ဂျပန်လူမျိုးတွေ Cup Noodles ကိုဒီလောက်တောင် ကြိုက်ကြတယ် !!!!!

Cup noodle စပြီးဖြစ်တည်လာတဲ့ ဘိုးဘေးဘီဘင်တိုင်းပြည်ကိုပြပါဆိုရင် ဂျပန်ပဲဖြစ်ပါတယ်။
Ramen ကတော့မူလကပင် တရုတ်ရဲ့ယဥ်ကျေးမှုအစားအစာဖြစ်ပေမဲ့ အခုချိန်မှာတော့ တရုတ်လူမျိုးတွေကို ဂျပန်မှာအလုပ်ချင်ဆုံးအချက် ၅ ချက်ပြောပါလို့မေးကြည့်ရင် ၅ ချက်ထဲမှာ “ Ramen စားချင်တယ်” ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်…
အဲ့ဒီလောက်အထိ ဂျပန်ရဲ့ယဥ်ကျေးမှု လိုဖြစ်လာခဲ့ပါတယ်။

နောက်ပြီး ကမ္ဘာမှာပထမဆုံး Instant noodles ကိုထုတ်လုပ်ခဲ့တာလည်း ဂျပန်ပါပဲ။ အဲ့ဒီနောက် Cup noodle ကိုပါ ဂျပန်ကပဲစလိုက်ပါတယ်။
အဲ့ဒီလို အဆင်လည်းပြေအရသာလည်းရှိမှုမှာ စိတ်တိုင်းမကျတဲ့လူဘယ်နှစ်ယောက်လောက်ရှိမလဲ?
ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးမှာပါ ထိုးဖောက်နိုင်ခဲ့တဲ့ Cup noodle…….

 

https://kakakumag.com/food/?id=11341

 

ဂျပန်လူမျိုးတွေက Cup noodle ကိုအရသာအမျိုးမျိုးနဲ့ ထုတ်လုပ်လာကြတာတင်မကသေးဘဲ၊ သူနဲ့ဆိုင်တဲ့ပစ္စည်းတွေပါထုတ်လုပ်လာကြပါတယ်။
Cup noodle ကိုသဘောကျကြောင်းပြောချင်တဲ့ ပစ္စည်းတွေကို ကြည့်ရအောင်…


https://kitchengoods-yanagiya.com/?page=product&prod=190

 

Cup noodle အမျိုးအစားတစ်ခုဖြစ်တဲ့ Nissin ကထုတ်တဲ့ဘူးရဲ့အဖုံးကို ပုံစံတူလုပ်ထားတဲ့ အဖုံးပဲဖြစ်ပါတယ်။
Cup noodle စားမယ့်အချိန် အဖုံးကိုနည်းငယ်ဟလိုက်ပြီး ရေနွေးလောင်းထည့်ကာအဖုံးပြန်ပိတ်ပေမဲ့၊ အဖုံးကပွင့်သွားတာပဲနော်..
သေသေချာချာလေးရေနွေးထဲမှာ ကျက်နေမှ အရသာရှိတာဖြစ်လို့ အဖုံးကအရေးကြီးဆုံးပါ။
ဒါကြောင့် ဒီလိုပစ္စည်းလေးကိုဖန်တီးလိုက်ပါတယ်

ချစ်စရာကောင်းတဲ့ဇာတ်ကောင်လေးတွေလည်းရှိတယ်။

Ironman က အဖုံးကိုဖိပေးထားတယ်။ စစ်မှန်တဲ့မိတ်ဆွေဆိုတာလည်း Ramen ပဲလို့ပြောချင်တာပါ။

 

https://hobby.watch.impress.co.jp/docs/news/1267547.html

ပိုပြီးရိုးရှင်းတာကတော့ ဒီမှာပါ…

https://item.rakuten.co.jp/livingut/4904705161652/

Cup Noodle အတွက်ပဲ ဒီဇိုင်းဆွဲထားတဲ့ Clip …
ခွက်နဲ့လိုက်ပြီး ဝိုက်သွားတဲ့နေရာက သဘောကျဖို့ကောင်းတယ်နော်….

 

 

ဒီလိုလေးလည်းချစ်ဖို့ကောင်းလိုက်တာ….

https://koncent.jp/?pid=17183954

 

timer လုပ်ထားတဲ့အဖုံးလေးလည်းရှိပါတယ်။

https://matome.naver.jp/odai/2149320516491599301

 

Cassette stove ပုံစံ timer


https://matome.naver.jp/odai/2149320516491599301

မီးဖွင့်ပြီး ခေါက်ဆွဲပြုတ်နေရတဲ့ ခံစားချက်မျိုးပဲနော်….

 

ခရင်းနဲ့ ဇွန်းကိုတွဲလိုက်တဲ့အခါမှာတော့…..

https://store.shopping.yahoo.co.jp/colorfulbox/4976790015899.html

ဒါက Cup noodle မဟုတ်ဘဲ၊ Sugakiya လို့ခေါ်တဲ့ ramen ကိုအခြေခံထားတဲ့ပုံစံပဲဖြစ်ပါတယ်။
ramen ကိုခရင်းနဲ့ soup ကိုတော့ ဇွန်းလေးနဲ့သောက်ပါ….

 

cup noodles ကို Mug ခွက်ကြီးနဲ့စားကြမယ် !!!!! …..

https://matome.naver.jp/odai/2149320516491599301

ရေနွေးထည်လာလို့ ဒါလေးနဲ့ဆိုအတော်ပဲနော်!!!!!…..

 

cup noodles ချစ်သူတွေက အစားအစာတွေအပြင်ကုန်ပစ္စည်းတွေမှာလည်း သုံးကြပြန်ပါတယ်။

Shampoo, conditioner, body soap

https://matome.naver.jp/odai/2144984411250432601

Curry အရသာ, soy sauce အရသာ, seafood အရသာ…..(လာထားပဲနော်..)
တစ်ခုချင်းစီမှာ ဘာတွေထည့်ထားမှန်းမသိတော့လို့ရှိရင်တော့ သုံးလို့အဆင်ပြေမှာတော့မဟုတ်ပါဘူး။

 

မှတ်စုစာအုပ်

 

 

http://premiya.jugem.jp/?eid=420

 

 

Cup noodle まんじゅう manju

https://ishinhome-okayama.jp/blog/6573

အရသာကတော့ ပုံမှန် manju အရသာလေးပါ..

 

ကားထဲမှာသုံးလို့ရတဲ့ Cup noodle holder

https://car.watch.impress.co.jp/img/car/docs/433/475/html/gt01.jpg.html

Cup noodle မစားသေးဘဲ အရှေ့ကိုပဲကြည့်ပြီးကားမောင်းစေချင်တယ်။

 

ပလတ်စတစ်မော်ဒယ်!!!!!

https://www.goodspress.jp/news/302259/2/

 

အရှေ့မှာလည်း ပြောပြခဲ့ပြီးပါပြီ။ 1/1 size (တစ်နည်းအားဖြင့် လူတစ်ရပ်ရှိတဲ့ ဆိုဒ်) ပလတ်စတစ်မော်ဒယ်!!!!!
ကောင်လေးရဲ့အိမ်သွားလည်တဲ့အခါ ဒါကြီးထောင်ထားတာမြင်ရင် သင်ဘယ်လိုခံစားမိမလဲ?….

ဂျပန်မှာ Instant noodles မွေးဖွားလာတာ 1958 ခုနှစ်ကပါ။
Cup noodles မွေးဖွားလာတာ 1971 ခုနှစ်ကပါ။

ဒီအချိန်တိုလေးအတွင်း ကမ္ဘာကိုတောင်ပြန့်နှံ့သွားပြီး ချစ်ခင်အားပေးမှုတွေရခဲ့တဲ့ Cup noodle….

မွေးဖွားလာတဲ့ဇာတိဖြစ်တဲ့ဂျပန်မှာတော့ နည်းနည်းပိုပြီးဆန်းကြယ်တဲ့ပုံစံမျိုးနဲ့ အချစ်ခံရတယ်ဆိုတာကို ပြောပြပေးချင်တာပဲဖြစ်ပါတယ်။
တကယ်ကို ဂျပန်လူမျိုးတွေက ချစ်တဲ့နေရာမှာလည်း နည်းနည်းထူးဆန်းကြတယ်နော်……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: