ဂျပန်သမိုင်းကိုပြောင်းလဲစေခဲ့တဲ့ အစားအစာများ !!!!

ဆူရှီ၊ တန်ပူရာ၊ ဆာရှိမိ….
ဂျပန်အစားအစာဟာ ကမ္ဘာတစ်ဝှမ်းမှာကျယ်ပြန့်ပြီး လူအများကလည်းသဘောကျနှစ်ခြိုက်ကြပါတယ်။
ဒီဟာက လုံးဝကိုသီးခြားကိုယ်ပိုင်ဖြစ်လာတဲ့ဂျပန်လူမျိုးရဲ့ ယဥ်ကျေးမှုအစားအစာဖြစ်ပါတယ်။

အစားအစာရဲ့ယဥ်ကျေးမှုဖွံ့ဖြိုးလာတယ်ဆိုတာက အစားအစာမှာဆူညံပွတ်လောရိုက်တဲ့လူတွေရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ဒီလိုဟာချကျွေးစရာလား….!! စစ်ပွဲပဲ..!!

ဆိုတဲ့အကြောင်းအရာလည်းရှိခဲ့ပါတယ်။
အဲ့ဒီလိုသမိုင်းကိုပြောင်းလဲစေခဲ့တဲ့အစားအစာကို ကြည့်ရအောင်..

သေခါနီးလေးမှာကျန်းမာရေးကိုကရုစိုက်သွားတယ်

https://beewing.jp/_item/島根県産西条柿%E3%80%80干し柿【4個入】/8018/

ဆာမူရိုင်းခေတ်မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးရဲ့ နောက်ဆုံးစစ်ပွဲကတော့ 関ヶ原の戦い Battle of Sekigahara ဖြစ်ပါတယ်။
ဒီနေရာမှာ Mitsunari Ishida ဆာမူရိုင်းဟာ ရန်သူထံကစစ်ရှုံးပြီး ကွပ်မျက်ရာနေရာသို့ခေါ်ဆောင်သွားခြင်းခံရပါတယ်။
ရေဆာတာကြောင့် ရေကိုတောင်းခဲ့ပေမဲ့ ကိုယ်ရံတော်ဆာမူရိုင်းမှာလည်းရေပါမလာပါဘူး။
ဒါဆို ဒီဟာလည်းဘယ်လိုလဲ? ဆိုပြီး တည်သီးအခြောက်ကိုပေးလိုက်တဲ့အချိန်

တည်သီးခြောက်က လည်ချောင်းအတွက်မကောင်းလို့မယူဘူး !!

ဆိုပြီးငြင်းခဲ့ပါတယ်။
‌ရေဆာနေပါတယ်ဆိုမှ တည်သီးခြောက်လာကျွေးတယ်ဆိုတာကလည်း တော်တော်ကိုဆိုးဝါးပါတယ် ..
ဒါပေမဲ့ Ishida စံ…. ခင်ဗျားအသတ်ခံရတော့မှာလေ…
လည်ချောင်းအတွက် ကရုစိုက်နေအုံးမှာလာ?

 

လက်ဆောင်ပေးအပ်ခြင်းခံရတဲ့ ဝေလငါး…

https://toyokeizai.net/articles/-/152355

ဆင်းရဲလှတဲ့လယ်သမားသားဘဝကနေ ဆာမူရိုင်းတစ်ယောက်ဖြစ်လာပြီး ဂျပန်မှာနံပါတ်တစ်နေရာရောက်လာတဲ့ 豊臣秀吉 Hideyoshi Toyotomi
ရှားပါးပစ္စည်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုမှ အရမ်းကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။
အဲ့ဒီလိုသူ့အတွက် Shikoku အရပ်ကဆာမူရိုင်းတစ်ယောက်လက်ဆောင်ပေးခဲ့တာကတော့ ဝေလငါးတစ်ကောင်းလုံးဖြစ်ပါတယ်။
ရှားပါးတဲ့အရာကို စားနိုင်တယ်ဆိုတော့ ဒါဟာတော်တော်လေးအာဏာရှိခဲ့တာပဲနော်…..

စစ်ဖြစ်စေခဲ့တဲ့ဟင်းလျာ

https://takuhai.daichi-m.co.jp/Goodsdetail/13102223

鮒寿司(ふなずし)Funazushi ဟာ စစ်ပွဲရဲ့အဓိကအကြောင်းအရင်းလို့ဆိုပါတယ်။
Funazushi ဆိုတာဟာ တရုတ်နိုင်ငံကနေရောက်လာတဲ့ဟင်းလျာဖြစ်ပြီး ဆူရှီရဲ့မူလပုံစံလို့လည်းပြောကြပါတယ်.
crucian carp ဆိုတဲ့ ရေချိုငါးကို ဆားနဲ့နှယ်ပြီးတဲ့အခါ စည်ပိုင်းထဲမှာချက်ပြီးသားထမင်းတွေနဲ့အတူထည့်သိပ်ပြီး သဘာဝအတိုင်းအချဥ်ဖောက်ပါတယ်။
အတော်လေးစူးရှတဲ့အနံ့ရှိပါတယ်။

ဂုဏ်ပြုပါတီရဲ့ဟင်းလျာအဖြစ် ဒါကိုချကျွေးလိုက်တဲ့အခါမှာတော့ 織田信長 Oda Nobunaga ဆိုတဲ့ပုဂ္ဂိုလ်ဟာအရမ်းစိတ်ဆိုးသွားပါတယ်။
ဟင်းလျာကိုရွေးချယ်ခဲ့တဲ့တာဝန်ရှိသူက 明智光秀 Akechi Mitsuhide ဆိုသူဖြစ်ပါတယ်။
ဒါနဲ့ပဲ Nobunaga ဟာသူကို

“ ပုပ်နေတဲ့အရာကို ချကျွေးရကောင်းလား !!” ဆိုပြီး အားလုံးရဲ့ရှေ့မှာ အရှက်ခွဲရိုက်နှက်ခဲ့ပါတယ်။

ဒါကို Akechi Mitsuhide တစ်ယောက်နာကြည်းကာ ပုန်ကန်မှုပြုပြီး၊ Nobunaga ကိုနောက်ဆုံးမှာ သတ်ပစ်လိုက်ပါတော့တယ်

နောက်ဆုံးတစ်ခုကတော့ တန်ပူရာ အကြောင်းပါ…

တန်ပူရာကိုကြိုက်တယ်!လို့ဆိုသူတွေ အများကြီးရှိမယ်မဟုတ်လား?
ပေါ်တူကီကနေ ဆင်းသက်လာတဲ့ချက်ပုံချက်နည်းတွေကို ဂျပန်စတိုင်းနဲ့ပြန်လည်ဖန်တီးခဲ့တာဖြစ်ပေမဲ့ ဒါကိုအရမ်းနှစ်သက်ခဲ့တဲ့လူရှိပါတယ်။

အဲ့ဒါကတော့ 徳川家康  Tokugawa Ieyasu ဆိုသူပဲဖြစ်ပါတယ်။
ဂျပန်ကိုပေါင်းစည်းစေခဲ့သူတစ်ဦးဖြစ်ပြီးတော့ သူ့ခေတ်သူ့အခါမှာတော့ နံပါတ် ၁ ဆာမူရိုင်းတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
သူဟာ အသက် ၇၅ နှစ်လောက်အသက်ရှည်ခဲ့ပေမဲ့ Sea bream tempuraကို အရမ်းကြိုက်ခဲ့ပါတယ်။ သို့သော် စားလိုက်တဲ့အကြိမ်တိုင်းမှာ ဗိုက်နာလာပါတယ်။
အသက်ကြီးတာကြောင့်ပဲလာ၊ အဲ့ဒီအချိန်ရဲ့လုပ်ပုံလုပ်နည်းနဲ့ ဆီရဲ့ပြဿနာကြောင့်ပဲလား?
ဒါပေမဲ့လည်း အရမ်းကြိုက်တာကြောင့်မရပ်နိုင်ဘဲ နောက်ဆုံးအချိန်ထိစားခဲ့တာကလည်း Sea bream tempura ပါပဲ….
ဒါနဲ့ပဲ စားပြီးတာနဲ့ချက်ချင်း နေမကောင်းဖြစ်လာကာ အဲ့ဒီအတိုင်းသာသေဆုံးသွားပါတော့တယ်…

Ieyasu သေဆုံးမှုရဲ့တရားခံကတော့ မဟုတ်မှလွဲရော Sea bream tempura ပါပဲ…….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: