာအားလုံးကို ကိုယ်တိုင်ထုတ်လုပ်တဲ့ လျှပ်စစ်မီးနဲ့ ထွန်းညှိထားပြီး၊လောင်စာကိုလည်း အိမ်ထောင်စုတွေကနေ စုဆောင်းရရှိတဲ့ ချက်ပြုတ်ဆီက ထွက်ရှိတဲ့ ဇီဝဒီဇယ်များကို အသုံးပြုထားပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ပွဲတော်ပဲဖြစ်ပါတယ်။
မြောက်မှတောင်ကို ဖြာထွက်နေတဲ့ Ekimae-dori လမ်းက အလင်းရောင်နဲံ အရှေ့မှ အနောက်ကို ဖြန့်ကျက်ထားတဲ့ Odori Park ရဲ့တောက်ပမှုစတဲ့ စိတ်ကူးယဉ်ရှုခင်းတွေကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: