Hoshino Resort Tomamu Ice Village

နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ ဟော့ကိုင်းဒိုးမှာ ဆောင်းရာသီပွဲတွေ ကျင်းပလေ့ရှိပါတယ်
ဟော့ကိုင်းဒိုးရဲ့ ဆောင်းရာသီ ပထမဆုံး နှင်းကျသည့်အချိန်ကစပြီး ကျင်းပတာပဲဖြစ်ပါတယ်။ ချမ်းအေးတဲ့ ဆောင်းရာသီဟာ ခက်ခဲပင်ပန်းတယ်လို့ ခံစားရပေမယ့် ဒါတွေကတော့ အအေးဓာတ်ကို မေ့ပျောက်ပြီး တောက်ပတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားသလို ခံစားရစေမယ့် ပွဲတွေပါပဲ။
[Hokkaido] မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ နှင်းနှင့်ရေခဲပွဲတော်များ_Part(4)
ကိုရိုနာရောဂါ ကူးစက်ရောဂါများ ပြန့်ပွားမှု တားဆီးရေး အစီအမံများကို ဆောင်ရွက်ထားတဲ့၊ ယခုနှစ် ဆောင်းရာသီမှာ ဟော့ကိုင်းဒိုးမှာ ကျင်းပမယ့် ဆောင်းရာသီအစီအစဉ်တွေကို မိတ်ဆက်ပေးသွားပါမယ်။
Hoshino Resort Tomamu Ice Village
-30°C ရှိတဲ့ကမ္ဘာငယ်လေး
Tomamu ဆောင်းရာသီညတွေမှာသာ တွေ့ရတဲ့ အံ့သြဖွယ်ကောင်းတဲ့ ရေခဲမြို့ “ Ice Village” ။
ရေခဲမြို့လေးရဲ့ လေထဲမှာ လမ်းလျှောက်နေရသလို ခံစားရစေနိုင်တဲ့ zipline ဟာ ဒီနှစ်မှာ ပိုမိုတိုးတက်ပြောင်းလဲလာပြီး မိသားစုတွေအတူတကွ ဆော့ကစားနိုင်အောင် လူနှစ်ယောက်အတွက် အထူးကြိုးကို တပ်ဆင်ပေးထားပါတယ်။
Hokkaido စတိုးဆိုင်ခွဲ “ Seicomart” နဲ့ ပူးပေါင်းထားတဲ့ “ Ice Seicomart” dome လည်းရှိနေမှာဖြစ်ပြီးတော့၊ ရေခဲကမ္ဘာရဲ့ ထူးခြားတဲ့ အချိုပွဲများနဲ့ “ချက်ချင်းအေးခဲသွားတဲ့ ကော့တေး” ကိုလည်း သောက်ကြည့်နိုင်မှာဖြစ်ပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: