တိုကျိုမြို့ရဲ့ ထူးဆန်းအံ့သြဖွယ် Ramen ၇ မျိုး !

စီးပွားရေးလုပ်ငန်းများအတွက်သူတို့ရဲ့တိုက်ပွဲက ကျွန်ုပ်တို့အတွက်တော့ ပျော်ရွှင်စရာကောင်းတဲ့အပြင် အရသာရှိရုံသာမက အံ့သြဖွယ်ရာတွေကကို ပေးလို့မဆုံးပါဘူး။ အဲဒီထဲမှာမှာ Ramen ဆိုင်တွေလည်းပါဝင်ပါတယ်။
Ramen ဆိုတာဘာလဲ?
Ramen ဆိုတာက အသား (သို့မဟုတ်) ငါးကိုအခြေခံထားတဲ့ ဟင်းရည်များပါ၀င်တဲ့ ခေါက်ဆွဲပြုတ်ဖြစ်ပြီး Topping အနေနဲ့ ဝက်သား (ဝက်သုံးထပ်သား)၊ ကြက်ဥပြုတ်၊ ကြက်သွန်မြိတ်နှင့် ရေညှိများပါဝင်တဲ့ အရသာရှိသည့် ပူပူနွေးနွေး ခေါက်ဆွဲပြုတ်ဖြစ်ပါတယ်။

https://spi-ra.jp/wp-content/uploads/2019/07/42192234_m-1-1080×720.jpg

Ramen ကိုဂျပန်လူမျိုးများစွာရဲ့ သက်တောင့်သက်သာရှိတဲ့ အစားအစာအဖြစ်သတ်မှတ်ကြပြီး ဂျပန်ရှိဒေသအသီးသီးရဲ့ဒေသထွက်အစားအစာများများနှင့်ချက်ပြုတ်ပြုလုပ်ထားတဲ့ Ramen များလည်းရှိပါတယ်။ ဥပမာအားဖြင့် Hokkaido ဒေသခံများက Miso Ramen၊ Kyushu မှာကတော့ tonkotsu (ဝက်သားဟင်းရည်) ramen စသည်ဖြင့် ဒေသထွက်အထူးနာမည်ကြီးတဲ့ Ramen တွေလည်းရှိပါတယ်။
Ramen စားသောက်ဆိုင်များတွေဟာ အများကြီးရှိတာကြောင့် အချို့စားဖိုမှူးများက ပိုမိုပြီး အဆင့်အတန်းမြင့်မားစေရန် သူတို့ရဲ့အရည်အချင်းများဖြင့် အသစ်အသစ်သောအရသာများပြုလုပ်ခဲ့ကြပါတယ်။ အကယ်၍ သင်က တိုကျိုသို့လာရောက်လည်ပတ်သူပရိသတ်တစ် ဦး ဖြစ်တော့ ဤဖန်တီးမှုများကို ကြိုးစားမြည်းစမ်းကြည့်စေချင်ပါတယ်။ ဒါနဲ့ တိုကျိုရောက်ရင် အဲဒီထဲကမှ မြည်းစမ်းကြည့်စေချင်တဲ့ ထူးဆန်းတဲ့ Ramen ၇ မျိုးက ဘာတွေလဲဆိုတော့ . . .

 

1. Matcha Ramen (လက်ဖက်စိမ်းခေါက်ဆွဲ)
တိုကျိုကိုရောက်ရင် ဂျပန်အစားအစာမှာ အနှစ်သက်ဆုံး အရသာနှစ်ခုကို ပေါင်းစပ်ပေးထားတဲ့ Matcha Ramen ကို မြည်းစမ်းကြည့်ပါနော်။ သူက သင့်ရဲ့ အစာစားချင်စိတ်ကို နှိုးဆွလှုံ့ဆော်ပေးမယ့် Mensho San Francisco ရဲ့ Matcha Ramen (လက်ဖက်စိမ်းခေါက်ဆွဲ)
ကြက်သားကိုအခြေခံထားတဲ့ ဟင်းရည်ကို စားဖိုမှူး Tomoharu Shono က miso၊ ဆား၊ soy sauce နှင့် tonkotsu ကဲ့သို့သောသာမန်ဟင်းရည်အရသာကိုမှ matcha လက်ဖက်စိမ်းကို ထပ်ပေါင်းထည့်လိုက်တဲ့အခါ ဆန်းသစ်တဲ့အရသာထွက်လာပြီး အရောင်တောက်တောက်ဖြစ်စေကာ မျက်စိကိုစိမ်းလန်းစိုပြေစေသည့်အစိမ်းရောင်ဖြင့် ဆန်းသစ်တဲ့အရသာကိုရအောင်လှည့်စားလိုက်တဲ့ Matcha Ramen ပေါ့။ သွားစားဖြစ်ရင်တော့ Instagram အတွက်ပုံတစ်ပုံရရန်မမေ့နဲ့နော်။

https://www.instagram.com/p/BlRht9mFUK5/media/?size=l

 

2. Coffee Ramen (ကော်ဖီခေါက်ဆွဲ)
ကော်ဖီနှင့်ပတ်သက်ပြီးစိတ်ဝင်စားသူများအားလုံးအတွက်! matcha ကဲ့သို့ပင် ကော်ဖီကိုအကြိုက်ဆုံးဆိုတဲ့သူတွေအတွက် တော့မြည်းစမ်းကြည့်သင့်တဲ့ Ramen ပါ။ တိုကျိုမြို့ရှိ အတော်အတန်တိတ်ဆိတ်တဲ့ နေရာမှာ လှပပြီးချစ်စရာကောင်းတဲ့ kissaten (ရိုးရာဂျပန်ကဖေး) Aroma မှာရရှိနိုင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ Vibe ကသင့်အားသက်တောင့်သက်သာဖြစ်စေရုံသာမက သူရဲ့ ဖန်တီးမှုဖြင့်စီစဉ်ထားတဲ့ ကော်ဖီ ramen က သင့်ကိုပြုံးပြနေမှာပါ။
ပြုံးနေတဲ့ ကြက်ဥ၊ Kamaboko (steamed ငါးကိတ်မုန့်)၊ ငှက်ပျောသီး၊ ကီဝီ၊ ဆလာမီနှင့်ရေခဲမုန့်နှစ်မျိုးလုံးကိုပြုံးပြုံးရွှင်စွာဖြင့်ပြသထားသည့်ပွဲတော်တစ်ခုပါပဲ။ ခေါက်ဆွဲနှင့်ဟင်းရည်နှစ်မျိုးလုံးကိုကော်ဖီဖြင့်ပြုလုပ်ပြီးမွှေးကြိုင်နေသောရနံ့တို့ကို ခံစားကြည့်စေချင်ပါတယ်။
အရသာရှိတဲ့ ကော်ဖီ ခေါက်ဆွဲ တစ်ပွဲကို ယန်း ၆၀၀ ပဲပြန်ပေးမှာပါ။

https://www.instagram.com/p/Bm-mOEpF27R/media/?size=l

 

3. Blue Ramen (အပြာရောင်ခေါက်ဆွဲ)
အစိမ်းရောင်နှင့်အညိုရောင် Ramen ပြီးတဲ့နောက်၊ တိုကျိုရှိ နောက်ထပ်ထူးဆန်းသော ramen ကတော့ အပြာရောင်Ramen ဖြစ်ပါတယ်။ အပြာရောင်ဟင်းလျာများသည် အစားအစာလောကတွင်ရှားပါးသော်လည်း Kipposhi မှ အပြာရောင် ramen ကတော့ သင့်အားဒီရှားပါးမှုကိုဖယ်ရှားပေးနိုင်ဖွယ်ရှိလို့ ဝမ်းမြောက်စွာကြိုဆိုနေမှာပါ။Kipposhi မှစားဖိုမှူးက သူ့ရဲ့ ဖောက်သည်များအား Hawaii ပင်လယ်အကြောင်းနှင့်ပတ်သတ်တဲ့အရာတစ်ခု ဖန်တီးလိုသောကြောင့် သူသည်အပြာရင့် Spirulina ဟုခေါ်သောသဘာဝပစ္စည်းဖြင့်ကိုထည့်သွင်းလိုက်ပါတယ်။
Blue spirulina တွင်အိုမင်းခြင်းနှင့် anti-oxidant ဂုဏ်သတ္တိများပါဝင်သည်ဟုဆိုထားရာ အပြာရောင် ramen က Instagram နှင့်မထိုက်တန်ရုံသာမက၊ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။
Kipposhi ရဲ့ အပြာရောင် ramen ကတော့ တစ်ပွဲကို ယန်း၉၀၀ ပါ။

https://www.instagram.com/p/Bjbs_fMFnFf/media/?size=l

 

4. Pineapple Ramen (နာနတ်သီး ခေါက်ဆွဲ)
Aroma ရဲ့ကော်ဖီ ramen မှာသုံးတဲ့ ငှက်ပျောသီးလိုပါပဲ။ သူဟာ သူ့ရဲ့ပန်းကန်ထဲမှာအသီးကိုစားဖို့နည်းလမ်းတစ်ခုကိုတွေ့သွားပါတယ်! နာနတ်သီးနှင့်ခေါက်ဆွဲသည်အတူတကွကောင်းမွန်လိမ့်မည်ဆိုတာ သင်ထင်မိမှာမဟုတ်ပါဘူး။သူတို့ရဲ့ အချက်အပြုတ်ဖန်တီးမှုကတော့ ရှယ်ပဲနော်။
ထိုနာနတ်သီး ramen မှာ chashu ၀က်သုံးထပ်သားနှင့် ရေညှိလည်းပါ၀င်ပါတယ်။ လန်းဆန်းတဲ့အပူပိုင်းဒေသနာနတ်သီးအရသာကတော့ အနည်းငယ်ငံတဲ့အရသာရှိ Ramanနှင့် ပေါင်းစပ်လိုက်တဲ့အခါ အလွန်ကောင်းမွန်သောအရသာရှိတဲ့ Pineapple Ramen ကို ရရှိစေပါတယ်။

https://d20aeo683mqd6t.cloudfront.net/images/imgs/000/038/191/original/8024914163_ec3f52d8e3_k.jpg?1583072155&d=750×750

 

5. Lemon Ramen ( သံပုရာခေါက်ဆွဲ)
Rinsuzu Shokudo ဤသံပုရာ ramen ကတော့ သံပုရာအချပ်အပြည့်နှင့်သင့်အာရုံကိုဆွဲယူပြီး ပုံမှာပြထားတဲ့အတိုင်း အလင်းရောင်ကိုသင်တွေ့ရမှာပါ။ အနံ့အရသာပြည့်စုံတဲ့ကြက်သားအခြေခံဟင်းရည်ကို သံပုရာ slice လေးတွေထည့်ထားတာပါ။
ပိုမိုကြီးမားသောအရာတစ်ခုခုကိုဖြည့်ရန်သင်ရှာဖွေပါက Rinsuzu Shokudo ရဲ့ Killer chicken tempura ကိုစမ်းကြည့်ပါ။ ၎င်းသည် ramen ရဲ့ လတ်ဆတ်သောသံပုရာရည်နှင့်အဆင်ပြေပါတယ်။ သံပုရာအချပ်များကိုပန်းကန်လုံးထဲအကြာကြီးမထားမိစေရန် သတိထားပါနော်။ ကြာသွားရင် ခါးတဲ့အရသာ ထွက်လာမှာမို့လို့ပါ။ ဒီသံပုရာအရသာရှိတဲ့ Ramen တစ်ပွဲကို ယန်း ၆၅၀ ပါ။

https://www.instagram.com/p/B0VRcTVBliS/media/?size=l

 

6. Pie Ramen
တိုကျိုမှစားဖိုမှူးများသည်လည်း ပြိုင်ဆိုင်မှုများကြားမှ ခွဲထွက်တဲ့ သမားရိုးကျမဟုတ်သောတင်ဆက်မှုတွေနှင့်လည်း စားသုံးသူများအတွက် ဖန်တီးပေးလေ့ရှိပါတယ်။
ဥပမာကောင်းတစ်ခုကတော့ Uma Tsukemen ပိုင်ဆိုင်တဲ့ဆိုင်ဖြစ်ပါတယ်။
Uma Tsukemen သည် ပြောင်နေသောဟင်းရည်ပန်းကန်မှာ ဟင်းရည်ထည့်သွင်းမည့်အစား ယခုလို အမြင်ဆန်းစေတဲ့ တည်ခင်းမှုမျိုးနဲ့ ပြုလုပ်ထားပါတယ်။
ဝက်သား၊ ပုစွန်၊ curry နှင့် miso အရသာလေးမျိုးရွေးချယ်နိုင်ပါတယ်။
သင်ခေါက်ဆွဲကိုစားပြီးတာနဲ့ဟင်းရည်ရဲ့အရသာကိုစုပ်ယူထားတဲ့ crispy pie ကိုစားရတာလည်း ပျော်စရာတစ်ခုပါပဲ။
Uma Tsukemen ရဲ့ pie ramen ကို ယန်း ၁၃၃၈ ဖြင့်ရောင်းချပါတယ်။

https://www.instagram.com/p/B1d7dr8nTYR/media/?size=l

 

7. Natto Ramen
ဂျပန်လို Natto လို့ နာမည်ရတဲ့ ကစော်ဖောက်ထားတဲ့ပဲပုပ်။
Natto သည်အနံ့ပြင်းထန်ဆိုပြီး လူသိများသော်လည်း Ramen Horiuchi ရဲ့ natto ramen ကတော့ ကြက်ဥနှင့် natto ကို အတူတကွရောနှောထားလို့ အဝါရောင်အလွှာတစ်ခုဖြစ်ပေါ်စေပြီး မြင်လိုက်တာနဲ့ အစာစားချင်စိတ်ကိုလှုံ့ဆော်ပေးမှာပါ။ဒီ natto ramen ကိုအပူ၊အအေး နှစ်မျိုးဖြင့်ထုတ်လုပ်ထားသဖြင့် ရာသီဥတုနှင့်အသင့်တော်ဆုံးကိုရွေးချယ်သုံးဆောင်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ shoyu (soy sauce) အခြေခံဟင်းချိုနှင့်ကြက်ဥ – natto အရောအနှောတို့သည်အလွန်ကောင်းမွန်တဲ့ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ တစ်ပွဲကို ယန်း790ဖြင့်ဝယ်ယူလို့ရပါတယ်။

https://www.instagram.com/p/B72dokIgWZg/media/?size=l

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: